Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • နိုဝင်ဘာ ၂၅ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    -စစ်ကောင်စီဟာ သမိုင်းတလျောက်စံချိန်တင် ဘတ်ဂျက်သုံးစွဲမှုအဖြစ် အခု ဘဏ္ဏာနှစ်မှာ ကျပ်ဘီလျံ ၄၁၀၀၀ ကျော်အထိသုံးစွဲဖို့လျာထားတဲ့သတင်း


    -မြန်မာ ကျောင်းသားတွေအတွက် အမေရိကန်အစိုးရရဲ့ ပညာတော်သင်ဆုထောက်ပံ့မှုတွေကို ဦးစားပေးရုတ်သိမ်းဖို့ ထရမ့်အစိုးရသစ် ပြန်လည်သုံးသပ်တဲ့သတင်း


    -အမ်းမြို့နဲ့ မင်းပြားမြို့မှာ ငှက်ဖျား​ရောဂါကူးစက်မှု မြင့်တက်နေတဲ့သတင်းနဲ့


    -ILO နဲ့ အဖွဲ့ဝင်နိုင်ငံတွေ ၃ ပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့နဲ့ ပူးပေါင်းဖို့ NUG တိုက်တွန်းတဲ့သတင်းအပါအဝင် အခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    12 min
  • ရခိုင်ရိုးရာ သားမက်တက်ပွဲ

    မောရဇော် - ရခိုင်ပြည်သူပြည်သား အားလုံး သာလီစွပါ။ သောတရှင်အပေါင်းကို မင်္ဂလာပါလို့ နှုတ်ဆက်လိုက်ပါတယ်။


    ငွေနှင်းဖြူ - ဒီတစ်ပတ်မှာတော့ ရခိုင်ရိုးရာ သားမက်တက်ပွဲအကြောင်းကို မောရဇော်နဲ့ ကျမ ငွေနှင်းဖြူတို့က တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။


    မောရဇော် - ဟုတ်ပါတယ်။ လူမျိုးတိုင်းမှာ အရွယ်ရောက်တဲ့ ယောက်ျား၊ မိန်းမတွေဟာ ထိမ်းမြှားကြတဲ့ဓလေ့တွေ ရှိကြပါတယ်။ ရခိုင်လူမျိုးတွေမှာကတေ့လက်ထပ်၊ မင်္ဂလာဆောင်ခြင်းကို ရခိုင်မှာ သားမက်တက်တယ် လို့ ခေါ်ကြပါတယ်။


    ရခိုင်လူငယ်တွေဟာ အရွယ်ရောက်လာတဲ့အခါ လူငယ်ချင်းချစ်ကြိုက်ပြီး တနည်းအားဖြင့် ခိုးရာလိုက် ပုဆိုး တန်း တင်ပေါင်းသင်းနေထိုင်ကြတာတွေရှိသလို တချို့ကလည်း မိဘ၊ လူကြီးတွေဆီက ရွှေ၊ ငွေ၊ ရတနာတွေနဲ့ တင်တောင်းပြီး သားမက်တက်ပွဲတွေကို စည်စည်းကားကား ကျင်းပကြလေ့ရှိပါတယ်။

    12 min
  • နိုဝင်ဘာလ ၂၅ ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ -ဇွဲကပင်တောင်မှခုန်ချသည့်လူငယ်ကို အသက်ရှင်လျက် ပြန်တွေ့ခဲ့တယ့်သတင်း နဲ့အတူ -အမ်းမြို့နှင့် မင်းပြားမြို့တွင် ငှက်ဖျား​ရောဂါကူးစက်မှု မြင့်တက်လာတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး ပြည်တွင်းသတင်းလွှာအနေနဲ့ ရွေးကောက်ပွဲကျင်းပမယ်လို့ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံဝန်ကြီးချုပ်တွေကို စစ်ခေါင်းဆောင် ကတိထပ်ပေးလိုက်တဲ့သတင်းကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့Key To Health အစီအစဉ် ကို နားဆင်ရမှာပါ။


    31 min
  • နိုဝင်ဘာလ ၂၄ ရက်၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ -ILO နှင့်အဖွဲ့ဝင်နိုင်ငံများ ၃ ပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့နှင့် ပူးပေါင်းရန် NUG တိုက်တွန်း လိုက်တဲ့သတင်း နဲ့အတူ -ဖားကန့်ဒေသတွင် စက်သုံးဆီပြတ်လပ်နေတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ သတင်းပေးပို့ချက်အနေနဲ့ ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံးအဖြစ် မြန်မာစံချိန်တင်သွားတဲ့သတင်း ကို နားဆင်ရမှာပါ။နောက်ထပ်အပတ်စဉ်ကဏ္ဏအနေနဲ့ | Key To Health အစီအစဉ်ရဲ့“ Terrible Twoဆိုတာဘာလဲဆိုတဲ့ အကြောင်း ကို နားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    58 min
  • နိုဝင်ဘာလ ၂၄ ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ - မြန်မာ မြောက်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းများ မရှိတော့ဟု တရုတ်ပြောချိန် ကျားဖြန့် ဝန်ထမ်းသစ် ခေါ်ယူမှုများရှိနေတဲ့သတင်း နဲ့အတူ -မတ္တရာမြို့အနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်၏ ဓာတုဗုံးများကြောင့် မူးဝေအော့အန်ဟုဆိုလိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ မြန်မာစစ်တပ်ကို လက်နက်၊ လေယာဉ်လောင်စာစီနဲ့နည်းပညာမပေးဖို့ EU တောင်းဆိုလိုက်တဲ့သတင်း ကိုနားဆင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ ဆရာ သန့်ဇော်(သန်လျင်)ရဲ့ ဘာတွေပြောမလဲ ဘာတွေမေးမလဲ Episode 12 အစီအစဉ်ကို လည်းနားဆင်ရဖို့ရှိပါတယ်’။

