ဇူလိုင်လ ၁၃ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်တယ်လို့ သံသယနဲ့ တောင်ကုတ်မြို့နယ် ကံပြင်ရွာက အိမ်တစ်ဆောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွ ဝင်ရောက်ရှာဖွေ ခဲ့တဲ့သတင်း။
၂။ စစ်တွေမြို့မှာ မူဆလင်ကျောင်းသားတွ ဦးဆောင်ပြီး တခြားလူမှုအဖွဲ့အစည်းတွနဲ့ ပထမဆုံးအကြိမ် ကူရ်ဘင်ပွဲ ကျင်းပခဲ့တဲ့သတင်း။
၃။ ရခိုင်ပြည်က လယ်သမားအများစုမှာ စိုက်ပျိုးစရိုက် ချေးငွေ မချေးနိုင်လို့ လယ်ယာစိုက်ပျိုးဖို့ အခက်တွေ့ နေကြတဲ့သတင်း။
၄။ ဘူးသီးတောင်မြို့နယ် ဖောင်တော်ပြင် အထက(ခွဲ) ကျောင်းကို တောဆင်ရိုင်း ၂ကောင်က ဝင်ရောက် ဖျက်ဆီးခဲ့တဲ့ သတင်းနဲ့
၅။ စစ်တွေကမ်းခြေက သဲတူးယူနေသူတွေနဲ့ အမှိုက်ပုံးတွေက မွှေနှောက်ရှာဖွေသူတွေကို မြို့နယ်စည်ပင်အဖွဲ့က အရေးယူဖို့စီစဉ်နေတဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့---- ဝါဆိုလပြည့်နေ့ ဖြစ်ပေါ်လာပုံနဲ့ ပတ်သတ်လို့ ရန်ကုန်မြို့ ရာဇဂြိုလ်ကျောင်းတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက အရှင်သူရဓမ္မနဲ့ ဆက်သွယ်မေးမြန်းထားတာကို တင်ပြသွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)