
Sign up to save your podcasts
Or


စက်တင်ဘာလ ၁၀ ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================================
ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...မောင်တောက AA ရဲ့ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းတွေအပါအဝင် လူ ၅၀ ကျော်သေဆုံးတဲ့သတင်းနဲ့ မန္တလေးမြို့မှာ ဓားပြတိုက်မှုဖြစ်ပွားပြီး ရွှေ ၁၀ ပိဿာ ကျော်နဲ့ ကျပ်သိန်း ၁,၀၀၀ ကျော်ပါသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့နောက်ဆုံးရ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ “Key To Health” အစီအစဉ်နဲ့ မရွှေမိုးရဲ့လေးညှို့သံဆောင်းပါးအစီအစဉ်တို့ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#Mizzimaradio
#Eveningradio
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
၁။ AA နှင့် စားပွဲဝိုင်းတွင် တွေ့ဆုံဖြေရှင်းမှုမျိုးကို ချင်းတော်လှန်ရေးအင်အားစုများကလိုလားသောကြောင့် သုံးကြိမ်တွေ့ဆုံခဲ့ကြောင်း CNF ပြော
၂။ CDF - အရှို အခြေခံစစ်သင်တန်းတွင် ရဲဘော် ၃ ပုံ၊ ၁ ပုံခန့်မှာ စစ်ဖိနပ်များပင် မရှိဟု ဆို
၃။ ကလေးမြို့မှာ လမ်းသွားလမ်း နှစ်ဦးဆီကနေ ဆိုင်ကယ်၊ ဖုန်း နဲ့ ပိုက်ဆံကို စစ်ကောင်စီခြိမ်းခြောက်တောင်
၄။ ပလက်ဝမှာ စက်လှေအချင်းချင်း မတော်တဆ တိုက်ခိုက်မူဖြစ်လို့ ကလေးငယ်တစ်ဦးရေနစ်သေဆုံး
- ဂန့်ဂေါ၊ထီးလင်း၊ကျော-ပုံတောင်-ပုံညာ ကားလမ်းပြန်လည်သွားလာလို့ရပြီ
- ငဖဲမြို့နယ်က ချင်းရွာ သုံးရွာကို စစ်ကောင်စီက ဆန်နဲ့ စားသောက်ကုန်တွေသယ်ယူခွင့် ပိတ်ထား
- နှစ်ပတ်အတွင်း စစ်ကောင်စီက ချင်းအပါအ၀င် တိုင်းနဲ့ ပြည်နယ် ၇ခုကို ဗုံးကြဲလို့ အရပ်သား ၄၀သေဆုံး
- မြင်းခြံမှာ စစ်ကြောင်းထိုးချိန် အမျိုးသမီး သုံးဦး သတ်ဖြတ်ခံရ
- ဖမ်းဆီးခံ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃၀ ကျော်ကို ထိုင်းက လွှဲပြောင်းပေး
- စစ်ခေါင်းဆောင်ရဲ့ ခြိမ်းခြောက်မှုကြောင့် အရပ်သားတွေ လေကြောင်းရန် စိုးရိမ်မှုပိုတိုးလာတဲ့သတင်း
- ပေါက်တောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် AA ကျန်းမာရေး ဝန်းထမ်းအချို့ အပါအဝင် ၁၇ ဦး သေဆုံးတဲ့သတင်း
- ကားလမ်းပေါ် ပစ်သတ်ခံရတဲ့ မြင်းခြံမြို့နယ် ရွာကြီးရွာသစ်က အမျိုးသမီး ၂ ဦးကို မီးသင်္ဂြိုဟ်တဲ့သတင်း
- မင်းတုန်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် နေအိမ်အချို့နဲ့ ကျောင်းဆောင် ပျက်စီးတဲ့သတင်း အပါအ၀င် စိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ၊၊
စက်တင်ဘာလ ၁၀ ရက်၊ အင်္ဂါနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းနဲ့ ညီတဲ့ ပညာရေးဗျူရိုကရေစီယန္တရား တည်ဆောက်သွားမယ်လို့ ချင်းပညာရေးဝန်ကြီး ပြောတဲ့သတင်းနဲ့အတူ စစ်ခေါင်းဆောင်ရဲ့ ခြိမ်းခြောက်မှုကြောင့် အရပ်သားတွေ လေကြောင်းရန် စိုးရိမ်မှုပိုတိုးလာတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ “Mizzima Editorail Talk” အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#Mizzimaradio
#Morningradio
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
စက်တင်ဘာလ ၉ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
=======================================================
-လားရှိုးမြို့လေကြောင်းတိုက်ခိုက်မှု အရပ်သား ၁၂ ဦးထက်မနည်းဒဏ်ရာရတယ်လို့ MNDAA ထုတ်ပြန်တဲ့သတင်း
-ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အဖွဲ့ခေါင်းဆောင် ဦးယွပ်ဇော်ခေါင် ပစ်ခတ်ခံရတဲ့သတင်း
-ဒေါ်လာနဲ့ ရွှေဈေး ဆက်တိုက်ပြန်ကျဆင်းလာတဲ့သတင်း
-ညွန့်ပေါင်းတပ်ဖွဲ့တွေ အဆင့်အလိုက် ရုပ်သိမ်းဖို့ အမေရိကန်နဲ့ အီရတ် သဘောတူတဲ့ သတင်း
- ညနေ ၅ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။
#mizzimatv
#7pmnews
#mizzimaprimetime
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
စက်တင်ဘာလ ၉ ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================================
ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...လားရှိုးမြို့ ကို စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ ၁၂ ဦးထက်မနည်းထိခိုက်တဲ့သတင်းနဲ့အတူ
မြန်မာဘာသာစကားနဲ့ သင်ကြားနေတဲ့ ပညာရေးစင်တာ ၆ ခုကို ထိုင်းအစိုးရ ပိတ်သိမ်းလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့နောက်ဆုံးရ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။
ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ “Mizzima Editorail Talk” အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#Mizzimaradio
#Eveningradio
-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
- ပြည်ပမှာ ကျောင်းတက်မယ့် လူငယ်တွေ ရန်ကုန်လေဆိပ်လမ်းကြောင်းရှင်းခ ပေးဆောင်နေရတဲ့သတင်း
- မြင်းခြံ-နွားထိုးကြီး ကားလမ်းမှာ စစ်မှုထမ်းဟောင်း ၂ ဦးကို လက်ပစ်ဗုံးနဲ့အတူ ဖမ်းမိတဲ့သတင်း
- ကလေးမြို့နယ်မှာ ယားနာအဖြစ်များပြီး ဆေးဝါးအခက်အခဲရှိတဲ့သတင်း
- တနင်္သာရီမှာ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားတဲ့ သတင်းအပါအဝင်တခြား စိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
ဒီကနေ့မနက်မှာတော့ -တနင်္သာရီတွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တဲ့သတင်းနဲ့အတူ -ကလေးမြို့နယ်တွင် ယားနာအဖြစ်များပြီး ဆေးဝါးအခက်အခဲရှိနေတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး ပြည်တွင်းသတင်းလွှာအနေနဲ့ စစ်အာဏာသိမ်းမှုအောက် ကျန်းမာရေးနဲ့ပညာရေးစနစ် ပြိုလဲလုနီးဒဏ်ကို မြန်မာကလေးငယ်တွေ ခါးစည်းခံနေတဲ့သတင်းကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ အထူးစစ်ဆင်ရေးအဖွဲ့ SOF တာဝန်ခံနဲ့ ဆက်သွယ်မေးမြန်းချက် ကိုလည်း နားဆင်ရမှာပါ။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ကိုနောင်နောင်နဲ့အတူ တင်ဆက်ပေးပါမယ်ရှင်။
ဒီကနေ့ညမှာတော့ -ကလေးမြို့တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုတင်းကျပ်ပြီး အဓမ္မငွေတောင်းတဲ့သတင်း နဲ့အတူ -မြင်းခြံနှင့် နွားထိုးကြီးတွင် စစ်ကောင်စီက လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲချတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။အဲ့ဒီနောက်မှာတော့ သတင်းပေးပို့ချက်အနေနဲ့ စစ်ခေါင်းဆောင်ရဲ့ခရီးစဉ် လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရပြီးနောက် ကရင်နီတွင် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခံရတဲ့အကြောင်းကို နားဆင်ရမှာပါ။ နောက်ထပ် အပတ်စဉ်ကဏ္ဏအနေနဲ့အထူးစစ်ဆင်ရေးအဖွဲ့ SOF တာဝန်ခံနဲ့ ဆက်သွယ်မေးမြန်းချက် အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။ ကိုနောင်နောင်နဲ့အတူတင်ဆက်ပေးပါမယ်ရှင်။
From the publisher's feed