Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • စက်တင်ဘာလ ၁၆ ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    စက်တင်ဘာလ ၁၆ ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...ရေဘေးကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၁၁၃ ဦးရှိကြောင်း စစ်ကောင်စီပြောတဲ့သတင်း၊ နိုင်ငံတွင်းက နောက်ဆုံးရ ရေဘေးအခြေအနေတွေနဲ့အတူ အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားတာကြောင့် ၁၇၀၀ ခန့်ရှိလာတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့နောက်ဆုံးရ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ “Mizzima Editorail Talk” အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Eveningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    59 min
  • စက်တင်ဘာလ ၁၆ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    - အိန္ဒိယဗဟိုအစိုးရက ပလက်ဝမှစစ်တွေအထိ လျှပ်စစ်မီးပေးရန် ဆန္ဒရှိဟုဆိုတဲ့သတင်း


    - ထိုင်းမှာ ရေကြီးမှုတွေအတွင်း ကြောက်လန့်နေတဲ့ ကလေးတွေကို လှေတွေနဲ့ ဘေးကင်းရာ ကယ်ဆယ်တဲ့သတင်း


    - မဏိပူရပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် လူ ၃၃ ဦးကို အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီးတဲ့သတင်း အစရှိတဲ့ စိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    13 min
  • စက်တင်ဘာလ ၁၆ ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ -နေအိမ်တွင် ဗုံးခိုကျင်းများတူးထားရန် ပြည်သူ့ကာကွယ်ရေးတပ်ပြောလိုက်တဲ့သတင်း နဲ့အတူ -တောင်ငူခရိုင်မှာ လူရှစ်သောင်းနီးပါး ရေဘေးလွတ်ရာ ရွှေ့ပြောင်းတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး ပြည်တွင်းသတင်းလွှာအနေနဲ့ - ၉ လဆက်တိုက် ဆေးဝါးသွင်းကုန်လိုင်စင်များ ယာယီရပ်ဆိုင်းခဲ့သည့်အတွက် ဆေးဝါးများပြတ်လပ်ပြီး ဈေးနှုန်းများမြင့်တက်ခဲ့တဲ့သတင်း ကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ Key to Health ကိုလည်း နားဆင်ရမှာပါ။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်ယ်ရှင်။

    30 min
  • စက်တင်ဘာလ ၁၅ ရက်နေ့၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့-ဘားအံတွင် သံလွင်မြစ်ရေ အနည်းငယ် ပြန်ကျ၊ ရေစီးဖြင့် အလောင်း ၂ လောင်းမျောလာတဲ့သတင်း နဲ့အတူ -အင်းလေးဒေသတွင် ကျေးရွာ ၁၇၀ ကျော် ရေဘေးသင့်ပြီး အကူအညီများလိုအပ်လျက်ရှိနေတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။အဲ့ဒီနောက်မှာတော့ သတင်းပေးပို့ချက်အနေနဲ့ -တိုက်ပွဲတွေ ပြင်းထန်နေချိန် ဒေသ ၅ ခုထက်မနည်းမှာ စစ်မှုထမ်းသင်တန်းအပတ်စဉ် (၅) ထပ်ဖွင့် တဲ့သတင်း ကို နားဆင်ရမှာပါ။ နောက်ထပ် အပတ်စဉ်ကဏ္ဏအနေနဲ့Key to Health အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါရှင်။

    1 hr 2 min
  • စက်တင်ဘာလ ၁၅ ရက် ၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ - ဘားအံမြို့တွင် သံလွင်မြစ်ရေ စံချိန်တင်ရေမှတ်သို့ရောက်ရှိပြီး တမြို့လုံးနီးပါး ရေနစ်မြုပ်ခဲ့တဲ့သတင်း နဲ့အတူ - ရခိုင်ပြည်နယ်က လက်ကျန်မြို့တွေကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေကြောင်း AA ပြောလိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ ရထားလမ်းများရေလျှံနေခြင်းကြောင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်များရပ်ဆိုင်းလိုက်တဲ့အကြောင်း ကိုနားဆင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ ရွာစဉ်လှည့် သီချင်းဆိုပြီး တပ်ဖွဲ့ရန်ပုံငွေ ရှာနေတဲ့ ဒီပဲယင်း ဗိုလ်ကျားကြီးအကြောင်း အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်ရှင်။ ကိုစိုင်းခန့်နဲ့အတူ တင်ဆက်ပေးပါမယ်ရှင်။

