
Sign up to save your podcasts
Or


ဒီကနေ့ညမှာတော့ -KIO နယ်မြေအတွင်း တရုတ် - မြန်မာ နယ်စပ်ဂိတ်များကို တရုတ်က ပိတ်လိုက်တဲ့သတင်း နဲ့အတူ -မြန်မာအပေါ် တရုတ်ဖိအားများနေချိန် မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်သွားတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို တင်ဆက်ပေးသွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ စစ်ခေါင်းဆောင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဆိုတဲ့သတင်း ကို နားဆင်ရမှာပါ။ အပတ်စဉ်ကဏ္ဏအနေနဲ့ သံစဉ့်အိမ် အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ် အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။ ကိုနောင်နောင်နဲ့အတူတင်ဆက်ပေးပါမယ်ရှင်။
ဒီကနေ့မနက်မှာတော့ ......တောင်ခမ်းစစ်မျက်နှာမှာ နှစ်ဖက်အင်အားဖြည့်တင်းကာ တိုက်ပွဲပြင်းထန်နေတဲ့သတင်းနဲ့အတူ အနန်းကွင်းဗျူဟာစခန်းသိမ်းတိုက်ပွဲ နောက်ဆုံးအခြေအနေတွေအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ “Human Rights Barometer” အစီအစဉ်တို့ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
- လူ့အခွင့်အရေးရှေ့နေ ဒေါ်ရွက်နုအောင်ကို အီတလီနိုင်ငံက နိုင်ငံတကာလူ့အခွင့်အရေးဆုချီးမြှင့်လိုက်တဲ့သတင်း
- မြန်မာနိုင်ငံမှာ 5G မိုဘိုင်းတပ်ဆင်ရေး ကူညီမယ်လို့ အိန္ဒိယ ကမ်းလှမ်းလိုက်တဲ့သတင်း
- ကနီမြို့နယ်တွင်တိုက်ပွဲဖြစ်၊ စစ်ကောင်စီလေကြောင်းရန်ကြောင့် ဒေသခံ ၄,၀၀၀ ခန့် စစ်ရှောင်နေရတဲ့သတင်း
- နမ့်ဖက်ကာမြို့နယ်တွင် ဗုံးသီးအတွင်းမှ ယမ်းမှုန့်များကို ထုတ်ယူရန်ကြိုးပမ်းစဉ် ပေါက်ကွဲပြီး ၂ ဦး သေဆုံးခဲ့တဲ့သတင်းနဲ့
- ၂၀၂၄ ခုနှစ် ဘယ်လာရုစ်နယ်စပ် ကင်းလှည့်မှုမှာ ပိုလန်တပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့တဲ့သတင်းတွေ အပါအဝင် တခြားအရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
ဒီကနေ့ညမှာတော့ ..... ရွှေတိဂုံဘုရားမှာ ရပ်တန့်နေတဲ့ စက်လှေကား ရုတ်တရက် ပြန်ရွေ့တာကြောင့် ဖြတ်သန်းနေသူအချို့ ထိခိုက်မှုရှိတဲ့သတင်းနဲ့အတူ မြန်မာနိုင်ငံမှာ 5G မိုဘိုင်းတပ်ဆင်ရေး ကူညီမယ်လို့ အိန္ဒိယ ကမ်းလှမ်းတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ ရဲ့ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် နွေဦးတော်လှန်အောင်ပွဲခံဆောင်းပါးကဏ္ဏနှင့်အတူ အပတ်စဉ်အစီအစဉ်ဘက်မှာတော့ “Human Rights Barometer” အစီအစဉ်တို့ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
အောက်တိုဘာလ ၁၈ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (တီးတိန်) ဘာသာ
၁။ပလက်ဝမြို့ဆေးရုံတာဝန်ခံဒေါက်တာအေးကျော်ကိုပြန်လွှတ်ပေးပြီး၊CDF - ပလက်ဝကို
ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပလက်ဝမြို့နယ်ဒေသခံ ၅ ဦးကို (AA)က ထပ်မံဖမ်းဆီး။
၂။ဟားခါး-ထန်တလန်ကြားတိုက်ပွဲ စစ်ကောင်စီဘက်က ၁၀ ယောက်ကျော်သေဆုံး။
၃။ကလေးမြို့တွင် မြို့အဝင်အထွက် ကွင်းရှောင်လမ်းများကို စစ်တပ်က ဖျက်ဆီးပြီး
