Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဒီဇင်ဘာလ ၅ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (တီးတိန်) ဘာသာ

    - မင်းတပ်နှင့် ဖလမ်းတွင် ချင်းညီနောင်နှင့် စစ်ကောင်စီတို့ တလနီးပါးကြာတိုက်ပွဲများဆက်လက်ပြင်းထန်နေ။


    - ပုလဲမြို့ပေါ်ရှိ လဝက ရုံးမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၁ ဦးကို PDF တပ်ဖွဲ့ကအရှင်ဖမ်းဆီး။


    - ဗန်းမော်ရှိ ခလရ ၄၇ တပ်ရင်းဌာနချုပ်၏ ကာကင်းစခန်း ၂ ခုကို KIA နှင့် PDF မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဗန်းမော်နှင့်မံစီမြို့ရှိ စစ်တပ် စခန်းများအားလုံးကို ဝိုင်းဝန်း ပိတ်ဆို့၍ပြင်းပြင်း ထန်ထန် ထိုးစစ်ဆင်။

    8 min
  • ဒီဇင်ဘာလ ၅ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (ဟားခါး) ဘာသာ

    - ဖလမ်းမှာ စစ်ကောင်စီတပ်က ပေါင် ၁၀၀၀ ဗုံးသီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်


    - အရှိုချင်းဒေသ ဗျူဟာမြောက်စစ်ရှိန်မြှင့်နိုင်ရေး “တော်လှန်စစ်ချီ အရှိုချင်းဒေသများဆီ”ကမ်ပိန်းပြုလုပ်နေ


    - ကလေးမြို့သို့ စစ်ဘေးရှောင်ကြသော ဖလမ်းမြို့ဒေသခံများ နေထိုင်စားသောက်ရေးအခက်ကြုံ

    9 min
  • ဒီဇင်ဘာလ ၄ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (ဟားခါး) ဘာသာ

    - မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီလေကြောင်းကနေ ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်


    - ပလက်ဝမြို့နယ်ဒေသထွက် လိမ္မော်သီးတွေ အိန္ဒိယနိုင်ငံထိ တင်ပို့ရ


    - ၁၁ လတာအတွင်း နိုင်ငံရေးအကျဉ်းသား ၂၀ ဦးကျဆုံး


    - ချင်းပြည်ဝန်ကြီးချုပ် ဦးပါထန်းနဲ့ဝန်ကြီးတချို့က ဒဏ်ရာရရဲဘော်တွေကို သွားရောက်ကြည့်ရှု


    - မြန်မာဘက်ကနေ သယ်လာတဲ့ ရူပီးသန်းပေါင်း ၆၀ ကျော်တန် စိတ်ကြွဆေးကို နယ်စပ်မှာ ဖမ်းမိ

    8 min
  • ဒီဇင်ဘာလ ၄ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (တီးတိန်) ဘာသာ

    - ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့၏ Jericho စစ်ဆင်ရေးကာလ ဟားခါး - ထန်တလန်ကြား စစ်စခန်း ၄ခုကို သိမ်းယူ။


    - ကလေးမြို့သို့ စစ်ဘေးတိမ်းရှောင်ကြသော ဖလမ်းမြို့ဒေသခံများ နေထိုင်စားသောက်ရေးအခက်ကြုံ။


    - ထီးလင်းမြို့နယ်တွင် တိုက်ပွဲ နှစ်ကြိမ်အတွင်း စစ်ကောင်စီဖက်မှာ ဗိုလ်ကြီးအပါအ၀င်စစ်သား ၁၅ ဦးသေ၊ဒဏ်ရာရရှိသူများပြား၊တစ်ဦးအရှင်ဖမ်း။


    - ဖလမ်းမှာ စစ်ကောင်စီတပ်က ပေါင် ၁,၀၀၀ ဗုံးသီးဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်။


    11 min
  • ဒီဇင်ဘာလ ၄ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (မီဇိုး) ဘာသာ

    - ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့၏ Jericho စစ်ဆင်ရေးကာလ ဟားခါး - ထန်တလန်ကြား စစ်စခန်း ၄ခုကို သိမ်းယူ


    - မင်းတပ်မြို့ ၃ မိုင်လမ်းခွဲမှာကျန်‌ရှိ‌ နေတဲ့နေအိမ်တွေကိုစစ်ကောင်စီကထပ်မံမီးရှို့


    - စစ်ကောင်စီတပ်တိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦး သေဆုံး၊ ၁၃ ဦး ဒဏ်ရာရ

    9 min
  • ဒီဇင်ဘာလ ၅ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    ဒီဇင်ဘာလ ၅ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ် 

    =================

    -မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ယူနက်စကို ဒြပ်မဲ့စာရင်းဝင်တဲ့အကြောင်း

