ဩဂုတ်လ ၂၂ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ပလက်၀ မြို့နယ်မှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
၂။ ရခိုင်ပြည်က စစ်ကောင်စီတပ် ထောက်ပို့လမ်းတွေကို ရက္ခိုင့်တပ်တော်က ဖြတ်တောက်ထားတယ်လို့ ဒေသအတွင်း စစ်ရေးလေ့လာသူတွေက ပြောပါတယ်။
၃။ ကျောက်ဖြူမြို့နယ်မှာ အကောင်အထည်ဖော်နေတဲ့ ရေနက်ဆိပ်ကမ်းနဲ့ပတ်သတ်လို့ လူထုဆွေးနွေးပွဲ တခုလုပ်ဖို့ စီစဉ်နေပြီး
၄။ စစ်ကောင်စီက ဝန်ကြီးတွေကို အပြောင်းအလွဲလုပ်တာက ရခိုင်ပြည်အတွက် ထူးခြားမှုမရှိတဲ့အတွက် ရခိုင်ပြည်သူတွေ စိတ်ဝင်စားမှုမရှိဆိုတဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့-- စစ်ဘေးရှောင်တွေကို ကူညီဖို့အတွက် အလှူခံလို့ ရဲကခေါ်ယူ ဟန့်တားခံခဲ့ရတဲ့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းက ဥက္ကဌဖြစ်သူ ကိုလင်းလင်းနဲ့ ဆက်သွယ်မေးမြန်းထားတာကို ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဥ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)