ဇွန်လ ၂၈ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ။ ရသေ့တောင်မြို့နယ်မှာ ရခိုင့်တပ်တော်ကဖမ်းဆီးသွားသူ (၂) ယောက်ကို ပြန်လွှတ်ပေးလိုက်တဲ့သတင်း။
၂။ ကျောက်ဖြူမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ လူငယ် (၂)ဦးကို မိသားစုဝင်တွေ အဆက်သွယ်မရလို့ စိုးရိမ် နေကြတဲ့သတင်း။
၃။ မြေပုံမြို့နယ်မှာ ကျပ်သိန်း (၂) သောင်းခွဲဖိုး တန်းဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတဲ့သတင်း။
၄။ ဖမ်းဆီးခံရတဲ့ ကျောက်တော်မြို့က ကိုဇော်ဝင်းကို ရုံးထုတ်မည်လို့ ကျောက်တော်မြို့မှာ သင်းတွေ ထွက်ပေါ်နေတဲ့သတင်းနဲ့
၅။ ကျောက်တော်၊ မြောက်ဦးနဲ့ စစ်တွေမြို့တွေမှာ စစ်ကောင်တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ အရပ်သားစာရင်းကို ရခိုင့်တပ်တော်က ထုတ်ပြန်လိုက်တဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့-- ရခိုင်ပြည်မှာ အခြေစိုက်တဲ့ သတင်းဌာနတွေနဲ့ သတင်းသမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ပတ်သတ်လို့ နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်နဲ့ ဆက်သွယ်မေးမြန်း ထားတာကို ထုတ်လွင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)