    31 min
  • စက်တင်ဘာလ ၁၄ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ - လားရှိုးတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့တဲ့သတင်း နဲ့အတူ -မြန်မာနိုင်ငံ ရေဘေးနှင့် စစ်ဘေးရှောင်များအတွက် ဂျပန်ရှိ မြို့ ၅ မြို့တွင် ရန်ပုံငွေ ဖျော်ဖြေပွဲ ပြုလုပ်မည့်သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ နောက်ထပ်အစီအစဉ်အနေနဲ့ - ထိုင်းနိုင်ငံမှာ ကာလတိုသင်တန်းအတွက် Passport သက်တမ်း တိုးပေးတော့မှာမဟုတ်ကြောင်း မြန်မာသံရုံး ထုတ်ပြန်လိုက်တဲ့အကြောင်း သတင်းပေးပို့ချက်ကိုတင်ဆက်ပေးမှာပါ။ အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ ရွာစဉ်လှည့် သီချင်းဆိုပြီး တပ်ဖွဲ့ရန်ပုံငွေ ရှာနေတဲ့ ဒီပဲယင်း ဗိုလ်ကျားကြီးအကြောင်း အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ

    1 hr
  • စက်တင်ဘာလ ၁၄ ရက် ၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ ရမည်းသင်းမြို့နယ်မှာ သပြေပင်ရွာ တရွာလုံး နှုန်းမြေတွေအောက်ရောက်ရှိ ပျက်စီးသွားတဲ့သတင်းနဲ့အတူ ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီစခန်းကို ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။

    ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ Human Rights Barometer အစီအစဉ်တို့ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    36 min
  • စက်တင်ဘာလ ၁၃ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    - နိုင်ငံတစ်ဝန်း ရေကြီးမှုကြောင့် လူသေဆုံးမှုတွေရှိလာတဲ့သတင်း

    - ဟားခါး ပြည်နယ်အစိုးရရုံးအနီးတိုက်ပွဲဖြစ်တဲ့သတင်း

    - ၉ လဆက်တိုက် ဆေးဝါးသွင်းကုန်လိုင်စင်တွေ ယာယီရပ်ဆိုင်းခဲ့တာကြောင့် ဆေးဝါးတွေပြတ်လပ်ပြီး ဈေးနှုန်းတွေမြင့်တက်ခဲ့တဲ့သတင်း

    - မဏိပူရပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် လူ ၃၃ ဦးကို အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီးတဲ့သတင်း

    - ညနေ ၅ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။

    30 min
  • စက်တင်ဘာလ ၁၃ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ ရေလှောင်တမံ ၆၃ ခုမှာ ရေပိုလွှဲကနေ ရေကျော်စီးဆင်းနေတယ်လို့ စစ်ကောင်စီပြောတဲ့သတင်းနဲ့အတူ ထိုင်းနိုင်ငံမှာ ကာလတိုသင်တန်းအတွက် Passport သက်တမ်း တိုးပေးတော့မှာမဟုတ်ကြောင်း မြန်မာသံရုံး ထုတ်ပြန်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ Human Rights Barometer အစီအစဉ်တို့ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    1 hr 3 min
  • စက်တင်ဘာလ ၁၃ ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...

    ဖားကန့် ဆိုင်းတောင်ရဲစခန်း KIA သိမ်းပိုက်ပြီးနောက် တိုက်ပွဲ ဆက်ဖြစ်နေတဲ့ သတင်းနဲ့အတူ ကြေးနီစီမံကိန်းရဲ့ အက်စစ်ကားတွေကိုလုံခြုံရေးယူပေးနေတဲ့ စစ်ကြောင်းကြောင့် ဒေသခံတွေ တိမ်းရှောင်နေရအကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။

    သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။

    35 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.