Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
You can now listen MON RADIO program in Myanmar language, to get news from Mon areas in Southern Burma, please subscribe - Monland Myanmar Podcast.----မြန်မာပြည်တောင်ပိုင်း မွန်ဒေသ မွန်တိုင်းရင်းသားအ... more
FAQs about Monland Podcast (Myanmar):How many episodes does Monland Podcast (Myanmar) have?The podcast currently has 395 episodes available.
March 23, 2023IMNA Monland Myanmar Podcast (24.3.2023)IMNA Monland Myanmar Podcastအစီအစဥ် (မတ်လ ၂၄ ၊ ၂၀၂၃)- ကျိုက်ထီးရိုး ဝိဇ္ဇာတောင်တွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ သေဆုံး- ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မြိတ်မြို့မှာ စစ်ကောင်စီက တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဖိုရမ်ပြုလုပ်နေ- ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်မှာဖြစ်တဲ့အတွက် လျှပ်စစ်ဝန်အားလျှော့ချ- ကရင်နီပြည်နယ်တွင် မနေ့ နေ့လယ်ပိုင်းက အရပ်သားတွေ အလုပ်လုပ်နေတဲ့ သစ်လုပ်ငန်းနေရာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်- ထိုင်းနိုင်ငံအနောက်ပိုင်းမှာ အထောက်အထားမရှိဘဲ ကြိုပို့ဘတ်စ်ကားစီးပြီး အလုပ်ဆင်းတဲ့ မြန်မာအလုပ်သမား ၄၃ ဦး အဖမ်းခံရ- နေ့စဥ်ကုန်စျေးနှုန်းသတင်းအပါအဝင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို ပြန်ဖွဲ့စည်းပြီး ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဒေါ်စောမြရာဇာလင်းဟာ တရားမဝင်ဘူးလို့ ALP က ပြောဆိုလိုက်တဲ့ သတင်းပေးပို့ချကိုလည်း နားဆင်ရမှာပါ။...more14minPlay
March 23, 2023IMNA Monland Myanmar Podcast (23.2.2023)IMNA Monland Myanmar Podcastအစီအစဥ် (မတ်လ ၂၃ ၊ ၂၀၂၃)- စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ် ပြဌာန်းခဲ့ပြီးနောက် နိုင်ငံရေးပါတီ ၃၈ ပါတီအထိ ရှိလာ- သထုံမြို့နယ် ဆူးအင်းကျေးရွာရှိ Mytel ဖုန်းတာဝါတိုင် တနေ့က မနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရ- မနေ့ညပိုင်းက ရန်ကုန်-မန္တလေး အဆန်ရထားတစ်စီး မိုင်းဆွဲခံခဲ့ရ- စစ်ကောင်စီနှင့် ‘ဝ’၊ မိုင်းလား၊ SSPP တို့ နေပြည်တော်တွင် တွေ့ဆုံ- ထိုင်းနိုင်ငံ မြန်မာနိုင်ငံသားတွေ နေထိုင်တဲ့ လေးထပ်အိမ်ယာဝင်းတစ်ခုကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စီးနင်း- နေ့စဥ်ကုန်စျေးနှုန်းသတင်းအပါအဝင် စစ်ခေါင်းဆောင်တွေကို NUG က နိုင်ငံတကာ ခုံရုံးတွေမှာ အရေးယူနိုင်မှာလားဆိုတဲ့ သတင်းပေးပို့ချက်ကိုလည်း နားဆင်ရမှာပါ။...more13minPlay
March 22, 2023IMNA Monland Myanmar Podcast (22.3.2023)IMNA Monland Myanmar Podcastအစီအစဥ် (မတ်လ ၂၂ ၊ ၂၀၂၃)- ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီတပ်တို့မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေမှုကြောင့် ဒေသခံပြည်သူ ၇၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ကြရ- ရေးမြို့နယ် ကျောင်းရွာကျေးရွာနဲ့ အိုင်ရှည်ကျေးရွာအကြားရှိ ချောင်းကူးဝါးတံတား ဖျက်ဆီးခံရပြီးနောက် ဒေသတွင်းက ကျေးရွာ ၈ ရွာထက်မနည်းက ပြည်သူတွေ သွားလာရေး