ဩဂုတ်လ ၂၃ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ပလက်ဝမြို့မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် စခန်းတချို့ကို ရခိုင့်တပ်တော်က သိမ်းဆည်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂။ ရသေ့တောင်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ AA တို့ နှစ်ဘက်တပ်တွေကို ဆုတ်ခိုင်းရာက စစ်ရေး တင်းမာမှုဖြစ်နေပြီး
၃။ ဘူးသီတောင်မြို့နယ် ကျောင်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က စခန်းကို စွန့်ခွာသွားတဲ့ သတင်းနဲ့
၃။ မုန်တိုင်းငယ်ကြောင်းပျက်စီးခဲ့တဲ့ စာသင်ကျောင်းတွေနဲ့ အဆောက်အဦးတွေကို ပြုပြင်ဖို့လိုနေတယ်လို့ ဒေသခံတွေ လိုလားနေကြပါတယ်။
၄။ တောင်ကုတ်မြို့မှာ ကိုဗစ်ကာလအတွင်းက ကင်းလွှတ်ခွင့်ပေးခဲ့တဲ့ မီတာတွေကို လျှပ်စစ်ဌာနက ပြန်လို့ကောက်နေတဲ့ သတင်းတွေ ထုတ်လွှင့်သွားမှ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ -------- ရသေ့တောင်နဲ့ မောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်က လမ်းတွေကို ပိတ်ထားပြီး ရွားသားတွေကိုလည်း အပြင်ထွက်ခွင့်မရအောင် တားမြစ်ထားတာနဲ့ ပတ်သတ်လို့ ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးအောင်သောင်းရွှေနဲ့ ဆက်သွယ် မေးမြန်းထားတာကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဥ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)