    -တိုက်ပွဲ ပြင်းထန်နေတဲ့ ဗန်းမော်မှာ  ဒေသခံတွေ ပိတ်မိနေတဲ့သတင်း

    -DKBA ထိပ်ပိုင်းခေါင်းဆောင် နေရာတချို့ အပြောင်းအလဲလုပ်တဲ့အကြောင်း

    -အမ်းမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီဗိုလ်ကြီးအပါအဝင်၁၂ဦးကို တော်လှန်ရေးတပ်များ ဖမ်းဆီးခဲ့တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို ဂျူချန်းက စုစည်းတင်ဆက်ပေးထားပါတယ်။

    #12pmnews

    #Mizzimanewshour

    #MizzimaTV

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm


    12 min
  • ဒီဇင်ဘာလ ၅ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီဇင်ဘာလ ၅ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

     ဒီကနေ့မနက်မှာတော့ - ထိုင်းရေလုပ်သား ၄ ဦး လွတ်မြောက်ရေး မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးနေတယ်လို့ ထိုင်းပြောတဲ့သတင်းနဲ့အတူ မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့ နိုင်ငံတကာက ပျက်ကွက်နေတယ်လို့ ကုလကျွမ်းကျင်သူတွေပြောတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက် တို့ကိုလည်းဆက်လက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ဆက်လက်ပြီး နွေဦးတော်လှန်အောင်ပွဲခံ ဆောင်းပါးကဏ္ဏမှာ “ICC ဝရမ်းထုတ်ခဲ့ရင် စစ်ခေါင်းဆောင် ဘာဖြစ်သွားနိုင်လဲ” ဆိုတဲ့အကြောင်း ဆောင်းပါးကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Morningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    29 min
  • ဒီဇင်ဘာလ ၄ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    ဒီဇင်ဘာလ ၄ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ် 

    =================

    - ဖလမ်းလေယာဥ်ကွင်းအနီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေတဲ့သတင်း

    - တရုတ်ကြားဝင်မှုနဲ့ ရောက်ရာနေရာကနေအပစ်ရပ်ပြီး နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးသွားမယ်လို့ MNDAA ကြေညာလိုက်တဲ့သတင်း

    - နွားထိုးကြီးတွင် စစ်ကောင်စီတပ်ဗုံးကြဲတိုက်ခိုက်၊ တတိယတန်းကျောင်းသားနှင့် အဖွားဖြစ်သူ သေဆုံးခဲ့တဲ့သတင်း

    - အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တည်ရှိသော ဗန်းမော်မြို့၌ တိုက်ပွဲပြင်းထန်နေတဲ့သတင်းနဲ့

    - အိန္ဒိယ မှာ ကျောင်းတွေပြန်ဖွင့်ပေမယ့် မီးခိုးမြူ လေထုညစ်ညမ်းမှု အကျပ်အတည်း ဆက်လက်ရှိနေတဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်းသတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

    #mizzimatv 

    #7pmnews

    #mizzimaprimetime

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm 

    32 min
  • ဒီဇင်ဘာလ ၄ ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ .....အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ကို AA ထိန်းချုပ်လိုက်တဲ့သတင်းနဲ့အတူနိုင်ငံရေးဆွေးနွေးဖို့ စစ်ကောင်စီရဲ့ နိုင်ငံအနှံ့က မြေပြင်၊ ဝေဟင်ထိုးစစ်တွေ ရပ်ရမယ်လို့ MNDAA ထုတ်ပြန်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ ဒီကနေ့ရဲ့ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကိုလည်းဆက်လက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ ICC ဖမ်းဝရမ်းနဲ့ စစ်ကောင်စီရှေ့အလားအလာအကြောင်း ဆက်သွယ်မေးမြန်းချက်ကို ထုတ်လွှင့်သွားမှာပါ။

    1 hr 2 min
  • ဒီဇင်ဘာလ ၄ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    -အမ်း မြို့ဟောင်း၊ မြို့သစ် အားလုံးကို AA ထိန်းချုပ် လိုက်တဲ့သတင်း


    -ဆောင်းသီးနှံများအတွက် ဖျက်မိုးအန္တရာယ်သတိပေးတဲ့အကြောင်း


    -မြန်မာ မသန်စွမ်း ၁၀,၀၀၀ ကျော်ကို လူသားစာနာအကူအညီများ UK ပေးအပ်လိုက်တဲ့သတင်းနဲ့


    -ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ အလုပ်လုပ်ခွင့် သက်တမ်းတိုးရာတွင် ပွဲစားခမြင့်၍ ဝန်ထုတ်ဝန်ပိုးဖြစ်နေကြတဲ့သတင်း တွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။

    14 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.