Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဒီဇင်ဘာလ ၁၂ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (ဟားခါး) ဘာသာ

    - ဟားခါးအနီး Kiamtlang စခန်းကို ချင်းပြည်အစိုးရပူးပေါင်းတပ် ပြန်လက်လွတ်ရစစ်ကောင်စီအင်အား ၂၀၀ ခန့်ဖြင့် လေကြောင်း၊ လက်နက်ကြီးပစ်ကူနှင့် တစ်ပတ်ကြာ ထိုးစစ်ဆင်ပြီးသိမ်းယူ


    - သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် တစ်သောင်းခွဲကျော် ပြည်သူ့ရင်ခွင်ခိုလုံ


    - စစ်ကောင်စီတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်လို့ စပါးရိုက်နေတဲ့ လယ်သမားတစ်ဦး‌သေ၊နှစ်ဦးဒဏ်ရာရ


    - မင်းတပ်မြို့အနောက်ရပ်ကွက် ၃ မိုင်အနီးအနား အိမ်တွေကို စစ်ကောင်စီက မီးပုလင်းများ ပစ်ပြီးမီးရှို့နေ

    10 min
  • ဒီဇင်ဘာလ ၁၂ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဉ်

    - လာမယ့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာမှာ လူသားချင်းစာနာမှုအကျပ်အတည်း အဆိုးဆုံးကြုံရမယ်လို့ IRC အဖွဲ့ ထုတ်ပြန်တဲ့သတင်း


    - မြန်မာ့စီးပွားရေး ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာ ခန့်မှန်းတဲ့အကြောင်း


    - စစ်ကောင်စီကို စစ်လက်နက်ရောင်းချတဲ့ တရုတ်ကုမ္ပဏီ ၄ ခုကို အမေရိကန်ဒဏ်ခတ်အရေးယူတဲ့သတင်းနဲ့


    - စစ်ခေါင်းဆောင်ကို ICC က ဖမ်း၀ရမ်းထုတ်လာပါက ဗြိတိန်နိုင်ငံနဲ့အတူ ICC အဖွဲ့ဝင် နိုင်ငံတွေက ဖမ်းဆီးပေးရေး ဗြိတိသျှအမတ်တွေ ပါလီမန်မှာ အဆိုတင်သွင်းတဲ့သတင်းအပါအဝင် အခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    10 min
  • ဒီဇင်ဘာလ ၁၂ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီဇင်ဘာလ ၁၂ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

     ဒီကနေ့မနက်မှာတော့ - စစ်ကောင်စီကို စစ်လက်နက်ရောင်းချတဲ့ တရုတ်ကုမ္ပဏီ ၄ ခုကို အမေရိကန်ဒဏ်ခတ်အရေးယူတဲ့သတင်းနဲ့အတူ ရန်ကုန်မှာ လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာနေပြီး ရေပြတ်တောက်မှုများပါ ကြုံနေရတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တွေကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အပတ်စဉ်ကဏ္ဏဘက်မှာတော့ “Women and Children’s Hour” အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Morningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    31 min
  • ဒီဇင်ဘာလ ၁၁ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    ဒီဇင်ဘာလ ၁၁ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ် 

    =================

    -အမေရိကန်နိုင်ငံခြားရေးဌာန လူ့အခွင့်အရေးဆု ချင်းလူ့အခွင့်အရေးလှုပ်ရှားသူရရှိတဲ့သတင်း

    -တောင်သာတွင် စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းမှတိုက်ခိုက်၍ အရပ်သားများ ထိခိုက်သေဆုံးနေတဲ့သတင်း

    -မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပြန်ဖွင့်တဲ့အကြောင်း

    -ဗန်းမော်မြို့တွင်း KIA ဝင်ရောက်နေရာယူတဲ့သတင်းနဲ့

    -အာဆတ်ကို ဖြုတ်ချခဲ့တဲ့ ဆီးရီးယားတော်လှန်ရေးအဖွဲ့တွေက ကြားဖြတ်အစိုးရခေါင်းဆောင်ကို ရွေးချယ်လိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်းသတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

    #mizzimatv 

    #7pmnews

    #mizzimaprimetime

    -----------------------------------------


    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    31 min
  • ဒီဇင်ဘာလ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီဇင်ဘာလ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ညမှာတော့ ..... ဗန်းမော်မြို့တွင်း KIA ဝင်ရောက်နေရာယူထားတဲ့သတင်းနဲ့အတူ မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေကို ကာကွယ်ပေးဖို့ တရုတ်အစိုးရ တောင်းဆိုတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက် တွေကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်အောင်ပွဲခံ ဆောင်းပါးကဏ္ဏနဲ့အတူ အပတ်စဉ်ကဏ္ဏမှာ “Women and Children’s Hour” အစီအစဉ်တို့ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Eveningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    1 hr
  • ဒီဇင်ဘာလ ၁၁ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    -စစ်​တွေနှင့်​ ကျောက်ဖြူတွင် စစ်​ကောင်စီ စစ်အင်အားတိုးချဲ့ကာ ခံစစ်အခိုင်အမာပြင်ဆင်နေတဲ့သတင်း


