ဩဂုတ်လ ၃၁ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ခမောင်းဆိပ် ဗျူဟာကုန်းအနီးက ဗောဓိအလင်းပရဟိတ စာသင်ကျောင်းကို စစ်ကောင်စီတပ်က မီးရှို့ လိုက်ပါတယ်။
၂။ မြောက်ဦးမြို့မှာ လာရောက်ခိုလှုံနေတဲ့ ကင်းဆိပ်ရွားသားတွေမှာ စားဝတ်နေရေးအခက်အခဲ ဖြစ်နေပြီး
၃။ မိုင်းပေါက်ကွဲလို့ တရိန်းရွာသားတဦး ခြေထောက်မှာ ဒဏ်ရာရှိခဲ့ပါတယ်။
၄။လက်နက်ကြီးကျဉ် ကျရောက်တဲ့အတွက် မြန်မာသံအမတ်ကို ဘင်္ဂလာအစိုးရက ခေါ်ယူကန့်ကွက်ခဲ့တဲ့ သတင်းအပါအဝင်
၅။ ပလက်ဝနဲ့ ကျောက်တော်မြို့နယ်က လူပေါင်း (၂၀၀) ကျောက်တော်မြို့မှာ လာရောက်ခိုလှုံ နေကြတဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
ပိုင်းမှာတော့--- စစ်ကောင်စီတပ်က မြောက်ဦးမြို့နယ် ကင်းဆိပ်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ အပေါ် ဆက်သွယ်မေးမြန်းထားတဲ့ သဘောထား အမြင်တွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)