Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • စက်တင်ဘာလ ၈ ရက် ၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ - စစ်တွေမှာ ထောင်ဒဏ်ချမှတ်ခံရတဲ့ ဗျိုင်းဖြူရွာသား သုံးရာနီးပါး ရှိလာတဲ့သတင်းနဲ့အတူ - ပင်လည်ဘူးမှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ စစ်ကောင်စီကို နိုင်ငံနဲ့ ပြည်သူလူထုရဲ့ ရန်သူအဖြစ် သတ်မှတ်ကြောင်း NUG ကြေညာလိုက်တဲ့သတင်းကိုနားဆင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အပတ်စဉ်ကဏ္ဍအစီအစဉ်ဖြစ်တဲ့ သံစဉ့်အိမ် အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်ရှင်။

    32 min
  • စက်တင်ဘာလ ၇ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ - နိုင်ငံအဝန်း လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်များအပါအဝင် ၂၇ ဦး သေဆုံးကြောင်း NUG ထုတ်ပြန်လိုက်တဲ့သတင်း နဲ့အတူ - ကျိုက်ထိုမှ မျောက်ကျောက်သံသယ လူနာ ရောဂါဖြစ်ပွားနေခြင်း မဟုတ်ဘူးဆိုတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ နောက်ထပ်အစီအစဉ်အနေနဲ့ အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး စစ်ကောင်စီ ကိုယ်စားလှယ် တက်ရောက်ခဲ့တဲ့အကြောင်းသတင်းပေးပို့ချက်ကိုတင်ဆက်ပေးမှာပါ။ အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ သံစဉ့်အိမ် အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။ ဂျူချန်းနဲ့အတူ တင်ဆက်ပေးပါမယ်ရှင်။

    1 hr
  • စက်တင်ဘာလ ၇ ရက် ၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ မိသားစုဝင် ၆ ဦး သေဆုံးသွားတဲ့ လေကြောင်းတိုက်ခိုက်ခံရမှု မြိုင်မြို့နယ် လက်ယက်မရွာမှာ ဖြစ်ပွားတဲ့သတင်းနဲ့အတူ စစ်အာဏာရှင်တော်လှန်ရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတဲ့ အမျိုးသမီးတော်လှန်ရေးသမားတွေအကြောင်း သတင်းလွှာအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ အပတ်စဉ်ကဏ္ဏဘက်မှာတော့ ဆက်သွယ်မေးမြန်းချက် အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။

    39 min
  • စက်တင်ဘာ ၆ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဉ်

    - နွားထိုးကြီးတွင် စစ်ကောင်စီလေကြောင်းရန်ကြောင့် ရွာငါးရွာမှ ဒေသခံ ၅,၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေတဲ့သတင်း


    - စစ်ကောင်စီကို တရုတ်နိုင်ငံက ပံ့ပိုးနေမှုများ ရပ်တန့်ရန် မြန်မာအရပ်ဘက်အဖွဲ့ ၂၇၆ ခု တောင်းဆိုလိုက်တဲ့သတင်း


    - နမ့်ခမ်းမြို့ လေကြောင်းစီးနင်းခံရမှု သေဆုံးသူ ၁၁ ဦးအနက် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး နှစ်ဦး ပါဝင်တဲ့သတင်း


    - ပြည်ပရောက် မြန်မာအလုပ်သမားများ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို ပြန်လည် လွှဲပြောင်းဖို့ စစ်ကောင်စီ အကျပ်ကိုင်နေတဲ့အကြောင်းနဲ့


    - ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်းအနေနဲ့ တရားမရင်ဆိုင်ရခင် ‘နှုတ်ဆိတ်နေသင့်’ လို့ ယူနွတ် ပြောလိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

    30 min
  • စက်တင်ဘာလ ၆ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ AA အဖွဲ့နဲ့ မိတ်ဆွေဖြစ်ဖို့လိုအပ်ကြောင်း မီဇိုရမ်ဝန်ကြီးချုပ်ပြောတဲ့သတင်းနဲ့အတူ လက်လွှတ်ခဲ့ရတဲ့ မြို့နယ်တွေကို စစ်ကောင်စီ ဆက်တိုက်လေကြောင်းတိုက်ခိုက်နေတဲ့အတွက် ပြည်သူအစုလိုက်အပြုံလိုက် သေဆုံးရတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့နောက်ဆုံးရ ကုန်စျေးနှုန်းတွေနဲ့ သတင်းဆောင်းပါးကဏ္ဍတို့ကို နားဆင်ကြရမှာပါ။အပတ်စဉ်ကဏ္ဍဘက်မှာတော့ ဆက်သွယ်မေးမြန်းချက် အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။

    1 hr 2 min
  • စက်တင်ဘာလ ၆ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (ဟားခါး) ဘာသာ

