Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • အောက်တိုဘာလ ၁၇ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...လေးကေ့ကော်မြို့သစ် စွယ်တော်ကုန်းဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်တဲ့ သတင်းနဲ့ အတူ အင်တာနက် လွတ်လပ်မှု အဆိုးဝါးဆုံးနိုင်ငံတွေအဖြစ် မြန်မာနဲ့ တရုတ် ပူးတွဲ စံချိန်တင်တဲ့ အကြောင်းတွေကိုကြားကြရမှာပါ။ နိုင်ငံတကာဖက်မှာတော့ အစ္စရေး တိုက်ခိုက်လာရင် ‘ယတိပြတ်’ တုံ့ပြန်မယ်လို့ အီရန်သတိပေးပြီး အရေးယူဖို့ ကုလသမဂ္ဂကို တိုက်တွန်းတဲ့ သတင်းအပါအဝင် ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှုကို ခြိမ်းခြောက်နေတဲ့ ရေပြဿနာစတဲ့ သတင်းတွေကို နားဆင်ကြရပါမယ်။အဲဒီနောက်မှာတော့ လေးဝတီFM ကပေးပို့တဲ့ ရခိုင်သတင်းအစီအစဉ်နဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။

    1 hr 4 min
  • အောက်တိုဘာလ ၁၇ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဉ်

    - မြဝတီမြို့အနီးက စွယ်တော်ကုန်းဗျူဟာစခန်းကို KNLA၊ PDF ပူးပေါင်းတပ်က သိမ်းပိုက်လိုက်တဲ့သတင်း

    - လာမယ့်လမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားမယ့်သတင်း

    - သန်းခေါင်စာရင်းကောက်ယူမှုကို စစ်ကောင်စီ ရက်ထပ်တိုးလိုက်တဲ့သတင်း

    - One Direction ဂီတအဖွဲ့က လီယမ်ပိန်း ဟိုတယ်ပေါ်က ပြုတ်ကျသေဆုံးခဲ့တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။

    13 min
  • အောက်တိုဘာလ ၁၇ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    အောက်တိုဘာလ ၁၇ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်


    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... စစ်ကောင်စီကမီတာခ တိုးမြှင့်ကောက်ခံတာကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်ရတယ်လို့ ဒေသအသီးသီးက လူထုပြောတဲ့သတင်းနဲ့အတူ စစ်ကောင်စီသတင်းပေးလို့ဆိုကာ ဒေသခံ ၆ ဦးကို KTLA သတ်ဖြတ်တယ်လို့ ထားဝယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ ထုတ်ပြန်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ “Women and Children’s Hour” အစီအစဉ်တို့ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Morningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    38 min
  • အောက်တိုဘာလ ၁၆ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    အောက်တိုဘာလ ၁၆ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    =============

    - ရခိုင်မှာ ဖုန်းလိုင်းနဲ့ အင်တာနက် ဖြတ်တောက်ထားတာကြောင့် ဆက်သွယ်ရေးနဲ့ ငွေလွှဲလုပ်ငန်းတွေ အခက်တွေ့နေတဲ့ သတင်း


    - အမြန်လမ်းမှာ ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး ၂ ဦး သေဆုံးတဲ့သတင်း


    - သီတင်းကျွတ်ပွဲတော်ကာလ မြန်မာနိုင်ငံဒေသအများစု နေရာကွက်မိုးရွာနိုင်တဲ့အကြောင်း


    - မဟာပြိုင်ဘက် ပါကစ္စတန်နိုင်ငံသို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ရှားရှားပါးပါး သွားရောက်တဲ့သတင်း


    - ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။


    #mizzimatv

    #7pmnews

    #mizzimaprimetime

    -----------------------------------------

    Video Link >> https://youtube.com/live/8dFE74wCtEA

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    30 min
  • အောက်တိုဘာလ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    အောက်တိုဘာလ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... မုံရွာမြို့ ရတနာဆိုင်ဓားပြတိုက်မှု နောက်ကွယ်က ကြိုးကိုင်သူတွေ ဖမ်းဆီးရမိပြီလို့ ဆိုတဲ့သတင်းနဲ့အတူ ရခိုင်ပြည်နယ်မှာ အာမခံတဲ့ လုံခြုံစိတ်ချရေးဇုံတခုဖန်တီးဖို့ ကုလသမဂ္ဂကို ဘင်္ဂလားဒေ့ရှ် အစိုးရအကြီးအကဲအဆိုပြုလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ ရဲ့ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် နွေဦးတော်လှန်အောင်ပွဲခံဆောင်းပါးကဏ္ဏနှင့်အတူ အပတ်စဉ်အစီအစဉ်ဘက်မှာတော့ “Women and Children’s Hour” အစီအစဉ်တို့ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Eveningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    1 hr 2 min
  • အောက်တိုဘာလ ၁၆ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (တီးတိန်) ဘာသာ

