ဇူလိုင်လ ၁၂ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ရခိုင်-မူစလင် ချစ်ကြည်မှုခိုင်မာဖို့ မူဆလင်အပြစ်သား (၈) ဦးကို ရက္ခိုင့်တပ်တော်က လွှတ်ပေးလိုက်တဲ့ သတင်း။
၂။ ရက္ခိုင့်တပ်တော်နဲ့ AA စစ်ကောင်စီတို့စစ်မဖြစ်ဖို့ တင်းမာမှုကိုလျော့ချတဲ့နည်းလမ်းနဲ့ချဉ်းကပ်ကြဖို့ AFP ပါတီက တိုက်တွန်းလိုက်တဲ့ သတင်း။
၃။ ရခိုင်ပြည် အရေးပေါ်ကူညီကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့က မြေမြုပ်မိုင်း အန္တရာယ် အသိပေးမှုတစ်ခု အွန်လိုင်းကနေ မျှဝေနေတဲ့ သတင်း။
၄။ ဒေါက်တာ စောမြအောင်ဖောင်ဒေးရှင်းက တီးချပ်အင်္ကျီတွေ ထုတ်လုပ်နေတဲ့ သတင်းနဲ့
၅။ AA ကို ဆေးခြင်ထောင်ပေးတယ်လို့ သံသယနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မောင်တောမြို့နယ်က ကျန်းမာရေး ဝန်ထမ်း ပြန်လွတ်လာပြီ ဆိုတဲ့သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့---------သံတွဲမြို့ ပုလဲရတာနာ ဘုန်းတော်ကြီးပညာသင်ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေအတွက် အပတ်စဉ် သံတွဲမြို့မှာ အလှူခံထွက်နေတာနဲ့ ပတ်သတ်လို့ ဆက်သွယ် မေးမြန်းထားတာကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)