    စက်တင်ဘာလ ၆ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (ဟားခါး) ဘာသာ


    ၁။ ပလက်ဝစစ်ဘေးရှောင်ကျောင်းများတွင် ဆရာ၊ ဆရာမ အင်အားမလုံလောက်၊


    သင်ထောက်ကူပစ္စည်းများ အကူအညီလိုအပ်နေ


    ၂။ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းသင့်ဟုဆို


    ၃။ မင်းတပ်မြို့ပေါ်က အသက်မပြည့်သေးသော ကျောင်းသူ (၂) ဦးကို မင်းတပ်-CDF ကဖမ်းဆီးဟု ဆို

    13 min
  • စက်တင်ဘာလ ၆ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (မီဇိုး) ဘာသာ

    စက်တင်ဘာလ ၆ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (မီဇိုး) ဘာသာ


    -ဟားခါးရှိ စစ်ကောင်စီလက်အောက်ခံရဲတပ်သား တစ်ဦး CDF-Hakha ထံလက်နက်နဲ့အတူအလင်းဝင်


    - CB/ICNCC နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသော မည်သည့်နိုင်ငံရေးနှင့် လက်နက်ကိုင်အဖွဲ့ကိုမှကန်ပက်လက်မြို့နယ်ထဲ လက်မခံဟု ကန်ပက်လက်မြို့နယ်ကောင်စီအဖွဲ့ ထုတ်ပြန်


    -ပလက်ဝစစ်ဘေးရှောင်ကျောင်းများတွင် ဆရာ၊ ဆရာမ အင်အားမလုံလောက်၊သင်ထောက်ကူပစ္စည်းများ


    -မြန်မာနိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားတယ်လို့ NUG ပြော


    -အိန္ဒိယ- မြန်မာနယ်စပ် တစ်နေရာမှာ စစ်ဘေးရှောင် မွေးကင်စ ကလေးငယ် တစ်ဦးသွေးလွန်တုပ်ကွေးရောဂါနဲ့ သေဆုံး

    12 min
  • စက်တင်ဘာလ ၆ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    စက်တင်ဘာလ ၆ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    ================

    -မြောက်ဥက္ကလာပမြို့နယ်ရှိ စိန်ပန်းမြိုင်ရဲရိပ်သာ ယာဉ်ထိန်းရုံး လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရ တဲ့သတင်း


    -တောင်ခမ်းကို လက်လွှတ်ရရန် နီးကပ်နေပြီး တောင်ခမ်းကျပါက တော်လှန်ရေးတပ်များ ပြင်ဦးလွင်ကို စစ်ဆင်နိုင်ပြီဆိုတဲ့သတင်း


    -စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ဩဂုတ်လအတွင်း အမျိုးသမီး ၇၀ သေဆုံးပြီး ၅၉ဦး ဒဏ်ရာရခဲ့တဲ့သတင်းနဲ့


    -မလေးရှားသွားမယ့် အထောက်အထားမဲ့ မြန်မာတွေကို ထိုင်းတာဝန်ရှိသူတွေဖမ်းဆီးလိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။


    #12pmnews

    #Mizzimanewshour

    #MizzimaTV

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    12 min
  • စက်တင်ဘာလ ၆ ရက်၊ သောကြာနေ့ မနက်ဘက် မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...

    စိန်ကျော့နဲ့ မိုင်းခေးဌာနေပြည်သူ့စစ် ၂ ဖွဲ့လုံး လက်နက်အပြည့်အစုံနဲ့ မိခင်တပ်ရင်း SSPP ထံ ပူးပေါင်းတဲ့ သတင်း နဲ့ အတူ

    မြောက်လူးကန်ရွာ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးတယ်လို့ ဆိုတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။

    သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။

    36 min
  • စက်တင်ဘာလ ၅ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    - စားအုန်းဆီဝယ်ယူခွင့်စာအုပ်နဲ့ ၁၀ ရက် ၁ ကြိမ်သာ ဆီ  ၅၀ ကျပ်သား ဝယ်ခွင့်ရတဲ့အကြောင်း


    - ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးကြောင်း KNU ပြောတဲ့သတင်း


    - ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းမှ တရုတ်ကုမ္ပဏီ YATAI လုပ်ငန်းများဖျက်သိမ်း၍ ထွက်ခွာတော့မယ်လို့ သတင်းထွက်နေတဲ့အကြောင်း


    - စိန်ကျော့နှင့် မိုင်းခေးဌာနပြည်သူ့စစ် ၂ ဖွဲ့လုံး လက်နက်အပြည့်အစုံဖြင့် မိခင်တပ်ရင်း SSPP ထံ ပူးပေါင်းတဲ့သတင်း


    - မျောက်ကျောက်ရောဂါ သံသယလူနာ၁ ဦး ထားဝယ်မှာ တွေ့ရှိတဲ့သတင်း 


    - ဝေါမြို့က ရဲစခန်းတိုက်ခိုက်မှုမှာ အရပ်သား ၂ဦးသေဆုံးခဲ့ရတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။​

    31 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.