ဩဂုတ်လ ၂၀ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ မောင်တော အငူမော်လမ်းကို ဖွင့်ပေးဖို့ မောင်တောမြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) ကတောင်းဆိုလိုက်ပါတယ်။
၂။ ပလက်ဝမြို့မှာ စက်သုံးဆီပြတ်နေတဲ့အတွက် တရက်ကို လျပ်စစ်မီး (၃) နာရီခန့်သာ ရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၃။ ရခိုင် လွှတ်တော်အမတ်တွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်နဲ့ နိုင်ငံရေး အဆင့်ရှိသူ (၉၀၀) ကျော်ကို စစ်ကောင်စီက နိုင်ငံရေးပင်စင်ငွေ ထုတ်ပီးလိုက်တဲ့ သတင်းနဲ့
၄။ ကျောက်တော် မဟာမုနိဘုရားအနီးမှာ ဖမ်းဆီးခံရသူ (၃)ဦး သေဆုံးသွားပြီလို့ သတင်းတွေ ထွက်ပေါ် နေတဲ့ အကြောင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့- - စစ်တွေမြို့မှာ မနွယ်သန္တာဝင်း သတ်ဖြတ်ခံရမှုကို အစိုးရဘက်က ကိုင်တွယ်မှု အပေါ် ရခိုင်အမျိုးသမီး အဖွဲ့အစည်းတွေ ဘယ်လို အမြင်မျိုးရှိလည်းဆိုတာ ဆက်သွယ် မေးမြန်းချက်တွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဥ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist...
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)