Mizzima 108FM ၏ ဇန်နဝါရီလ ၂၆ ရက် နောက်ဆုံးရစီးပွားရေးသတင်းများ
Business News on Mizzima 108FM January 26
- စစ်ကောင်စီ၏ နိုင်ငံခြားဝင်ငွေကို ပိတ်ဆို့ရေးအတွက် အရေးယူမှုများ အရေးတကြီးပြုလုပ်ရန် လိုအပ်နေသည်ဟု လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့(HRW) ပြောကြား
- ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းပြီး ရာခိုင်နှုန်းဖြင့် ငွေသားထုတ်ပေးခြင်း၊ ဈေးကစားခြင်းများကို အရေးယူမည်ဟုဆို
- (၃) လနှင့်အထက် မီတာခမပေးပါက မီတာဖြုတ်သိမ်း အရေးယူခံရမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
- ကလေး-တမူး နယ်စပ်ကုန်သွယ်ရေးဂိတ် အိန္ဒိယဘက်မှ တပတ် ယာယီပိတ်
- MOUစနစ်ဖြင့် ခေါ်ယူမည့် မြန်မာလုပ်သားငါးသောင်းကျော်အထိ ထိုင်း စာရင်း ပြုစုထားပြီးဖြစ်
- တရုတ်ချေးငွေ ယူရို ၁.၆ ဘီလီယံဖြင့် တည်ဆောက်ထားသည့် သံမဏိစက်ရုံ(မြင်းခြံ)ကို အမြန်ဆုံး လည်ပတ်နိုင်ရန်လိုကြောင်း စစ်ခေါင်းဆောင်ပြော
- စက်သုံးဆီဈေးမြင့်လာသဖြင့် တက္ကစီယာဉ်မောင်းအချို့ ပိုင်ရှင်ထံ ယာဉ်များပြန်အပ်လျှက်ရှိနေ
- ကရင်နီပြည်မှာ တော်လှန်ရေးအင်အားစုရဲ့ ပထမဆုံး ရန်ပုံငွေစီးပွားရေးလုပ်ငန်းအဖြစ် ဒီးမော့ဆိုတွင် တော်လှန်ရေးအင်အားစုက နွေဦးဆီဆိုင်ဖွင့်လှစ်
- ယခုနှစ်အတွင်း မြန်မာ့မတ်ပဲ တန်ချိန် ၆.၇၅ သိန်း ထွက်နိုင်ချေရှိဟု အိန္ဒိယဘက်က ခန့်မှန်း၊ ဝယ်လိုအားရှိသော်လည်း အထွက်နှုန်း နည်းပါးနိုင်ဟုဆို