စက်တင်ဘာ ၂ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ မိုင်တိုင်အမှတ် ၄၀ နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော်က သိမ်းဆည်းလိုက်ပါတယ်
၂။ စစ်တွေမြို့က မနွယ်သန္တာဝင်းသေဆုံးမှုမှာ သံသယရှိသူကို ဖော်ထုတ်နိုင်ပြီ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်က ထုတ်ပြန်လိုက်ပါတယ်
၃။ မဒေးကျွန်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း ဖွဲ့စည်းလိုက်တဲ့သတင်းနဲ့
၄။ မနွယ်သန္တာဝင်း သေဆုံးမှုနဲ့ စစ်တွေမြို့မှာ ရဲတပ်ဖွဲ့ကဖမ်းဆီးထားတဲ့ သားဖြစ်သူနဲ့တွေ့ခွင့်ရဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်တဲ့ သတင်းအပါအဝင်
၅။ ပုဏ္ဏားကျွန်းမြို့နယ်မှာ မိုးကြိုးပစ်လို့ အမျိုးသမီးတယောက် သေဆုံးခဲ့တဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့-- ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ ညှိနှိုင်းရွီးဆွဲရေးအဖွဲ့ ANPCC က လူသားတွေလုံခြုံ ရေးဆိုင်ရာ အခြေခံမူနဲ့ အကြံပြုချက်ထုတ် ပြန်လိုက်တာနဲ့ ပတ်သတ်လို့ ဆက်သွယ် မေးမြန်းထားတာကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)