ဇွန်လ ၂၁ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ မောင်တောမြို့နယ်က ကျောင်းဆရာကြီးတစ်ယောက်နဲ့ ဆရာမတစ်ယောက်ကို ဖမ်းဆီးထားတာ အာဆာတပ်ဖွဲ့ဖြစ်တယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောဆိုလိုက်တဲ့သတင်း။
၂။ ကျောက်တော်မြို့မှာ ရဲတပ်ဖွဲ့ဝင် (၃) ယောက်ကို ရခိုင်တပ်တော်က ဖမ်းဆီးသွားတဲ့ သတင်း။
၃။ မြေမြုပ်မိုင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တဲ့အတွက် ပလက်ဝမြို့က စစ်ဘေးရှောင် အမျိုးသမီး (၂) ဦး ဒါဏ်ရာရရှိခဲ့တဲ့ သတင်း။
၄။ မင်းပြားမြို့နယ် မင်းဖူးရွာမှာ အမျိုးသမီးတစ်ဦး သေဆုံးမှုကို ယူအယ်အေ ရဲဌာနက စီစစ်နေတဲ့သတင်းနဲ့
၅။ စာရေးဆရာ ဆရာ ခိုင်မင်းခန့်ရေးသားတဲ့ “နှစ်ဆယ့်တစ်ရာစုအတွက် စွမ်းအားနှစ်ဆယ့်တစ်မျိုး” စာအုပ်ကို စစ်တွေမြို့မှာ မိတ်ဆက်ပွဲပြုလုပ်ခဲ့တဲ့ သတင်းတွေကို ထုတ်လွင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့--- စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ယောက် ဖမ်းဆီးခံရပြီးနောက် မြို့ခံအများ အပြားကို စစ်ကောင် စီတပ်က ဖမ်းဆီးထားတဲ့ ပုဏ္ဏားမြို့က လက်ရှိအနေခြအနေနဲ့ပတ်သတ်လို့ မြို့ခံတွေနဲ့ ဆက်သွယ် မေးမြန်းထားတာတွေကို ထုတ်လွင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊ မီဇိုး၊ မွန်၊ ဗမာ၊ ရခိုင် နှင့် ရှမ်းနီစသည့် တိုင်းရင်းသားဘာသာများဖြင့် လှိုင်းတို ၁၆ မီတာ ၁၇.၇၅၅ မက်ဂါဟက်ဇ် မှ အင်္ဂါနေ့ကနေ စနေနေ့ထိ နားဆင်နိုင်ပါသည်။
ဇိုမီးဘာသာဖြင့် တင်ဆက်သောတိုင်းရင်းသားရေဒီယိုအစီအစဉ်ကို တနင်္ဂနွေနေ့ နှင့် တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါသည်။
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)