ဇွန်လ ၂၂ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ မောင်တောမြို့နယ်မှာ ပြန်ပေးဆွဲခံရတဲ့ ပညာရေးဝန်ထမ်း ၂ ယောက်အရင်ဆုံး လွတ်မြောက်အောင် ဆောင်ရွက်ပေးဖို့ ရခိုင်အမျိုးသားပါတီနဲ့ ရခိုင်ဦးဆောင်ပါတီတို့ ကြေငြာချက်ထုတ် တောင်းဆိုလိုက်တဲ့ သ တင်း။
၂။ ကျောက်တော်မြို့က တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်တဲ့ လူထုဇော်ဝင်းခေါ် ကိုဇော်ဝင်းကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတဲ့သတင်း။
၃။ ပုဏ္ဏားကျွန်းမြို့မှာ ဖမ်းဆီးခံနေရတဲ့ ကျောင်းသား နှစ်ယောက်ကို လွှတ်ပေးဖို့ မိသားစုဝင် တွေ တောင်းဆိုကနေကြတဲ့ သတင်း။
၄။ ရခိုင်ပြည်မှာ လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခဖြစ်စေနိုင်တဲ့ ဖြစ်စဉ်များ ဆက်တိုက်ဖြစ်နေလို့ သတိပြုကြဖို့ ULA/AAက သတိပေးလိုက်တဲ့ သတင်း။
၅။ ကျောက်တော်မြို့မှာ မိန်းခလေး(၄) ယောက်အပါအဝင် လူပေါင်း (၄၀) နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့-------------- ကျောက်တော်မြို့မှာ ဇွန်လ (၂၁) ရက်နေ့က ဖြစ်ပျက်နေတဲ့ အခြအနေ တွေကိုသိရအောင် ဆက်သွယ် မေးမြန်းထားတာတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊ မီဇိုး၊ မွန်၊ ဗမာ၊ ရခိုင် နှင့် ရှမ်းနီစသည့် တိုင်းရင်းသားဘာသာများဖြင့် လှိုင်းတို ၁၆ မီတာ ၁၇.၇၅၅ မက်ဂါဟက်ဇ် မှ အင်္ဂါနေ့ကနေ စနေနေ့ထိ နားဆင်နိုင်ပါသည်။
ဇိုမီးဘာသာဖြင့် တင်ဆက်သောတိုင်းရင်းသားရေဒီယိုအစီအစဉ်ကို တနင်္ဂနွေနေ့ နှင့် တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါသည်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)