    32 min
  • နိုဝင်ဘာလ ၂၃ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ - အာရှလမ်းမ တိုက်ပွဲတွင် စစ်ကောင်စီတပ်က အသေခံဒရုန်းများ အသုံးပြုတိုက်ခိုက်နေတဲ့သတင်း နဲ့အတူ -စစ်ကောင်စီသတ်ဖြတ်ခဲ့သည့် သတင်းထောက်ထက်မြတ်သူ၏ မိခင်ပိုင်နေအိမ် ချိပ်ပိတ်ခံရတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို တင်ဆက်ပေးသွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ အာဆီယံကို ကိုယ်ကျိုးအတွက် အသုံးမချဖို့ မြန်မာ စစ်ကောင်စီကို စင်ကာပူ ကာကွယ်ရေးဝန်ကြီး သတိပေးလိုက်တဲ့သတင်းကို နားဆင်ရမှာပါ။ အပတ်စဉ်ကဏ္ဏအနေနဲ့ ဆရာ သန့်ဇော်(သန်လျင်)ရဲ့ ဘာတွေပြောမလဲ ဘာတွေမေးမလဲ Episode 12 အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    1 hr 3 min
  • နိုဝင်ဘာလ ၂၃ ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ -သထုံတွင် ကျောင်းပို့ပြီး ပြန်လာသည့် စစ်ကောင်စီကား ပစ်ခတ်ခံရ၊ ၄ ဦးဒဏ်ရာရခဲ့တဲ့သတင်း နဲ့အတူ ထိုင်းကွန်ဒိုစျေးကွက်အတွင်း မြန်မာ ဝယ်ယူနှုန်း မနှစ်ကထက် ၃ ဆ တိုးလာတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး ပြည်တွင်းသတင်းလွှာအနေနဲ့ ကန်ပိုက်တီမြို့ကို KIA က သိမ်းပိုက်ပြီးနောက် တရုတ်က နယ်စပ်ဂိတ်ကို ပိတ်ထားတဲ့သတင်း ကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ Human Rights barometer အစီအစဉ်ကို နားဆင်ရမှာပါ။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    33 min
  • နိုဝင်ဘာလ ၂၂ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဉ်

    - တရုတ်က မြန်မာပြည်တွင်းရေးအပေါ် စွက်ဖက်ပိုင်ခွင့် မရှိဘူးလို့ NUG ပြောတဲ့သတင်း


    - မြောက်ပိုင်းညီနောင်မဟာမိတ်တွေ သိမ်းပိုက်ထားတဲ့ မူဆယ် ကျင်စန်းကျော့ နယ်စပ်ဂိတ် တရုတ်ပြန်ဖွင့်တဲ့သတင်း


    - ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း မစ္စတာ ဟွန်ဆန်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌ ဦးခင်ရီတို့တွေ့ဆုံကြတဲ့သတင်း


    - ရန်ကုန်မှာ မြဝတီအသံလွှင့်ဌာနနဲ့ ရပ်ကွက်ရုံး တိုက်ခိုက်ခံရတဲ့သတင်းနဲ့


    - အစ္စရေးဝန်ကြီးချုပ်ကို ICC ဖမ်းဝရမ်းထုတ်တာက တရားလွန်တယ်လို့ ဘိုင်ဒင်ပြောတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးပါမယ်။

    31 min
  • နိုဝင်ဘာလ ၂၂ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ - တရုတ်က မြန်မာပြည်တွင်းရေးအပေါ် စွက်ဖက်ပိုင်ခွင့် မရှိဟု NUG ပြောလိုက်တဲ့သတင်း နဲ့အတူ -ရန်ကုန်တွင် မြဝတီအသံလွှင့်ဌာနနှင့် ရပ်ကွက်ရုံး တိုက်ခိုက်ခံရ တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ သတင်းပေးပို့ချက်အနေနဲ့ အင်ဒိုနီးရှားနိုင်ငံက မြန်မာ့ဆန် ဝယ်ယူမှု ထိပ်တန်းနိုင်ငံဖြစ်လာတဲ့သတင်း ကို နားဆင်ရမှာပါ။နောက်ထပ်အပတ်စဉ်ကဏ္ဏအနေနဲ့ Human Rights Barometer အစီအစဉ်ကို နားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။

    1 hr 1 min
  • နိုဝင်ဘာလ ၂၂ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (မီဇိုး) ဘာသာ

    နိုဝင်ဘာလ ၂၂ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (မီဇိုး) ဘာသာ

    -ကလေးမြို့အနောက်မြောက်ဒေသကို စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေး နဲ့ ရိက္ခာဖြတ်တောက်

    - စိုင်ဒူးကျေးရွာကို စစ်ကောင်စီကဒရုန်းဖြင့်ဗုံး ကြဲတိုက်ခိုက်လို့ အမျိုးသမီးတစ်ဦးဒဏ်ရာရ

    - မြို့သိမ်းစစ်ဆင်ရေး လုပ်နေသည့် မင်းတပ်တွင် စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

    - သန်းခေါင်စာရင်းကို နှစ်ကုန်အထိ အပြီးသတ်ကောက်မယ်လို့ စစ်ခေါင်းဆောင်ပြော

    -မြေမြှုပ်မိုင်းဒဏ်သင့်သူအများဆုံးအဖြစ် ကမ္ဘာမှာ မြန်မာစံချိန်တင်

    11 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.