ဩဂုတ်လ ၁၉ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ရခိုင်ကမ်းရိုးတန်းမှာ မကြာမီ မုန်းတိုင်းတခုဖြစ်နိုင်တဲ့အတွက် အမြန်ရေယာဉ်လိုင်းတွေကို သြဂုတ်လ ၁၉ ရက်နေ့အထိ ရပ်နားထားပါတယ်။
၂။ မောင်တောမြို့နယ်က မူစလင်ရွာ (၄) ရွာကို စစ်ကောင်စီတပ်က ရွာအပြင်ထွက်ခွင့် တားဆီးထားပြီး
၃။ အသစ် ထပ်တိုးလာတဲ့ စစ်ရှောင်ဒုက္ခသည်တွေအတွက် စစ်တွေမြို့မှာ အလှူငွေ ကောက်ခံနေတဲ့ သတင်း အပါအဝင်
၄။ သံတွဲမြို့နယ် ဂျိတ္တောမှာ လီပြင်းတိုက်ခတ်လို့ အိမ် (၂)ဆောင်နဲ့ ငါးဖမ်းစက်လှေတစီး ပျက်စီးခဲ့ပြီး
၅။ ကျောက်တော်မြို့နယ်က ဖမ်းဆီးခံထားရသူ (၄)ဦးကို ရက်ပေါင်း (၂၀) နီးပါးကြာနေဖြစ်ပေမဲ့ အဆက်အသွယ်မရတဲ့အတွက် မိသားစုတွေက စိုးရိမ်နေကြတဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့- စစ်တွေမြို့မှာ သြဂုတ်လ (၁၅) ရက်နေ့က ဓါးထိုးဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတဲ့ မနွယ်သန္တာဝင်း မိခင် ဒေါ်အေးနုခင်နဲ့ တွေ့ဆုံမေးမြန်းထားတာကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဥ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist...
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)