Mizzima 108FM ၏ ဒီဇင်ဘာလ ၈ ရက် ည ၆ နာရီခွဲထိ နောက်ဆုံးရသတင်းများ
Update News on Mizzima 108FM December 8 at 6:30 PM
Mizzima Radio ရဲ့ ဒီဇင်ဘာ ၈ ရက်နေ့ ဗုဒ္ဓဟူးနေ့ ည သတင်းတွေတွေကို ကျမမှုးနဲ့ မဝေယံမိုးမြင့်တို့က တင်ဆက်ပေးမှာပါ။
စစ်ကောင်စီ ရေယာဉ် ၂ စင်းကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်
ကန်ပက်လက်မြို့တွင်းတိုက်ပွဲဖြစ် ပွားရာ စစ်ကောင်စီဖက်မှ သေဆုံးဒဏ်ရာရရှိဟု ကာကွယ်ရေးတပ်ဖွဲ့ထုတ်ပြန်
သထုံမြို့ရှိ အာဏာသိမ်း စစ်ကောင်စီပိုင် Mytel ရုံးနှင့် ရဲကား ၁ စီးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ဟု MTHSF တပ်ဖွဲ့ဆို
မန္တလေး စိန်ပန်းသပိတ်အပြီး ရပ်ကွက်နေပြည်သူ ၁၃ ဦးဖမ်းဆီးခံရ
တာမွေတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးအပြီး ဧည့်စာရင်း စစ်သည်ဟုဆိုကာ ပြည်သူ ၃ ဦးကို ဖမ်းဆီးသွား
ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ရွာသား ၂၀၀၀ ကျော် တိမ်းရှောင်နေရ
မြိတ်မြို့တွင် လူစုလူဝေးဖြင့် စည်းရုံးဟောပြောခြင်း မပြုလုပ်ရန် မြို့နယ်ထွေအုပ်က အမိန့်ထုတ်ပြန်
စတဲ့ သတင်းတွေကို တင်ဆက်ပေးမှာပါ။
ပြည်တွင်းသတင်းတွေတင်ဆက်လို့အပြီးမှာတော့ ဆက်သွယ်မေးမြန်းချက်၊ နားဆင်ခံစား ဆောင်းပါးများအစီအစဉ်၊ နိုင်ငံတကာသတင်းနဲ့ BNI Radio အစီအစဉ်တွေကို တင်ဆက်ပေးမှာပါ။