ဇူလိုင်လ ၆ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ကရင်ပြည်နယ်က AA စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် တပ်သား ၆ ဦးကျဆုံးသွားတယ်လို့ ရခိုင့်တပ်တော်က သတင်းထုတ်ပြန်လိုက်တဲ့သတင်း။
၂။ စစ်တွေမြို့မှာ ဖမ်းဆီးခံနေရသူတွေကို စစ်ကောင်စီက ခြေချုပ်မှုအပါအဝင် နိုင်ငံတော်ဆူပူအောင် လှုံဆော်မှုပုဒ်မတွေနဲ့ တရားစွဲဆိုလိုက်တဲ့သတင်း။
၃။ ပါဒလိတ်ချိတ်ရွာ အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေက ညဉ့်အချိန် သေနတ်ပစ်ခတ်မှုတွေ ရှိခဲ့တဲ့ သတင်း။
၄။ ကျော်တော်မြို့က ကိုဇော်ဝင်းအပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်က တရားစွဲဆိုလိုက်တဲ့ သတင်း။
၅။ ပေါက်တောမြို့နယ် သဲခုံရွာကို စစ်ကောင်စီတပ်ဖွဲ့ေ၀ ဝင်ရောက်လာလို့ ရွာသားတချို့ စိုးရိမ်နေကြတဲ့ သတင်းနဲ့
၆။ တောင်ကုတ်မြို့မှာ မြစ်ကမ်းပါးပြိုကျလို့ လူနိန်အိမ်တချို့ ပျက်စီးခဲ့ရတဲ့ သတင်းတွေကို ထုတ်လွင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ------ AA စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သတ်လို့ ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခနဲ့ ဆက်သွယ် မေးမြန်းထားတာကို ထုတ်လွင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)