Mizzima 108FM ၏ အောက်တိုဘာလ ၄ ရက် ညပိုင်း ၈ နာရီထိ နောက်ဆုံးရသတင်းများ
Daily News on Mizzima 108FM October 4 at 8PM
အဂတိအမှုအတွက် ဦးဖြိုးမင်းသိန်းထွက်ဆိုချက်များ " All absurd (မဟုတ်တန်းတရားများ)" ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်တုံ့ပြန်
မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်အား ပြောက်ကျားတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော် သေဆုံး၊ ၁၀ ဦးဒဏ်ရာရ
လှိုင်သာယာတွင် ဗုံးပေါက်ကွဲမှုဖြစ် စစ်ကောင်စီတပ်သား ၅ ဦးခန့်သေဆုံးဟု CGF ဆို
ထန်တလန်မြို့နယ်ရှိ ဝမ်းသူးစခန်းကို ကာကွယ်ရေးတပ်များက ဖျက်ဆီး
စစ်ကား ၈၀ ပါယာဉ်တန်းကို ပုလဲ PDF မှ မိုင်း ၂၇ လုံးဖြင့်တိုက်ခိုက်၊ ကား ၅ စီးပျက်စီး
ဧရာဝတီတိုင်း ငရုတ်ကောင်းမြို့သဲဖြူကျေးရွာ ဓားဖြင့်ခုတ်သတ်ခံရသော "ဒလန်" ၂ ဦး၏ အလောင်းများပြန်တွေ့
အာဏာသိမ်းမှုနောက်ပိုင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ ကလေးငယ်ပေါင်း ၇၆,၀၀၀ ကျော် ရှိ
မင်းတပ်တွင် ရိက္ခာနှင့် ဆေးဝါးပြတ်တောက်သည့်ဒုက္ခကြုံတွေ့နေပြီး အာဟာရပြတ်သေဆုံးသည့် ကလေးငယ်များရှိလာ
သတင်းထောက် မသူဇာအား အောက်တိုဘာ ၁၃ ရက်တွင် ရုံးတင်မည်
ယခင်အစိုးရလက်ထက်က ဖမ်းဆီးထားသည့် ရာဇဝတ်အချုပ်သားများ ပြန်လွှတ်ပေး
လမ်းချင်းတူရင် တွေ့မယ်၊ ပန်းဝင်ချိန်သတ်မှတ်ဖို့ပဲ လိုတယ်...(ဆောင်းပါး) နဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။