Monland Myanmar Podcast အစီစဉ်
-----------------------------------------------
၂၀၂၂ ခုနှစ် သြဂုတ်လ (၄) ရက်နေ့
Monland Myanmar Podcast မြန်မာဘာသာအစီစဉ်ကနေ နားသောတဆင်ရမယ့် အကြောင်းအရာတွေကတော့
- ရေးမြို့နယ် ခေါဇာမြို့ ဆင်ကူးကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်းက ကျောင်းပစ္စည်းတွေ ဖျက်ဆီးခံရတဲ့ သတင်း၊
- ကော့ကရိတ်မြို့နယ်ရှိ တောင်ကြာ အင်း(စံပြ)ကျေးရွာ အထက်တန်းကျောင်းဝင်းထဲမှာ တပ်စွဲထားတဲ့ စစ်တပ်က ကျောင်းခြံစည်းရိုးနေရာတွေမှာမြေမြှုပ်မိုင်းများထောင်ထားတဲ့ သတင်း၊
- ကော့သောင်းမြို့မှာ PDF တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးပေးပါက ဆုကြေးငွေပေးမယ်လို့ ထုတ်ပြန်ထားပြီးနောက်ပိုင်း မြို့အတွင်း ဝင်ထွက်သွားလာမှုတွေကို အစစ်အဆေးတွေ ပိုမိုတင်းကြပ်လာတယ်ဆိုတဲ့ သတင်းအပါအဝင်
စိတ်ဝင်စားဖွယ်သတင်းတွေနဲ့အတူတနေ့တာကုန်စျေးနှုန်းအချက်အလက်များကိုလည်းနားသောတဆင်ကြရမှာ ဖြစ်ပါတယ်။