မြောင်းကြီးများတူးကာ ရှောင်ကွင်းလမ်းမှ သွားလာသူများအားလုံးကို လိုက်လံဖမ်းဆီး ငွေညှစ်။
၄။ရေတာရှည် မြို့နယ် ၆၀၄ ဒုံးတပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအရာရှိလိုင်းခန်းနှင့် လက်နက် တိုက် ထိမှန်။
အောက်တိုဘာလ ၁၈ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (မီဇိုး) ဘာသာ
-ဟားခါးမြို့တွင် ညအပြင်မထွက်ကြရန် CDF – Hakha သတိပေး
- ဟားခါး-ထန်တလန်ကြားတိုက်ပွဲ စစ်ကောင်စီဘက်က ၁၀ ယောက်ကျော်သေဆုံး-CDF-Thantlang စစ်ဦးစီးချုပ် ရှေ့တန်းမှာကျဆုံး
-ပလက်ဝမြို့နယ်ထဲက ဒေသခံ ၅ ဦးကို CDF နှင့် ပတ်သက်မှု စွပ်စွဲချက်ဖြင့် ULA/ AA ထပ်မံဖမ်းဆီး
-ထိုင်းမှာ အလုပ်သွားလုပ်မယ့် လူငယ်တွေကို နယ်စပ်မှာ လိုက်ဖမ်း
အောက်တိုဘာလ ၁၈ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (ဟားခါး) ဘာသာ
- ပလက်ဝမြို့နယ်ထဲက ဒေသခံ ၅ ဦးကို CDF နှင့် ပတ်သက်မှု စွပ်စွဲချက်ဖြင့် ULA/AA ထပ်မံဖမ်းဆီး
-ပလက်ဝမြို့ (ခေတ္တ) ဆေးရုံတာဝန်ခံ ဒေါက်တာအေးကျော်ကို ULA/AA ပြန်လွှတ်
- ဟားခါး-ထန်တလန်ကြားတိုက်ပွဲ စစ်ကောင်စီဘက်က ၁၀ ယောက်ကျော်သေဆုံး
- မီဇိုရမ်မှာ မြန်မာနိုင်ငံသားတစ်ဦးထံကနေ ရူပီး သိန်း ၃၀ ကျော်တန်ဘိန်းဖြူများ ဖမ်းဆီးရမိ
-ကလေးမြို့တွင် ဧည့်စာရင်းစစ်ယောင်ဆောင်ကာ ဓားပြတိုက်မှုဖြစ်ပွားရာ ကျပ်တစ်သောင်းခွဲပါသွား
အောက်တိုဘာလ ၁၈ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
================
-ထီးလင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်နေတဲ့သတင်း
-ဟားခါး - ထန်တလန်လမ်း တိုက်ပွဲအတွင်း CDF – Zotung ဒုတပ်ရင်းမှူးနှင့်တပ်စုမှူး ကျဆုံးတဲ့သတင်း
-ကလေးမြို့မှလူငယ်ကိုတွေ စစ်ကောင်စီ အဓမ္မဖမ်းဆီးပြီး စစ်သင်တန်းပို့တဲ့သတင်း နဲ့
-ရိုဟင်ဂျာတို့ နောက်ထပ် ဝင်ရောက်မှု ဘင်္ဂလားဒေရှ့် စိုးရိမ်နေတဲဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။
#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...
ကလေးမြို့က လူငယ်များကို စစ်ကောင်စီ အဓမ္မဖမ်းဆီးပြီး စစ်သင်တန်းပို့တဲ့သတင်းနဲ့ အတူ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၀လတာအတွင်း အမျိုးသမီး ၂၂၀ ကျော် သေဆုံးတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
-ရခိုင်ပြည်နယ်မှာ ဖုန်းနှင့်အင်တာနက် ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတဲ့သတင်း
-အင်တာနက် လွတ်လပ်မှု အဆိုးဝါးဆုံးနိုင်ငံတွေအဖြစ် မြန်မာနဲ့ တရုတ် ပူးတွဲ စံချိန်တင်တဲ့အကြောင်း
-မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့နှင့် ပူးပေါင်းသွားတဲ့ တပ်ရင်းကို မိခင်ပါတီဆီပြန်လာဖို့ ကမ်းလှမ်းတဲ့သတင်း
-တရားမဝင်သွင်းကုန်တွေဆိုပြီး ဖမ်းဆီးမှုတွေ ဆက်တိုက်ရှိနေတဲ့သတင်း
-ရန်ကုန်-မော်လမြိုင်ရထားလက်မှတ်ခ မြင့်တက်တဲ့အကြောင်းနဲ့
-မလေးရှားမှာ ချင်းတိုင်းရင်းသား ၁ဦး ကျားဆွဲခံရလို့ သေဆုံးသွားတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် နိုင်ငံတကာသတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။
From the publisher's feed