Mizzima 108FM ၏ ဩဂုတ် ၃ ရက်၊ မွန်းလွဲ ၂ နာရီအချိန်ထိ နောက်ဆုံးရသတင်း
Update News on Mizzima 108FM July at 2 PM
- "အောင်မြေနင်းမည့် ရန်ကုန်စစ်ဆင်ရေး" အောက်က မင်္ဂလာဒုံမြို့နယ်တရားရုံး ဗုံးပစ်တိုက်ခိုက်ခံရတဲ့သတင်း။
- ဖားကန့်မှာ ဒုရဲမှူးတစ်ယောက် သေနတ်နဲ့ပစ်သတ်ခံလိုက်ရတဲ့အကြောင်း၊
- ရနောင်းဘက်ကို ခရီးသွားလာခွင်နဲ့နေထိုင်ခွင့် ထိုင်းနိုင်ငံဘက်က ရက်တိုးပေးလိုက်တာနဲ့
- လက်နက်ကိုင်တော်လှန်ရေးကို ဘယ်လိုရှေ့ဆက်မလဲ။ အရာတော်ဘုန်းနိုင်တပ်ဖွဲ့ခေါင်းဆောင်ရဲ့ ပြောကြားချက်ကို နားဆင်ရဖို့လည်းရှိနေပါတယ်။
N: ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမကြီးပေါ်က မင်္ဂလာဒုံမြို့နယ်တရားရုံးဟာ မနေ့ က ( သြဂုတ်လ ၂ ရက်နေ့) ည ၈နာရီ ၁၅မိနလောက်မှာ ပြောက်ကျားအဖွဲ့ဖြစ်တဲ့ URF က ဗုံးနဲ့ပစ်ပြီးတိုက်ခိုက်တယ်လို့သိရပါတယ်။
"ဒါလည်း ကိုဂျင်မီ၊ ကိုဇေယျာသော်တို့အတွက်ပဲ လက်စားချေတာ၊ စစ်ကောင်စီက တစ်ကောင်ထိသွားတယ်" လို့ URF အဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တရားရုံးထဲမှာ စစ်ကောင်စီတပ်တွေတပ်စွဲထားတာမို့ စစ်သားတယောက်ဒဏ်ရာရသွားပြီး URF တပ်ဖွဲ့ဝင်တွေတော့ ဘေးကင်းကင်းနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ဒီစစ်ဆင်ရေးကို "အောင်မြေနင်းမည့် ရန်ကုန်စစ်ဆင်ရေး" လို့ နာမည်ပေးထားပြီး ကြိုးပေးသတ်ခံခဲ့ရတဲ့ ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့အတွက် လက်တုံ့ပြန်လိုက်တာလို့ဆိုပါတယ်။
N: ဆက်လက်ပြီး ကချင်ပြည်နယ်ကသတင်းတစ်ပုဒ်ကို တင်ဆက်ချင်ပါတယ်။ ဖားကန့်မြို့မှာ ဒုရဲမှူးတစ်ယောက် ဒီနေ့ ဩဂုတ်လ ၃ ရက် မနက် ၈ နာရီလောက်မှာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရတဲ့အကြောင်း ဒေသခံတွေကပြောပါတယ်။
အသတ်ခံရတာက ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ ရဲတပ်ရင်း (၃၀) က ဒုရဲမှူး ကိုကိုလွင်ဖြစ်ပြီး သေနတ်နဲ့ ၁၀ ချက်ထက်မနည်း ပစ်ခံခဲ့ရပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ဆိုပါတယ်။
“ ဒီမနက် ရဲမှူးနဲ့အဖွဲ့ မြို့ထဲထွက်လာတဲ့အချိန်မှာ ပစ်သွားတာ ဟုတ်တယ်။ ကျနော်တို့ကလည်း ရဲတွေ လာနေတော့ ဝေးဝေးကနေရှောင်သွားဖို့လုပ်နေတဲ့အချိန် ရဲမှူးပစ်ခံရတာကို တွေ့လိုက်ရတာ” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ရဲမှူးကိုကိုလွင်ဟာ ဇူလိုင်လ ၁၄ ရက်နေ့က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာမှာ မှော်စုံလှည့် လူထုသပိတ်မှာပါဝင်ခဲ့တဲ့ အမျိုးသမီးခုနှစ်ယောက်နဲ့အမျိုးသားတစ်ယောက်တို့ကို ဖမ်းဆီးတာမှာဦးဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။
N: မြန်မာ-ထိုင်းနယ်စပ် ကော့သောင်း-ရနောင်းဂိတ်မှာတော့ ဩဂုတ်လ ၂ ရက်နေ့ကစလို့ ထိုင်းနိုင်ငံရနောင်းဖက်ကိုသွားလာနေထိုင်ခွင့် ခြောက်ညအိပ် ခုနစ်ရက်အထိ တိုးမြှင့်ခွင့်ပြုလိုက်ပါတယ်။
ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်မှာ အရင်က နယ်ခြားဖြတ်သန်းခွင့်လက်မှတ် Border Pass နဲ့ ဝင်လာသူတွေကို ထိုင်းအာဏာပိုင်တွေက နှစ်ညအိပ် သုံးရက်သာ ခွင့်ပြုချက်ပေးခဲ့တာဖြစ်ပါတယ်။
“ အခုလိုရက်တိုးပေးတာ ဒေသခံခရီးသွားတွေအတွက် အရမ်းအဆင်ပြေပါတယ်။ ဘာကြောင့်လည်းဆိုတော့ လုပ်ငန်းရှင်တွေနဲ့ ကျန်းမာရေးအတွက် ဆေးဝါးကုသမယ့်သူတွေ အတွက်ပိုအဆင်ပြေလို့ပါ” လို့ ကော့သောင်းဒေသံတစ်ဦးကတော့ ဝမ်းပန်းတသာပြောပါတယ်။
ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်ကို Covid-19 ကပ်ရောဂါကြောင့် နှစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရာက ဇွန်လပထမအပတ်မှာ ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။
N: ပြည်သူနှင့် PDF ဆက်ဆံရေး၊ တော်လှန်ရေးသမားအချင်းချင်းဆက်ဆံရေးတွေကဘယ်လိုရှိနေပါသလဲ။
လက်နက်ကိုင်တော်လှန်ရေးကိုရော ဘယ်လိုရှေ့ဆက်ကြမှာလဲ။ အရာတော်ဘုန်းနိုင်တပ်ဖွဲ့ ခေါင်းဆောင် ကိုဘုန်းနိုင်ရဲ့ ပြောကြားချက်ကို နားဆင်ရဖို့ရှိနေပါတယ်။
ကိုဘုန်းနိုင်ရဲ့ ပြောဆိုချက်အပြည့်အစုံကို Mizzima TV မှာ ပြသနေသလို၊ Mizzima News in Burmese Facebook စာမျက်နှာမှာလည်း ကြည့်ရှု့နိုင်ပါတယ်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789