    -အဆိုတော် ဆောင်းဦးလှိုင် ဂျပန်တွင် ရန်ပုံငွေဂီတဖျော်ဖြေပွဲ ပြုလုပ်တဲ့အကြောင်း


    -ပရိသတ်များကို ဆဲဆိုခဲ့သည့် မြန်မာဘောလုံးအသင်းခေါင်းဆောင်ကို စစ်ဆေးအရေးယူမည် ဆိုတဲ့သတင်းနဲ့


    -မုံရွာ - မန္တလေးကားလမ်းမပေါ် ပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်၅ဦးနှင့်အရပ်သားသေဆုံးခဲ့တဲ့သတင်း တွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။

    13 min
  • ဒီဇင်ဘာလ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီဇင်ဘာလ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

     ဒီကနေ့မနက်မှာတော့ - AA ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့ကို စစ်ကောင်စီလေတပ် ဗုံးကြဲတာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးတဲ့သတင်းနဲ့အတူ လွှတ်ပေးမယ်လို့ပြောထားတဲ့ ထိုင်းရေလုပ်သားလေးဦးကို စစ်ကောင်စီကဆက်လက်ဖမ်းဆီးထားဆဲဖြစ်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တွေကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အပတ်စဉ်ကဏ္ဏမှာ Key to Health ကျန်းမာရေးအစီအစဉ်တို့ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Morningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm


    32 min
  • ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    ================

     

    -လုပ်ပိုင်ခွင့်ထက်ကျော်ကာ စည်းကမ်းဖောက်ဖျက်သည့် ပသုံးလုံးအဖွဲ့ဝင်အချို့ရှိဟု NUGပြော

    -လူ့အခွင့်အရေးချိုးဖောက်မှုများ အမြန်ဆုံးရပ်တန့်ရန် ICC ဖမ်းဝရမ်းထုတ်ဖို့ အချိန်ကျပြီဟု KHRW ပြော

    -ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ TNLA ထုတ်ပြန်ထားချိန်မှာ နောင်ချိုကို စစ်ကောင်စီအင်အားဖြည့်ပြီး လက်နက် ကြီးပစ်ခတ်

    -ပြည်ပရောက် မြန်မာအလုပ်သမားတွေ တရားဝင်ငွေလွှဲကြဖို့ စစ်ကောင်စီ ထပ်မံဖိအားပေး

    -စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးအပါ ၅၀၀ နီးပါး  ၁ နှစ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာဟု NUG ဆို

    -တေလာဆွိဖ်ဖျော်ဖြေရေးခရီး ဝင်ငွေအမြင့်ဆုံးအဖြစ် ဒေါ်လာသန်း ၂,၀၀၀ ကျော်ရရှိတဲ့အကြောင်း အပါအဝင် တခြားအရေကြီးသတင်းတွေနဲ့ ဒီနေ့အတွက် နောက်ဆုံးရ ကုန်ဈေးနှုန်းတွေကိုပါ စုစည်းတင်ဆက်ပေးသွားမှာပါ။

    #mizzimatv 

    #7pmnews

    #mizzimaprimetime

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm 

    30 min
  • ဒီဇင်ဘာလ ၁၀ ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီဇင်ဘာလ ၁၀ ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ညမှာတော့ ..... လုပ်ပိုင်ခွင့်ထက်ကျော်ကာ စည်းကမ်းဖောက်ဖျက်နေတဲ့ ပသုံးလုံးအဖွဲ့ဝင်အချို့ရှိနေကြောင်း NUGပြောတဲ့သတင်းနဲ့အတူ စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးအပါ ၅၀၀ နီးပါး တနှစ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တွေကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်အောင်ပွဲခံ ဆောင်းပါးကဏ္ဏမှာ "စီးပွားရေး ဦးမမော့နိုင်တာကို စစ်ခေါင်းဆောင်သိသွားပြီ" ဆိုတဲ့အကြောင်းဆောင်းပါးနဲ့အတူ အပတ်စဉ်ကဏ္ဏမှာ Key to Health ကျန်းမာရေးအစီအစဉ်တို့ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Eveningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    1 hr
  • ဒီဇင်ဘာလ ၁၀ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (တီးတိန်) ဘာသာ

    - ဟားခါး-ထန်တလန်ကြား အော်တိုတောင်စခန်းကို ချင်းပြည်အစိုးရတပ်သိမ်းပိုက်


    - မောင်တောမြို့ကို AA သိမ်းပိုက်ရရှိပြီး မြို့ကိုထိန်းချုပ်ထား


    - မီဇိုရမ်ပြည်နယ်၊ လောက်တလိုင်မြို့မှာ ချင်းစစ်ဘေးရှောင်တွေက မြို့တွင်းသန့်ရှင်းရေးအတွက်အမှိုက်ကောက် လှုပ်ရှားမှုပြုလုပ်

    7 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.