ဇူလိုင်လ ၂၂ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ကျောက်တော်မြို့နယ်မှာ စစ်ဘေးရှောင်တစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့သတင်း။
၂။ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရတဲ့ ပလက်ဝမြို့က ကိုတင်ထွန်းအောင် အယူခံအမှုကို ထောင်တစ်နှစ် လျော့ချလိုက်တဲ့သတင်း။
၃။ ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ရွာသား (၂)ဦးကို ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်တဲ့သတင်း။
၄။ မြေပုံ- စစ်တွေ ခရီးသည်တင်ကားတစ်စီး မှောက်လို့ အမျိုးသမီး (၁)ဦးသေဆုံးပြိး ခရီးသည် (၈)ဦး ဒဏ်ရာရှိခဲ့တဲ့ သတင်းနဲ့
၅။ မောင်တောမြောက်ပိုင်းမှာ ဖမ်းဆီးခံထားရသူတွေထဲက (၁) ဦးကိုလွှတ်ပေးလိုက်ပြီး နောက်ထပ် ကျေးရွာ တာဝန်ခံ (၁) ဦးကို ဖမ်းဆီးထားတဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့---------- မင်းပြားမြို့မှာ အကြောင်းအမျိုးမျိုးကြောင့် တည်ထားမှု ရပ်တန့်နေတဲ့ နှစ် (၁၅၀)ပြည့် စေတီတော်ကို အခုတဖန် စလို့တည်ဆောက်ေ်နေတာနဲ့ ပတ်သတ်လို့ စေတီဖြစ်မြောက်ရေး ကော်မီတီဝင်တစ်ဦးဖြစ်သူ ဦးစိုးမင်းနဲ့ ဆက်သွယ်မေးမြန်းထားတာကို ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဉ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)