Mizzima 108FM ၏ ဇွန်လ ၂၀ ရက်၊တနင်္လာနေ့ည မဇ္ဈီမရေဒီယိုရဲ့ သတင်းများ
Update News on Mizzima 108FM June 20 at 6:30 PM
ဇွန်လ ၂၀ ရက်၊တနင်္လာနေ့ည မဇ္ဈီမရေဒီယိုရဲ့ သတင်းများ
ဒီနေ့ည သတင်းတွေထဲမှာတော့…
− စစ်တပ်နှင့် အမြဲတမ်းလက်တွဲဆောင်ရွက်မယ်ဆိုပြီး DKBA ကပြောကြားခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တဲ့အကြောင်းနဲ့
− လားရှိုးမြို့မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံကို လူမှုကွန်ရက်တွင် မွေးနေ့ဆုတောင်းပေးတဲ့ လူငယ်ကို စစ်ကောင်စီဖမ်းဆီး သွားတဲ့ အကြောင်းတွေ ပါဝင်တဲ့ ပြည်တွင်း သတင်းတွေကို နားဆင်ကြရမှာပါ။
ဒါ့အပြင် နိုင်ငံတကာသတင်းတွေ၊ တစ်ပတ်အတွင်း အားကစားသတင်းတွေနဲ့ အပတ်စဉ် တင်ဆက်ပေးနေတဲ့ Mizzima Editorial Talk အစီအစဉ်တွေကို နားဆင်ကြရဖို့ ရှိပါတယ်။
ဒီအပတ် Mizzima Editorial Talk အစီအစဉ်မှာတော့ “ခေါင်းကိုက်စရာ စစ်ကောင်စီလက်ထက် မြန်မာ့စီးပွားရေး” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးမှုကို နားဆင်ရမှာပါ။
အဲ့ဒီနောက်မှာတော့ တိုင်းရင်းသားတွေရဲ့ အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယို အစီအစဉ်ကို နားဆင်ကြရမှာပါ။