Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဒီဇင်ဘာလ ၁၄ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ - အနန်းကွင်းဗျူဟာ စခန်းသိမ်းတိုက်ပွဲ ၄ လကြာသည်အထိ ဆက်လက်ဖြစ်ပွားခဲ့တဲ့သတင်း နဲ့အတူ -ညောင်လေးပင်တွင် စစ်ကောင်စီတပ်စွဲထား၍ ဒေသခံများ နေရပ်မပြန်နိုင်တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို တင်ဆက်ပေးသွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ ဆီးရီးယားအာဏာရှင် ပြုတ်ကျသလို မြန်မာစစ်အာဏာရှင်ပြုတ်ကျရေး အလုပ်နဲ့သက်သေပြကြဖို့ NUG ယာယီသမ္မတ တိုက်တွန်းလိုက်တဲ့သတင်း ကို နားဆင်ရမှာပါ။ အပတ်စဉ်ကဏ္ဍအနေနဲ့ ဆရာ သန့်ဇော်(သန်လျင်)ရဲ့ ဘာတွေပြောမလဲ ဘာတွေမေးမလဲ Episode 15 အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    1 hr 1 min
  • ဒီဇင်ဘာလ ၁၄ ရက်၊ စနေနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ .....မြင်းခြံခရိုင်ရှိ လူ ၁၀၀ ​​ကျော်ကို စစ်​​ကောင်စီဖမ်းဆီးပြီး ငွေမပေးနိုင်သူတွေကို စစ်မှုထမ်းဖို့​ခေါ်​ဆောင်နေတယ်လို့ ဒေသခံတွေပြောတဲ့သတင်းနဲ့အတူပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် ပြုလုပ်ကြေး ၂၅ သိန်း ပေါက်စျေးရှိနေတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တွေကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ဒါ့အပြင် အပတ်စဉ်ကဏ္ဍဘက်မှာတော့ ဆက်သွယ်မေးမြန်းချက် အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    40 min
  • ဒီဇင်ဘာလ ၁၃ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဉ်

    - ပုလဲမြို့တွင် စစ်ရှောင် ၇,၀၀၀ ကျော်အတွက် အကူအညီလိုအပ်နေတဲ့အကြောင်း


    - မီတာခများတိုးမြင့်ကောက်သော်လည်း မီးပုံမှန်မလာ တဲ့သတင်း


    - ပြည်ပသို့ အထွေထွေလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ခွင့်ပြုမှု ရပ်တန့်ရန် စစ်ကောင်စီ စီစဥ် နေတဲ့သတင်း


    - တရုတ်နယ်စပ်၌ ထိန်းချုပ်ထားနိုင်သော နယ်စပ်ဂိတ်များကို KIA ပြန်ဖွင့်တဲ့သတင်း


    - စစ်ကောင်စီကို စစ်လက်နက်ရောင်းနေတဲ့ တရုတ်ကုမ္ပဏီ ၄ ခုကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုလုပ်နေတဲ့သတင်းနဲ့


    - စစ်ရေးလေ့ကျင့်မှု ပြီးဆုံးသွားတဲ့ တရုတ်သင်္ဘောတွေ ပြန်လှည့်သွားပြီလို့ ထိုင်ဝမ် ပြောလိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်းသတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။‌

    30 min
  • ဒီဇင်ဘာလ ၁၃ ရက်၊ သောကြာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီဇင်ဘာလ ၁၃ ရက်၊ သောကြာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ညမှာတော့ ..... KIO ဥက္ကဌနဲ့အဖွဲ့ တရုတ်ကို ဆွေးနွေးပွဲသွားရောက်နေစဉ် ကချင်နယ်စပ်ဂိတ်တွေပြန်ဖွင့်လိုက်တဲ့သတင်းနဲ့အတူ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီက အဆိပ်ငွေ့သုံးတိုက်ခိုက်ကြောင်း KNDF သက်သေနဲ့တကွ ထုတ်ပြန်လာတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့နဲ့ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တွေကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။ အပတ်စဉ်အစီအစဉ်ဘက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တောင်ပိုင်းစစ်ဒေသနဲ့ တခြားစစ်ဒေသတွေ ထောက်ပို့နေမှု အခြေအနေတွေနဲ့ပတ်သက်တဲ့ ဆက်သွယ်မေးမြန်းချက်ကိုထုတ်လွှင့်သွားမှာပါ။

    #Mizzimaradio

    #Eveningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm


    1 hr
  • ဒီဇင်ဘာလ ၁၃ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    ဒီဇင်ဘာလ ၁၃ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    ================

    -ရန်ကုန်မှာ စစ်ကောင်စီက ဧည့်စာရင်းတွေ ခပ်စိပ်စိပ် စစ်ဆေးနေတဲ့သတင်း

    -ဖလမ်းမြို့ကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းပစ်ကူဖြင့်ခုခံနေတဲ့သတင်း

    -ဇန်နဝါရီလကစပြီး ထိုင်းကို e-Visa လျှောက်ထားနိုင်မည်ဆိုတဲ့အကြောင်းနဲ့

    -ထိုင်းရေလုပ်သားတွေ နှစ်သစ်ကူးမှာပြန်လွတ်ဖို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ်ပြောလိုက်တဲ့သတင်း တွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။

