Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဒီဇင်ဘာလ  ၄ ရက်၊ ဗုဒ္ဓဟူးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီဇင်ဘာလ  ၄ ရက်၊ ဗုဒ္ဓဟူးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

     ဒီကနေ့မနက်မှာတော့ - ထိုင်း မြန်မာနယ်စပ်က တရားမဝင် အင်တာနက် ဆက်သွယ်ရေးလိုင်းတွေကို ဖြုတ်သိမ်းလိုက်တဲ့သတင်း နဲ့ အတူ ထိုင်းငါးဖမ်းစက်လှေက ဖမ်းဆီးခံငါးဖမ်းသမားတွေကို အကြမ်းဖက်သံသယနဲ့ စစ်ဆေးနပြီး သေဆုံးသူမရှိခဲ့ဘူးလို့ စစ်ကောင်စီ ငြင်းဆိုတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။ သတင်းတွေအပြီးမှာတော့ သန့်ဇော်(သန်လျင်) စီစဉ်တဲ့ ဘာတွေပြောမလဲ ဘာတွေမေးမလဲ အစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။

    #Mizzimaradio

    #Morningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    33 min
  • ဒီဇင်ဘာလ ၃ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    ဒီဇင်ဘာလ ၃ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    =================

    − ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံအဝှမ်း စစ်ကောင်စီ တပ်စခန်းပေါင်း ၁၃၀ ကျော် တပ်ဆုတ်ခွာသွားကြောင်း စစ်ကိုင်းပကဖ ထုတ်ပြန်တဲ့သတင်း

    − အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဝေဖန်ရေးသားမှုကြောင့် လူ ၁၉၀၀ နီးပါး ဖမ်းဆီးခံရကြောင်း Data for Myanmar ထုတ်ပြန်တဲ့သတင်း

    − တိတ်တဆိတ် ကြိုးပေးကွပ်မျက်ခံရတဲ့ ဦးဖြိုးဇေယျာသော်ရဲ့ ဖခင် ကွယ်လွန်တဲ့သတင်း

    − ထိုင်း မြန်မာနယ်စပ်က တရားမဝင် အင်တာနက် ဆက်သွယ်ရေးလိုင်းတွေကို ထိုင်းအာဏာပိုင်တွေ ဖြုတ်သိမ်းလိုက်တဲ့သတင်း

    − ဂါဇာကမ်းမြောင်ဒေသအခြေအနေတွေက ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတယ်လို့ ကုလသမဂ္ဂအကြီးအကဲပြောလိုက်တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးပါမယ်။

    #mizzimatv 

    #7pmnews

    #mizzimaprimetime

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm 

    30 min
  • ဒီဇင်ဘာလ ၃ ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီဇင်ဘာလ ၃ ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... ရှမ်းတောင်မှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် လူသေဆုံးမှုရှိတဲ့ သတင်းနဲ့ အတူ တိတ်တဆိတ် ကြိုးပေးကွပ်မျက်ခံရတဲ့ ဦးဖြိုးဇေယျာသော်ရဲ့ ဖခင် ကွယ်လွန်သွားတဲ့ အကြောင်းတွေကို ကြားကြရမှာပါ။ နိုင်ငံတကာဖက်မှာတော့ အငြင်းပွားသန္တာကျောက်တန်းမှာ ဖိလစ်ပိုင်သင်္ဘောတွေ တရားမဝင် စုဝေးနေကြောင်း တရုတ် စွပ်စွဲတဲ့ သတင်းအပါအဝင် အာဖဂန်နစ္စတန်မှာ ဘိန်းစိုက်တဲ့ လူ ၁၀၀ ကျော် ဖမ်းဆီးခံရတဲ့ သတင်းတွေကို နားဆင်ကြရပါမယ်။ အဲဒီ့နောက်မှာတော့ ပြည်တွင်းသတင်းလွှာ၊ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ Key to Health အစီအစဉ်နဲ့ ဘာတွေပြောမလဲ ဘာတွေမေးမလဲ အစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။

    #Mizzimaradio

    #Eveningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    1 hr 2 min
  • ဒီဇင်ဘာလ ၃ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    -မြန်မာ့အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာဆောင်ရွက်ချက်တွေ ပြောင်းလဲဖို့ UNHCR တိုက်တွန်းတဲ့သတင်း


    -ထိုင်းမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို တလ တိတိ လွတ်လပ်စွာနေထိုင်ခွင့်ပြုကြောင်း ထိုင်းဝန်ကြီးချုပ်အမိန့်ထုတ်ပြန်တဲ့သတင်း


    -ထိုင်းငါးဖမ်းလှေကနေ ဖမ်းဆီးထားသူတွေဆီက တော်လှန်ရေးတပ်နဲ့ ဆက်စပ်ပစ္စည်းတွေတွေ့တာကြောင့် စစ်ဆေးနေကြောင်း စစ်ကောင်စီ ထုတ်ပြန်တဲ့သတင်းနဲ့


    -TNLA ထိန်းချုပ်နယ်မြေများကိုဗုံးကြဲမှု ၁ လအတွင်း ၃၈ ဦး သေဆုံးအပါအဝင် အခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    10 min
  • ဒီဇင်ဘာလ ၃ ရက်၊ အင်္ဂါနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီဇင်ဘာလ ၃ ရက်၊ အင်္ဂါနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

