ဇူလိုင်လ ၂၃ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ စစ်တွေမြို့နယ်က မူဆလင်ရွာတွေမှာ စစ်ကောင်စီတပ်က တစ်အိမ်တစ်ယောက်ကျ ကင်းစောင့်ခိုင်းထားတဲ့ သတင်း။
၂။ ကျောက်ဖြူဒေသခံ (၉) ယောက်ကို ရခိုင့်တပ်တော်နဲ့ ဆက်စပ်တယ်လို့စွပ်စွဲပြီး ထောင်ဒဏ် အသီးသီး ချမှတ်လိုက်တဲ့သတင်း။
၃။ ကျောက်တော်မြို့က ကိုဇော်ဝင်းအပါအဝင် (၃) ယောက်အမှုမှာ တရားလိုသက်သေတွေကို စစ်ဆေးခဲ့တဲ့ သတင်း။
၄။ အခု ရက်ပိုင်းအတွင်း ရခိုင်ပြည်သူတွေ သတိထား ခရီးသွားလာကြဖို့ ULA/AA က သတိပေးထုတ်ပြန် လိုက်တဲ့ သတင်းနဲ့
၅။ စစ်ရေးတင်းမာမှု ရှိနေပေမဲ့ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုကို ထိခိုက်မှုမရှိဆိုတဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့------ မြောက်ဦးမြို့ ဘုရားပေါ် စစ်ဘေးရှောင် ဒုက္ခသည်စခန်းက ကျောင်းသား၊ ကျောင်းသူတွေအတွက် ဘုရာပေါ် မူလတန်းကျောင်းမှာ စာသင်ဆောင်တစ်ခုကို ကျောင်းသား၊ ကျောင်းသူ များသမဂ္ဂ (မြောက်ဦးမြို့နယ်)က ဆောက်လုပ်နေတာနဲ့ ပတ်သတ်လို့ ဆက်သွယ် မေးမြန်းထားတာကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဉ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)