    - စစ်ကောင်စီက ကလေးမြို့ ရပ်ကွက် တချို့မှာသာ သန်းခေါင်စာရင်း ကောက်ယူ နိုင်ပြီး၊တမူးမြို့တွင်အားလုံးနီးပါး ကောက်ယူနိုင်ခဲ့ဟု သိရ။


    - တမူးမြို့မှာ ချင်းအမျိုးသားတစ်ဦး အပါအဝင် အရပ်သား ၃ ဦး အသတ်ခံရ။


    - ဟားခါး-ထန်တလန်ကြားက ဆုံးရှုံးနယ်မြေများကို စစ်ကောင်စီက စစ်ကြောင်းပြန်ထိုး၊ချင်းပြည်အစိုးရတပ်ဖွဲ့နဲ့ တိုက်ပွဲပြင်းထန်နေ


    - စစ်ကောင်စီတပ် မိသားစုဝင် ၂၀၀ နီးပါးကို TNLA ပြန်လွှတ်ပေး


    - မုံရွာတွင် သန်းခေါင်စာရင်းကောက် နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်က တိုက်ခိုက်

    9 min
  • အောက်တိုဘာလ ၁၆ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (မီဇိုး) ဘာသာ

    - တမူးမြို့မှာ ချင်းအမျိုးသားတစ်ဦးအပါဝင် အရပ်သားသုံးဦး အသတ်ခံရ


    - ဟားခါး- ထန်တလန်ကြားက ဆုံးရှုံးနယ်မြေများကို စစ်ကောင်စီက စစ်ကြောင်းပြန်ထိုး၊ချင်းပြည်အစိုးရတပ်ဖွဲ့နဲ့ တိုက်ပွဲပြင်းထန်နေ


    - ဘုတလင်မှာ သတ်ဖြတ်ခံရတဲ့ အရပ်သား ၁၇ ဦးအထိရှိလာ


    - သီပေါမြို့ကို TNLA အလုံးစုံ သိမ်းပိုက်ထိန်းချုပ်


    - မလေးရှားမှာ မြန်မာနိုင်ငံသား ၄၈ ဦး ဖမ်းဆီးခံရ

    11 min
  • အောက်တိုဘာလ ၁၆ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (ဟားခါး) ဘာသာ

    - ဟားခါး-ထန်တလန်ကြားက ဆုံးရှုံးနယ်မြေများကို စစ်ကောင်စီက စစ်ကြောင်းပြန်ထိုး၊ချင်းပြည်အစိုးရတပ်ဖွဲ့နဲ့တိုက်ပွဲပြင်းထန်နေ


    - တီးတိန်တိုက်ပွဲတွင်း မီးလောင်ပျက်စီးသွားတဲ့ အိမ်တွေ ပြန်လည်ဆောက်ဖို့ အခက်ခဲဖြစ်နေ


    - အိန္ဒိယ-မြန်မာနယ်စပ်မှာ ဖောက်ခွဲရေးပစ္စည်းအများအပြားဖမ်းဆီးရမိ

    - ပလက်ဝမြို့နယ်မှာ ဒေသခံပြည်သူတွေ ခရီးသွားလာခွင့်ကို အာရက္ခတပ်တော် (AA) ကပိတ်ပင်ထားတယ်လို့ သိရ


    - ကလေးမြို့နယ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်ကြောင်း ဒေသခံတွေ ဆန္ဒပြ

    7 min
  • အောက်တိုဘာလ ၁၆ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    - တရုတ်နယ်စပ်အနီးက နယ်ခြားစောင့်တပ်ရင်း အမှတ် (၁၀၀၂) နဲ့ ကာကင်း ၃ ခုကို KIA သိမ်းပိုက်တဲ့သတင်း


    - စီးပွားရေးအပြင် ပညာရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီး တိုးတက်အောင် လုပ်ပေးနိုင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြောတဲ့အကြောင်း


    - မြစ်ခြေမှာ စစ်ကောင်စီတပ်က ဖမ်းထားတဲ့ အရပ်သားတွေဆီကနေ ရွှေနဲ့ ပိုက်ဆံများကို သိမ်းယူပြီး ပြန်လွှတ်ပေးတဲ့သတင်း


    - NCA ကတိကဝတ်ချိုးဖောက်ပြီး နိုင်ငံရေးအမြတ်ထုတ်နေကြောင်း စစ်ခေါင်းဆောင်ရဲ့ စွပ်စွဲမှုအပေါ် EAO တွေရဲ့ တုံ့ပြန်ချက်အပါအ၀င် စိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    12 min
  • အောက်တိုဘာလ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    အောက်တိုဘာလ ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်


    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... တရုတ်နိုင်ငံနယ်စပ်အနီးက ၁၀၀၂ နယ်ခြားစောင့်တပ်ကို ကေအိုင်အေက အပြီးသတ်သိမ်းပိုက်တဲ့ သတင်းနဲ့ အတူ စီးပွားရေးအပြင် ပညာရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီး တိုးတက်အောင် လုပ်ပေးနိုင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြောတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။ သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် မရွှေမိုးရဲ့လေးညှို့သံ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။


    #Mizzimaradio

    #Morningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    34 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.