ဩဂုတ် ၄ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ပလက်ဝမြို့နယ်မှာ စစ်ကောင်စီနဲ့AAတို့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂။ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ပလက်ဝမြို့နယ်မှာ ကျောင်းသား (၂)ဦး သေဆုံးပြိး တခြား (၃)ဦးလည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။
၃။ တောင်ကုတ်မြို့နယ်က ဆင်စခန်းမှာ မွေးဖွားတဲ့ ဆင်ငယ်ကို ဆင်ဖြူအင်္ဂါရပ်နဲ့ ပြည့်စုံတယ်လို့ စစ်ကောင် စီက သတင်းထုတ်ပြန်ထားပါတယ်။
၄။ မလေးရှားကို အလုပ်သွားလုပ်တဲ့ တက္ကသိုလ်ကျောင်းသားတဦး သေဆုံးခဲ့ပြီး
၅။ တောင်ကုတ်မြို့နယ် မအီရဲစခန်းက ဒုတပ်ကြပ်တယောက်ကို ရခိုင့်တပ်တော်က ဖမ်းဆီးသွားတဲ့ သတင်းနဲ့
၆။ စစ်တွေမြို့ ပွိုင့်မှာ ပျံလွန်နေတဲ့ ရဟန်းတပါး အလောင်းကိုတွေ့ရတဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့---------- ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)က ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ရက္ခိုင့် တပ်တော်က ဖမ်းဆီးသွားတာနဲ့ပတ်သတ်လို့ (ALP) ပါတီ တွဲဘက်အတွင်းရေးမှူး ခိုင်စိုးသန်းအောင်နဲ့ ဆက် သွယ် မေးမြန်းထားတာကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)