    #12pmnews

    #Mizzimanewshour

    #MizzimaTV

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    10 min
  • ဒီဇင်ဘာလ ၁၃ ရက်နေ့ ၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ -ရေနံချောင်းမြို့နယ်တွင် ရဲ ၂ ဦး ပစ်သတ်ခံရတဲ့သတင်း နဲ့အတူ -စစ်ကိုင်းတိုင်းမှာ တစ်နှစ်ကျော်အတွင်း အရပ်သား ကိုးရာကျော် သေဆုံးတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ တရားမဝင်ကုန်စည်များ ပိုမို ဖမ်းဆီးပေးရန် ဒုစစ်ခေါင်းဆောင် အမိန့်ပေးတဲ့သတင်းကိုနားဆင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ကျန်းမာသုတ လူမူဘဝအစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    31 min
  • ဒီဇင်ဘာလ ၁၂ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    −မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတဲ့သတင်း


    −ရခိုင်စစ်ဘေးရှောင်တွေကို စစ်ကောင်စီက ငါးဖမ်းခွင့်ပိတ်ပင်ထားတာကြောင့် ရေလုပ်ငန်းလုပ်ကိုင်သူတွေ အခက်ကြုံနေကြတဲ့သတင်း


    −တရားမဝင်ကုန်စည်တွေ ပိုမို ဖမ်းဆီးပေးဖို့ ဒုစစ်ခေါင်းဆောင် အမိန့်ပေးတဲ့သတင်း


    −ဖာပွန်ဗျူဟာ မကျရေး ထိန်းထားပေးတဲ့ ကတိုင်တိစခန်းကြီးကို KNLA တိုက်ခိုက်နေတဲ့သတင်း


    −ရခိုင်ပြည်နယ်အတွင်း စစ်ရေးကြောင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေ မြန်မာ့ရေပိုင်နက်အနီး မသွားဖို့ သတိပေးတဲ့အကြောင်းနဲ့


    −ဘာသာရေးအဖွဲ့အားလုံးရဲ့ အခွင့်အရေးတွေကို အာမခံတယ်လို့ ဆီးရီးယားဝန်ကြီးချုပ်သစ် ပြောဆိုလိုက်တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးပါမယ်။

    27 min
  • ဒီဇင်ဘာလ ၁၂ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ -ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီက ငါးဖမ်းခွင့် ပိတ်ပင်လိုက်တဲ့သတင်း နဲ့အတူ -တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တောင်ငူလေတပ်စခန်းကို ရှော့ဒုံးဖြင့် တိုက်ခိုက်ဟုဆိုလိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ မြန်မာ့စီးပွားရေး ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ် သတိပေးလိုက်တဲ့သတင်း ကို နားဆင်ရမှာပါ။ နောက်ထပ် အပတ်စဉ် အနေနဲ့ ကျန်းမာသုတ လူမူဘဝအစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။

    56 min
  • ဒီဇင်ဘာလ ၁၂ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (မီဇိုး) ဘာသာ

    - တမူးမြို့ စော်ဘွားရပ်ကွက်မှာ လဝကနဲ့ အုပ်ချူပ်ရေးမှူးတို့က စစ်မှုထမ်းဖို့ လူငယ်များကိုလိုက်လံစုဆောင်းနေ


    - ဟားခါးမြို့အနီး ချွန်ကျုံးရွာကို စစ်ကောင်စီဗုံကြဲ၊ အသက်မပြည့်ကလေးတစ်ဦးအပါအဝင် မိသားစုဝင်၄ ဦးသေဆုံး


    - ဟားခါးအနီး Kiamtlang စခန်းကို ချင်းပြည်အစိုးရပူးပေါင်းတပ် ပြန်လက်လွတ်ရ


    - “အရှိန်အဟုန်မြှင့်တင် ကီမိုမြေတခွင်” ကျပ်သိန်း ၃၀၀၀ ကမ်ပိန်းတစ်လကျော်အထိ ၅.၃ရာခိုင်နှုန်းသာရရှိသေး

    12 min
  • ဒီဇင်ဘာလ ၁၂ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (တီးတိန်) ဘာသာ

    - ဟားခါးအနီး Kiamtlang စခန်းကို ချင်းပြည်အစိုးရပူးပေါင်းတပ် ပြန်လက်လွတ်ရ


    - မင်းတပ်မြို့အနောက်ရပ်ကွက် ၃မိုင်အနီးအနားအိမ်တွေကိုစစ်ကောင်စီက မီးပုလင်းများပစ်ပြီးမီးရှို့နေ


    - ကလေးမြို့မှ ချင်းတောင်သို့ ဆန်အိတ်များ သယ်ဆောင်ခွင့် ပိတ်ပင်မှု၃ လကျော်လာပြီ ဖြစ်သော်လည်း ဖြေလျော့ခြင်း မရှိသေးကြောင်းသိရ


    - ချွန်ကျုံးရွာ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ရှုတ်ချကြောင်း ချင်းပြည်(Chinland)အစိုးရထုတ်ပြန်

    11 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.