စက်တင်ဘာလ ၂၉ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ရသေ့တောင်မြို့နယ် စေတီပြင်ရွာအနီး စေတီတောင်က စစ်ကောင်စီစခန်းကို ရက္ခိုင့်တပ်တော်က တိုက် ခိုက်ခဲ့ပါတယ်။
၂။ မနွယ်သန္တာဝင်းအမှုမှာ ဖမ်းဆီးခံနေရတဲ့ ကိုမျိုးချစ်စိုးကို စက်တင်ဘာလ ၂၈ ရက်နေ့က ရုံးချိန်းမှာ ရုံးမထုတ်နိုင်ခဲ့လို့ မိခင်ဖြစ်သူက ပြောပါတယ်။
၃။ မြောက်ဦးမြို့မှာ ဖမ်းဆီးခံနေရတဲ့ ကိုရင်ဆို့ကို ရုံးထုတ်ခဲ့ပေမဲ့ တရားလိုမရောက်တဲ့အတွက် အမှုကို မစစ်ဆေးနိုင်ခဲ့တဲ့ သတင်းအပါအဝင်
၄။ စစ်တွေနဲ့သံတွဲမြို့နယ်က လူနေအိမ်တွေကို စစ်ကောင်စီတပ်က အင်အားသုံး ဖြိုဖျက်ခဲ့တဲ့ သတင်းနဲ့
၅။ ရခိုင်ပြည်မှာ စစ်ဘေးရှောင်ဒုက္ခသည် ဒုက္ခသည် ၇ သောင်းကျော်ရှိနေတယ်လို့ UNHCR က ထုတ်ပြန် ထားတဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့--- ကုန်းလမ်း၊ ရေလမ်းတွေကို စစ်ကောင်စီတပ်က ပိတ်ထားတဲ့အတွက် ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့ ပလက်ဝဒေသက အခြေအနေကို ပလက်၀ မြို့ခံတစ်ယောက်နဲ့ ဆက်သွယ် မေးမြန်းထားတာ ကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဉ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဉ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)