Mizzima 108FM ၏ နိုဝင်ဘာလ ၂ ရက် ည ၈ နာရီထိ နောက်ဆုံးရသတင်းများ
Update News on Mizzima 108FM November 2 at 8PM
108 FM ရဲ့ နိုဝင်ဘာ ၂ ရက်နေ့ အင်္ဂါနေ့ည သတင်းတွေကို စတင်ပါတော့မယ်။
ပုလဲမြို့နယ်တွင် ရဲယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ရဲမှူးအပါအဝင် ရဲများ ဒဏ်ရာရ
စဉ့်ကိုင်မြို့နယ်၊ ရွာဘိုကျေးရွာက CDM ကျောင်းဆရာ စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံး
လောင်းလုံးမြို့နယ်တွင် သားကိုမတွေ့၍ ၅၆နှစ်အရွယ်မိခင်ဖြစ်သူကို စစ်ကောင်စီတပ်က ဖမ်းခေါ်သွား
သာကေတတွင် မဘသ အဖွဲ့ဝင် ၂ဦး အပစ်ခံရပြီး ၁ဦး သေဆုံး
ထန်တလန်မြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်းမဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်
ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်များ စစ်ကောင်စီနှင့်တွေ့ဆုံ
စစ်ကောင်စီတပ်ရဲ့ အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးခံနေရတဲ့ ကာပေါင်းကျကျေးရွာ၊ စစ်ဘေးရှောင်တွေအတွက် ကူညီသူတွေကိုပါ ဖမ်းဆီးနေ၍ အကူညီမဲ့နေ
စစ်ကောင်စီတပ်တွေရဲ့ မီးတင်ရှို့ခံခဲ့ရသော ထန်တလန်မြို့ မီးလောင်မှု နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်ပြီး ထန်တလန်မြို့ခံ တစ်ဦးကို ဆက်သွယ် မေးမြန်းချက်နဲ့ နိုင်ငံတကာသတင်း တွေကိုနားဆင်ရမှာပါ။