Mizzima 108FM ၏ အောက်တိုဘာ ၂၄ ရက် ည ၈ နာရီထိ နောက်ဆုံးရသတင်းများ
Update News on Mizzima 108FM October 24 at 8PM
108FM ရဲ့ အောက်တိုဘာ ၂၅ ရက်နေ့ တနလာၤနေ့ည သတင်းတွေကို စတင်ပါတော့မယ်။
မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံး
ကန်ကြီးထောင့်မြို့နယ် ၊ ကညင်ငူကျေးရွာအနီး စစ်ကောင်စီကား ဗုံးဖြင့် ပစ်ခံရမှုတွင်၂ ဘက် အကျအဆုံးရှိ
ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လူနေအိမ် ၈ လုံးအား မီးရှို့ဖျက်ဆီးပြီး အသုံးအဆောင် ပစ္စည်းများ ယူဆောင်သွား
ဖမ်းဆီးခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေးကုသနေရ
ပေါင်းတည်မြို့တွင် ပျူစောထီးအဖွဲ့ဝင်ဆိုသူ ရှေ့နေ သေနတ်ဖြင့် ပစ်ခတ်ခံရ
ပြင်ဦးလွင်တွင် အာဏာသိမ်းတပ်ထောက်ခံပွဲပြုလုပ်
အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်ရသည့်ကိစ္စ မဟုတ်မှန်ကြောင်း ဒေါက်တာစင်သီယာမောင် ပြော
စစ်တပ်က (၂ ) ကြိမ်မြောက် လာမွှေသည့် စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ရွှေစာရေးရွာတွင် ရွာသားများပျောက်ဆုံးမှုရှိနေ(အင်တာဗျူး)
အာဇာနည်အရိုးနဲ့ ပိတ်ပစ်ရမယ့် စစ်အုပ်စု ထွက်ပေါက်ဆိုတဲ့ ဆောင်းပါးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။