Mizzima 108FM ၏ ဒီဇင်ဘာလ ၂၀ ရက် ည ၆ နာရီခွဲထိ နောက်ဆုံးရသတင်းများ
Update News on Mizzima 108FM December 20 at 6:30 PM
ဒီနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့ တနင်္လာနေ့ည Mizzima Radio ရဲ့ သတင်းတွေကို ကျမ မှုးက တင်ဆက်ပေးမှာပါ။
1. ကရင်ပြည်နယ် မယ်ထော်တလေး တိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်ခွဲမှူး ၂ ဦး အပါအဝင် ၅၀ ခန့်သေဆုံးဟု NUG ထုတ်ပြန်
2. ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၂ခုအတွက် အမိန့်မချဘဲ ဒီဇင်ဘာ ၂၇ရက်သို့ ရုံးချိန်းရွှေ့ဆိုင်း
3. ဖလူးကြီးကျေးရွာတွင် တိုက်ပွဲပြင်းထန်၊ ဒေသခံအများအပြား ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးရ
4. လေးကေကော် ထိန်းသိမ်းခံ လွှတ်တော်အမတ်နှင့် ဆက်စပ်သူ ၇ဦး ဖမ်းဆီးခံရ
5. တော်လှန်ရေးတပ်များအတွက် စစ်လက်နက်များထုတ်လုပ်နေမှုနှင့်ပတ်သက်၍ ပြည်သူ့စစ်သားစစ်လက်နက် ထုတ်လုပ်ရေးတပ်ဖွဲ့ (PSPT)နှင့် မေးမြန်းချက်
6. မလေးရှားသို့ သွားမည့် မြန်မာနိုင်ငံသား ၃၀ ကျော် ထိုင်းတွင် ဖမ်းဆီးခံရ
7. နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ သဘာဝဘေး အမှုအတွက် ဒေါက်တာဇော်မြင့်မောင် Video Conferencing ဖြင့် သက်သေထွက်ဆိုမည်
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားဖို့ရှိပါတယ်။
သတင်းတွေအပြီးမှာတော့ ဆက်သွယ်မေးမြန်းချက်၊ နိုင်ငံတကာသတင်းတွေ၊ နားဆင်ခံစား ဆောင်းပါး အစီအစဉ်နဲ့ BNI အစီအစဉ်တွေကိုလည်း နားဆင်ကြရမှာပါ၊