ဩဂုတ်လ ၃၀ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ကင်းဆိပ်ရွာသား (၃) ဦးသေဆုံးပြီ တချို့လည်း ဒဏ်ရာရရှိ ခဲ့ပါတယ်။
၂။ မြောက်ဦးမြို့က ဘုန်းကြီးကျောင်း(၂)ကျောင်းမှာလည်း လက်နက်ကြီးကျလို့ ကျောင်းထိုင်ဆရာတော် အပါအဝင် ကိုရင်တွေ ဒဏ်ရာရရှိခဲ့ပါတယ်။
၃။ စစ်ကောင်စီက အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာကို လက်တုန့်ပြန်သွားမယ်လို့ ရက္ခိုင့်တပ်တော်က ပြောဆိုလိုက်ပါတယ်။
၄။ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျဉ်ကျရောက်မှုကို ဘင်္ဂလာဘက်က ကန့်ကွက်မယ်လို့ ဆိုပါတယ်။
၅။ ရပ်ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကို ရက္ခိုင်အစည်းအရုံး(ဂျပန်)နဲ့ ရခိုင်ပြည် ကျောင်းသားသမဂ္ဂတို့က ကြေငြာချက်ထုတ် ရှုတ်ချလိုက်တဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့--- စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တဲ့ ကင်း ဆိပ်ရွားသားတဦးအပါအဝင် ပညာရောင်ခြည်ကျောင်းက ဦးပညာဏိန္ဒနဲ့ ဆက်သွယ်မေးမြန်းထားတာတွေကု ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)