အခက်အခဲကြုံတွေ့ရ- ပြည်တွင်းရွှေဈေးကွက်ကိုလည်း မတည်မငြိမ်ဖြစ်အောင် ဈေးကစားနေသူတွေကို စုံစမ်းဖော်ထုတ်ပြီး အရေးယူသွားမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်- အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီကို မှတ်ပုံပြန်တင်မှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဆုံးဖြတ်- ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်း ခေါင်မိုးတစ်ခုအပေါ် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး ရေကန်သန့်ရှင်းရေးလုပ်ရာက ဓာတ်လိုက်ပြီး သေဆုံးခဲ့- နေ့စဥ်ကုန်စျေးနှုန်းသတင်းအပါအဝင် တိုင်းရင်းသားပြည်သူရဲ့ ဆန္ဒကိုဆန့်ကျင်တဲ့ လုပ်ရပ်မျိုး လုပ်မှာမဟုတ်လို့ NUG က ပြောဆိုလိုက်တဲ့ သတင်းပေးပို့ချက်ကိုလည်း နားဆင်ရမှာပါ။...more14minPlay
March 21, 2023IMNA Monland Myanmar Podcast (21.3.2023)IMNA Monland Myanmar Podcastအစီအစဥ် (မတ်လ ၂၁၊ ၂၀၂၃)- စစ်ကောင်စီက လက်နက်ကြီးကြောင့် ဘီးလင်းမြို့နယ်မှာ အမျိုးသား ၂ ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ- ပေါင်မြို့နယ် မုတ္တမမြို့က စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦး မနေ့က မနက်ပိုင်းမှာ ဆွဲကြိုးချ သေဆုံး- ကညနရုံးတွေမှာ နံပါတ်ပြားပြောင်းလဲလျှောက် ထားသူများပြား- သျှမ်းပြည် လင်းခေးခရိုင် မိုင်းပန်မြို့မှာ ပြုလုပ်တဲ့ ရှင်လောင်းပွဲကို အကြောင်းပြပြီး စစ်ကောင်စီ မှ လောင်းကစားဝိုင်း ဖွင့်လှစ်ဖို့ ခွင့်ပြု- နေ့စဥ်ကုန်စျေးနှုန်းသတင်းအပါအဝင် ရခိုင်အမျိုးသားနိုင်ငံရေး လိုအပ်ချက်တွေ ဆောင်ရွက်နိုင်ဖို့အတွက် ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးကို ကိုယ်စားပြုပြီး ပါတီမှတ်ပုံတင်ခဲ့တဲ့သတင်းပေးပို့ချက်ကိုလည်း နားဆင်ရမှာပါ။...more12minPlay
March 20, 2023IMNA Monland Myanmar Podcast (20.3.2023)IMNA Monland Myanmar Podcastအစီအစဥ် (မတ်လ ၂၀ ၊ ၂၀၂၃)- ဘီးလင်းတွင် လက်နက်ကြီးထိမှန်ပြီး အသက် ၆နှစ် အရွယ်ကလေးငယ်တဦး သေဆုံးခဲ့- မော်လမြိုင်တွင် ကျပ်သိန်း ၁၇၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ- SNLD ပါတီ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်- ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား ၁၀၀ ကျော် ထိုင်းက လွှတ်ပေး- နေ့စဥ်ကုန်စျေးနှုန်းသတင်းအပါအဝင် ဒေါ်စောမြရာဇာလင်းက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ဥက္ကဋ္ဌရာထူးကို တာဝန်ယူလိုက်တဲ့ သတင်းပေးပို့ချက်ကိုလည်း နားဆင်ရမှာပါ။...more12minPlay
March 17, 2023IMNA Monland Myanmar Podcast (17.3.2023)IMNA Monland Myanmar Podcastအစီအစဥ် (မတ်လ ၁၇ ၊ ၂၀၂၃)- မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဖောက်ခွဲတိုက်ခိုက်ခံရ- မွန်ပြည်နယ်တွင် တစ်ပတ်အတွင်း ရွှေတစ်ကျပ်သား ကျပ် ၄၀၀၀၀ ခန့်စျေးတက်- ပြည်တွင်းပဋိပက္ခပြေလည်ရေး တရုတ်ကြားဝင်မှု ကြိုဆိုဟု FPNCC ထုတ်ပြန်- မြိတ်-ရန်ကုန် ခရီးစဉ်တလျှောက်မှာ စစ်ဆေးရေးဂိတ်တွေ ပိုမိုများပြားလာတာတာကြောင့် ခရီးစဥ် ကြန့်ကြာနှောင့်နှေးနေ- နေ့စဥ်ကုန်စျေးနှုန်းသတင်းအပါအဝင် ပအိုဝ်းဒေသခံ ၂၀ ကျော် အသတ်ခံရပြီးနောက် ပအိုဝ်းနဲ့ ကရင်နီအကြား လူမျိုးရေးပဋိပက္ခ မဖြစ်အောင် ထိန်းသိမ်းသင့်တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကိုလည်း နားဆင်ရမှာပါ။...more13minPlay
