ဇွန်လ ၂၇ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
(၁) ရသေ့တောင်မြို့နယ်မှာ ပြည်နယ် စက်မှုကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနက အရာရှိတယောက်နဲ့ အရပ်သားတစ်ယောက်ကို ရခိုင့်တပ်တော်က ဖမ်းဆီးသွားတဲ့သတင်း။
(၂) ပေါက်တောမြို့နယ် သဲခုံရွာနားမှာ မူစလင်အမျိုးသား (၉) ယောက်ကို စက်လှေတစ်စီးနဲ့အတူ ဖမ်းမိတဲ့သတင်း။
(၃) စွန်ရဲမြစ် တံတားမှာ သွယ်တန်းထားတဲ့ နိမ့်ကျနေတဲ့ ဓါတ်ကြိုးနဲ့ ထိမိလို့ မင်းပြားဒေသခံတစ်ယောက်ကို ဆေးရုံတင်လိုက်ရတဲ့ သတင်း။
(၄) ရခိုင်ပြည်မှာ မသန်စွမ်းသူတွေကိုကူညီဖို့ ရွှေရခိုင်မသန်စွန်းသူများအဖွဲ့က မင်းပြားမြို့မှာ ရုံးခန်းဖွင့်လှစ် လိုက်တဲ့သတင်းနဲ့
(၅) ကုလားတန်းမြစ် ဘက်စုံစီမံကိန်းက နောက်ဆုံးအပိုင်း ပလက်ဝ-ဇိုရမ်ပူရ်လမ်း ဖောက်လုပ်ရာမှာ မြန်မာ ကုမ္ပဏီတွေပါဝင်ကြဖို့ ဖိတ်ခေါ်ထားတဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့--- စစ်တွေမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတစ်ယောက်နဲ့ တပ်သားတစ် ယောက်ကို ရခိုင့်တပ်တော်က ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အမြန်ယာဉ်လိုင်းတွေအပါအဝင် စက်လှေ၊ ကို လားလာတွေကို သွားလာခွင့်ပိတ်ထားတဲ့အတွက် စက်လှေသမားတွေနဲ့ ခရီးသည်တွေ အခက်အခဲဖြစ် နေကြတဲ့သတင်းကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)