ဇွန်လ ၂၃ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြောက်ဦးမြို့မှာ ကျောင်းသားတွေအပါအဝင် မြို့ခံ (၃၀) ကျော်ကို ဖမ်းဆီး သွားတဲ့ သတင်း။
၂။ သက်တမ်း နှစ်ပေါင်း ၁၂၀၀ ကျော်ရှိတဲ့ ဝေသာလီခေတ် ဆီမီခွက်ရုပ်ထုတစ်ခု ရခိုင်ပြည်ကို ပြန်ရောက် လာတဲ့သတင်း
၃။ ကျောက်တာ်မြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ မိန်းကလေး (၄) ယောက် ပြန်လွတ်လာတဲ့သတင်း
၄။ မောင်တောမြို့နယ်မှာ ဆရာ၊ ဆရာမနှစ်ယောက် ပြန်ပေးဆွဲခံရတာနဲ့ ပတ်သတ်လို့ စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂနဲ့ မူစလင်ကျောင်သား၊ ကျောင်းသူတိ ကြေငြာချက် ထုတ်ပြန်လိုက်တေသတင်းနဲ့
၅။ ပလက်ဝမြို့မှာ မြေမြုပ်မိုင်းပေါက်လို့ အနာရခဲ့တဲ့ အမျိုးသမီးကို စစ်တွေဆီးရုံကို ယူဆောင်သွားတဲ့ သတင်းတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ------------------- ဒေသခံ ပြည်သူတွေကို စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက် ဖမ်းဆီးနေတာနဲ့ပတ်သတ်လို့ ဦးဦးဖေသန်းနဲ့ ဆက်သွယ် မေးမြန်းထားတာကို တင်ပြသွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊ မီဇိုး၊ မွန်၊ ဗမာ၊ ရခိုင် နှင့် ရှမ်းနီစသည့် တိုင်းရင်းသားဘာသာများဖြင့် လှိုင်းတို ၁၆ မီတာ ၁၇.၇၅၅ မက်ဂါဟက်ဇ် မှ အင်္ဂါနေ့ကနေ စနေနေ့ထိ နားဆင်နိုင်ပါသည်။
ဇိုမီးဘာသာဖြင့် တင်ဆက်သောတိုင်းရင်းသားရေဒီယိုအစီအစဉ်ကို တနင်္ဂနွေနေ့ နှင့် တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါသည်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)