March 16, 2023IMNA Monland Myanmar Podcast (16.3.2023)IMNA Monland Myanmar Podcastအစီအစဥ် (မတ်လ ၁၆ ၊ ၂၀၂၃)- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မွန်ညီညွတ်ရေးပါတီ မှတ်ပုံတင်ပြီ- ရေးမြို့နယ်တွင် ကားတစ်စီးပစ်ခတ်ခံရ ယာဉ်မောင်းသေဆုံး၊ ၂ ဦးပြင်းထန်ဒဏ်ရာရ- အတ္ထရံမြစ်ကူးတံတား ခံနိုင်ဝန်အားနည်းလာမှုကြောင့် ယာဥ်တွေကို အကန့်အသတ်နဲ့ပဲ ဖြတ်သန်းသွားလာခွင့်ပေးနေ- အစုအပြုံလိုက်သတ်ဖြတ်တဲ့ ဖြစ်စဉ် (၆၄) ခုအထိ စစ်ကောင်စီက ကျူးလွန်ထားဟုဆို- နေ့စဥ်ကုန်စျေးနှုန်းသတင်းအပါအဝင် လက်နက်ကိုင်ပေါင်းစုံရှိတဲ့ မြန်မာ့အရေးကို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ သတင်းပေးပို့ချက်ကိုလည်း နားဆင်ရမှာပါ။...more13minPlay
March 15, 2023IMNA Monland Myanmar Podcast (15.3.2023)IMNA Monland Myanmar Podcastအစီအစဥ် (မတ်လ ၁၅ ၊ ၂၀၂၃)- ဇင်းကျိုက်မြို့ ဖလပ်ကျေးရွာမှာ ရာအိမ်မှုးတစ်ဦး ပစ်သတ်ခံရ- ဘုရားသုံးဆူမြို့အနီးတွင် အမျိုးသမီးငယ်တစ်ဦး ဆိုင်ကယ်လု သတ်ဖြတ်ခံရ- နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရဲ့ နည်းပညာချွတ်ယွင်းမှုကြောင့် ငွေကြေးဆုံးရှုံးသူတွေရှိနေ- ထိုင်း-မြန်မာ နယ်စပ်ရနောင်းဒေသမှာ ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်ချထား- နေ့စဥ်ကုန်စျေးနှုန်းသတင်းအပါအဝင် ကျိုက်ထီးရိုးဘုရားဖူးနည်းလာသည့်အတွက် ဈေးဆိုင်ရှင်များ ရပ်တည်ဖို့ ခက်ခဲလာတယ်ဆိုတဲ့ သတင်းပေးပို့ချက်ကိုလည်း နားဆင်ရမှာပါ။...more13minPlay
March 14, 2023IMNA Monland Myanmar Podcast (14.3.2023)IMNA Monland Myanmar Podcastအစီအစဥ် (မတ်လ ၁၄ ၊ ၂၀၂၃)- အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီ တွေ့ဆုံမည်- ကျိုက်ထီးရိုးတောင်ထမ်းအလုပ်သမားတွေ နည်းပါးလာတာ ဘာကြောင့်ပါသလဲ- ဘားအံမြို့မှာ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိ- ရခိုင်အမျိုးသားပါတီ (ANP) မှတ်ပုံပြန်တင်မည်- နေ့စဥ်ကုန်စျေးနှုန်းသတင်းအပါအဝင် မွန်ပြည်နယ်အတွင်းက ဆားကွင်းတွေ ပျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းပေးပို့ချက်ကိုလည်း နားဆင်ရမှာပါ။...more12minPlay
March 13, 2023IMNA Monland Myanmar Podcast (13.3.2023)IMNA Monland Myanmar Podcastအစီအစဥ် (မတ်လ ၁၃ ၊ ၂၀၂၃)- ယခုနှစ် နွေရာသီ မွန်စာပေသင်ကြားမှုသင်တန်း စဖွင့်ပြီ- စစ်ကြောင်းကြောင့် လောင်းလုံးဒေသခံ ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ- တစ်ပတ်အတွင်း ဆေးခြောက်နှင့် မုန့်မျိုးစုံပြုလုပ်ရောင်းချသူ ၃ ဦး ဖမ်းဆီးခံရ- ကရင်လက်နက်ကိုင် တပ်ဖွဲ့စည်းလုံးညီညွတ်ရေး ကော်မတီနှင့် လူထုတွေ့ဆုံပွဲကျင်းပခဲ့- နေ့စဥ်ကုန်စျေးနှုန်းသတင်းအပါအဝင် လေဆိပ်စီမံကိန်း တည်ဆောက်ဖို့ လျော်ကြေးပေးတဲ့ကိစ္စ မြေပိုင်ရှင်တစ်ချို့ မကျေနပ်မှုတွေရှိနေတယ်ဆိုတဲ့ သတင်းပေးပို့ချက်ကိုလည်း နားဆင်ရမှာပါ။...more14minPlay
FAQs about Monland Podcast (Myanmar):How many episodes does Monland Podcast (Myanmar) have?The podcast currently has 395 episodes available.