Monland Myanmar Podcast အစီစဉ်
-----------------------------------------------
၂၀၂၂ ခုနှစ် သြဂုတ်လ (၁၈) ရက်နေ့
Monland Myanmar Podcast မြန်မာဘာသာအစီစဉ်ကနေ နားသောတဆင်ရမယ့် အကြောင်းအရာတွေကတော့
- သံဖြူဇရပ်မြို့မရဲစခန်းကို မနေ့ကညပိုင်းမှာ ဆိုင်ကယ်စီးသေနတ်သမား ၄ ဦး သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့ရာ
ရဲကပြန်လည်ပစ်ခတ်လို့ အမည်မသိသေနတ်သမားတစ်ဦး သေဆုံးခဲ့တဲ့ သတင်း၊
- မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ချေဖျက်အမိန့်ကျပြီးသား ရွေးကောက်ပွဲအမှုကို
ပြည်ထဲရေးက ပြင်ဆင်ချက်လျှောက်ထားပြီး တရားပြန်စွဲလိုက်တဲ့ သတင်း၊
- ထိုင်းနိုင်ငံတောင်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်သင့်ပြီး လွတ်ရက်စေ့ ပြန်လွတ်လာတဲ့
မြန်မာနိုင်ငံသား ၁၇၃ ဦးကို ဒီကနေ့မနက်မှာ ရနောင်းအာဏာပိုင်တွေက တနင်္သာရီတိုင်း ကော့သောင်းမြို့ရှိ
သက်ဆိုင်ရာကို ပြန်လည်လွှဲအပ်ပေးခဲ့တယ်ဆိုတဲ့ သတင်းအပါအဝင် စိတ်ဝင်စားဖွယ်သတင်းတွေ
နဲ့အတူတနေ့တာကုန်စျေးနှုန်းအချက်အလက်များကိုလည်း နားသောတဆင်ကြရမှာ ဖြစ်ပါတယ်။