ဇူလိုင်လ ၅ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ပုဏ္ဏားကျွန်းမြို့က ဖမ်းဆီးခံနေရသူ (၈) ယောက်ကို စစ်ကောင်စီတပ် အရာရှိတစ်ယောက်က တရားလိုလုပ်ပြိး တရားစွဲဆိုလိုက်တဲ့သတင်း။
၂။ ဘင်္ဂလာဒေ့ချ်နိုင်ငံကို ကုန်ပစ္စည်းပို့လို့ ပြန်လာသူ (၃ ) ယောက်မှာ ကိုဗစ်ပိုး တွေ့ရတဲ့သတင်း။
၃။ ကျောက်တော်မြို့နယ်က ဒေသခံတစ်ယောက်မှာ မိုင်းပေါက်ကွဲလို့ အပြင်းအထန် ဒဏ်ရာရပြီး သေဆုံးသွားတဲ့ သတင်း။
၄။ ရခိုင်ပြည်က TA ဆရာ၊ ဆရာမ ၂၀၀၀ ကျော် လစာမရ ဖြစ်နေကြတဲ့ သတင်း။
၅။ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝန်ယိက အာဆီယံအထူး သံအမတ်ကို မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ အချက် သုံးချက်ကို ပြောဆိုခဲ့တဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့--- ရခိုင်ပြည်က မြို့နယ်တချို့မှာ မြေမြုပ်မိုင်းပေါက်ကွဲမှုတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေတဲ့ အတွက် ဒေသခံပြည်သူတွေ သေဆုံးမှုတွေရှိနေသလို ထိခိုက်ဒါဏ်ရာ ရတာတွေလည်း ရှိနေတာနဲ့ ပတ်သတ် လို့ ဆက်သွယ် မေးမြန်းထားတာတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)