IMNA Monland Myanmar Podcast
- ရေးမြို့နယ် မော့ကနင်ကျေးရွာ သံဖြူဇရပ်-ရေးကားလမ်းမှာ မနေ့က
ရော်ဘာခြစ်လုပ်သား ၂ ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့
- မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ တာဝန်ယူထားတဲ့
တိုင်းစစ်ဌာနချုပ်တိုင်းမှူးတွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြောင်းလဲမှုတွေလုပ်ခဲ့
- မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ်တွေ
ပြောင်းလဲတပ်ဆင်ဖို့ သတ်မှတ်ရက်ကို ဧပြီလကုန်ထိ အချိန်ထပ်မံတိုးမြှင့်ပေး
- လာမယ့် သင်္ကြန်ကာလမှာ အဖွဲ့အစည်းတစ်ခုခုကို ထိခိုက်စေတဲ့
သံချပ်ထိုးတာ၊ သီချင်းဆိုတာတွေမလုပ်ဖို့ စစ်ကောင်စီရဲ့သာသနာရေးနဲ့
ယဥ်ကျေးမှုဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်တားမြစ်ခဲ့
- MOU စနစ်နဲ့လာတဲ့ မြန်မာအလုပ်သမားတထောင့်ငါးရာလောက်ကို
အခုရက်ပိုင်းမှာပဲ အချိန်ပိုမဆင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ အတူ
တခြားသောအကြောင်းပြချက်တွေနဲ့ စက်ရုံတွေဘက်က ထုတ်ပယ်
- နေ့စဥ်ကုန်စျေးနှုန်းသတင်းအပါအဝင် မြန်မာ့နှစ်သစ်ကူးကာလအလွန်
နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမယ်ဆိုပြီး နိုင်ငံရေးသုံးသပ်သူတွေ
ပြောကြားတဲ့ သတင်းပေးပို့ချက်ကိုလည်း နားဆင်ရမှာပါ။