စစ်လက်နက်ဝယ်ယူရေးအတွက် အဓိက ဆောင်ရွက်ပေးသည့် စစ်ထောက်ချုပ်ရုံးသို့ ETC ၏ ငွေပေးချေမှုများသည် စစ်တပ်၏ နိုင်ငံတကာ ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့နေကြောင်း Justice For Myanmar က တွေ့ရှိခဲ့သည်။ စစ်ထောက်ချုပ်ရုံးသို့ ၂၀၁၈ ခုနှစ်တွင် ငွေပေး ချေမှုနှစ်ကြိမ်နှင့် ၂၀၂၀ ခုနှစ်တွင် ငွေပေးချေမှုတစ်ကြိမ်၊ စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၅.၀၃၅ ရှိသည်ကို ပြန်လည် စစ်ဆေးသုံးသပ်သူများက စစ်ဆေးတွေ့ရှိခဲ့သည်။ စစ်ဆေးတွေ့ရှိချက်များ၏ အနှစ်ချုပ် ဖော်ပြချက်အရ စစ်တပ်သို့ ငွေပေးချေမှုများကို “နှုတ်စကားဖြင့်သာ ဆက်သွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နည်းလမ်းတကျ ရေးသားထားသည့် ပြေစာများ မရှိခဲ့ပါ။ “