     ဒီကနေ့မနက်မှာတော့ - စက်မှုဇုန် ၂၉ ဇုန်နဲ့ သီလဝါ အထူးစီးပွားရေးဇုန်တို့မှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ တရုတ်သံအမတ်နဲ့ စစ်ကောင်စီတို့ ဆွေးနွေးကြတဲ့သတင်းနဲ့အတူ နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည်  ၃သန်းခွဲနီးပါးရှိလာကြောင်း UNOCHA အသိပေးတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကိုလည်း ဆက်လက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ Mizzima Editorial Talk အစီအစဉ်တို့ကို နားဆင်ကြရပါမယ်။

    #Mizzimaradio

    #Morningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    41 min
  • ဒီဇင်ဘာလ ၂ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    ဒီဇင်ဘာလ ၂ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    ==============

    - ထိုင်းငါးဖမ်းလှေတွေကို ပစ်ခတ်ဖမ်းဆီးမှု ထိုင်းဝန်ကြီးချုပ် ကန့်ကွက်တဲ့သတင်း 

    - စစ်တပ်အာဏာသိမ်းမှု (၄)နှစ်နီးပါးအတွင်း ကရင်နီပြည်မှာ အရပ်သားပြည်သူ ၅၀၀ကျော် သတ်ဖြတ်ခံထားရတဲ့ သတင်း 

    - တောင်ကုတ်ကို စစ်ကောင်စီဗုံးကြဲမှု စစ်ဘေးရှောင်အရပ်သားတွေ ထိခိုက်သေဆုံးတဲ့အကြောင်း 

    - ဂါဇာမှာ ဖမ်းဆီးထားတဲ့ အစ္စရေးဓားစာခံရဲ့ ဗီဒီယို ဟားမတ်စ် ထုတ်ပြန်တဲ့သတင်းနဲ့ 

    - ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို  တင်ဆက်ပေးသွားမှာပါ။

    #mizzimatv 

    #7pmnews

    #mizzimaprimetime

    -----------------------------------------


    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    29 min
  • ဒီဇင်ဘာလ ၂ ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီဇင်ဘာလ ၂ ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... ထိုင်းငါးဖမ်းလှေတွေကို စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီးနဲ့ပတ်သက်လို့ ကန့်ကွက်ကြောင်း ထိုင်းဝန်ကြီးချုပ်ပြောတဲ့သတင်းနဲ့အတူ

    ထိုင်းမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို တလ တိတိ လွတ်လပ်စွာနေထိုင်ခွင့်ပြုကြောင်း ထိုင်းဝန်ကြီးချုပ် အမိန့်ထုတ်ပြန်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။  အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကိုလည်း ဆက်လက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ Mizzima Editorial Talk အစီအစဉ်တို့ကို နားဆင်ကြရပါမယ်။

    #Mizzimaradio

    #Eveningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    1 hr 1 min
  • ဒီဇင်ဘာလ ၂ ရက်၊  မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

     - စစ်ခေါင်းဆောင်ကို  ဆက်ဆံနေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်း သတိမူရန် လိုအပ်ကြောင်း  NUG နဲ့ K2C သဘောထားထုတ်ပြန်တဲ့သတင်း


    - ရှမ်းနှစ်သစ်ကူး အကြိုညမှာ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်ဗုံးကြဲတဲ့ သတင်း


    - လက်နက်ချဖို့ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့သတင်း


    - နျူလက်နက်ထုတ်လုပ်မှု ပြန်လည်စတင်နိုင်ကြောင်း ပြောကြားပြီးနောက် အစ္စရေးက အီရန်ကို ထပ်မံသတိပေးတဲ့ သတင်းတွေအပါအ၀င် စိတ်ဝင်စားဖွယ်နဲ့  အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    13 min
  • ဒီဇင်ဘာလ ၂ ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ -တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ငါးဆယ်ကျော် သေဆုံးကြောင်း တောင်ပိုင်းစစ်ဒေသပြောလိုက်တဲ့သတင်း နဲ့အတူ -စစ်ကောင်စီတပ်ကပစ်ခတ်မှုကြောင့် ထီးစဲခါးကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူဟု PNLA ထုတ်ပြန်လိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး ပြည်တွင်းသတင်းလွှာအနေနဲ့ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆက်လက်ကူညီသွားမယ်လို့ တရုတ်အစိုးရပြော လိုက်တဲ့သတင်း ကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့Key To Health အစီအစဉ် ကို နားဆင်ရမှာပါ။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။


    30 min
  • ဒီဇင်ဘာလ ၁ ရက်၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ -ရှမ်းနှစ်သစ်ကူး အကြိုညတွင် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်ဗုံးကြဲ ၊ ၁၀ ဦးသေဆုံးခဲ့တဲ့သတင်းနဲ့အတူ -လက်နက်ချရန် တပ်ဖွဲ့မှ ထွက်ခွာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး လမ်းတလျှောက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရ တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ သတင်းပေးပို့ချက်အနေနဲ့ UWSA နဲ့ ထိုင်းစစ်တပ် နယ်မြေ အငြင်းပွားမှုပြဿနာ သံတမန်နည်းဖြင့်သာ ဖြေရှင်းသွားမယ်လို့ ထိုင်းပြောလိုက်တဲ့သတင်းကို နားဆင်ရမှာပါ။နောက်ထပ်အပတ်စဉ်ကဏ္ဏအနေနဲ့ | Key To Health အစီအစဉ်ရဲ့“ ဆောင်းတွင်းမှာ သားသားမီးမီး ကိုယ်ခံအား တက်စေဖို့ ဘာတွေ ဂရုစိုက်ပေးဖို့ လိုမလဲ ဆိုတဲ့အကြောင်း ကို နားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးပါမယ်၊ ကိုစိုင်းခန့်နဲ့့ အတူတူတင်ဆက်ပေးပါမယ်ရှင်။

    1 hr

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.