Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
Doh Zat, meaning ‘Our Stories’ in Burmese, is a digital media platform where we tell the stories of our mental wellbeing and experiences of physical, psychological and sexual abuse, violence, and hara... more
FAQs about My Words, Our Stories:How many episodes does My Words, Our Stories have?The podcast currently has 8 episodes available.
April 19, 2023My Value ကျွန်မကတော့ ငယ်ရွယ်သူဖြစ်တာနဲ့အညီ စွန့်စားချင်တယ်။ တော်လှန်ချင်တယ်။ မတရားမှုကို မကြိုက်ဘူး။နောက်တော့ ကျွန်မတို့ သတင်းဌာနရဲ့ စီစဉ်ပေးမှုနဲ့ လွတ်မြောက်နယ်မြေထဲမှာ အခက်အခဲတွေကြားက သတင်းတင်ဆက်ခဲ့တယ်။ အဲ့ဒီ့မှာ မလုံခြုံတော့လို့ နောက်ဆုံး တစ်ဖက်နိုင်ငံကို အခက်အခဲ မျိုးစုံကြားကနေ ခိုးကြောင်ခိုးဝှက် အထောက်အထားမဲ့စွာ ဝင်ခဲ့ရတယ်။ အဲဒီမှာစပြီး ခံစားမိတာက ကျွန်မတို့မှာ ဘာအပြစ်ရှိလို့ ဒီလိုမျိုး မလုံမခြုံနဲ့ ခိုးကြောင်ခိုးဝှက် နေနေရတာလဲ။ တစ်ဖက် အိမ်နီးချင်းနိုင်ငံကို ရောက်ခါစက ဘာအထောက်အထားမှ မရှိတဲ့အတွက် ကျွန်မ အပြင် မထွက်ရဲခဲ့ဘူး။ မိုးလင်းကနေ မိုးချုပ် အလုပ်ထဲမှာပဲ အချိန်ကုန်ရင်း အလုပ်နဲ့ အိပ်ခန်း၊ အိပ်ခန်းနဲ့ အလုပ်သာ ကမ္ဘာတစ်ခု ဖြစ်ခဲ့တယ်။ ...more14minPlay
December 27, 2022Bo Phyu"ကျွန်တော် နဂိုကမှ စကားနည်းရတဲ့အထဲ အခုဆိုရင် ပိုပြီးတောင် စကားမပြောဖြစ်တော့ဘူး။ ကျွန်တော့် စိတ်ထဲ ရှိတဲ့ ဆင်းရဲဒုက္ခတွေကို တစ်ယောက်ယောက်ကို ပြောပြချင်ပေမယ့်လည်း ဘယ်သူ့ကို ပြောရမလဲမသိဘူး။ ကျွန်တော့်မိန်းမကလည်း သူ့ဘာသာသူတောင် မနည်းရပ်တည်နေရတာ၊ သူ့ကို ကျွန်တော့်အပူတွေ မပေးချင် တော့ဘူး။ သူငယ်ချင်းတွေလည်း အတူတူပဲ။ အားလုံး အပူကိုယ်စီဖြစ်နေတာ ငါ့ကျမှ ထူးပြီး ပြောနေရင် သူတို့ စိတ်ရှုပ်တာပဲ အဖတ်တင်မယ်လို့ ထင်လို့ ပြောမနေတော့ဘူး။"...more17minPlay
December 27, 2022Journey to the healthy love"သိပ်ချစ်လို့ မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး ယူခဲ့တာ။ ဒါပေမဲ့ စိတ်တအားကြီးပြီး ဒေါသထွက်လာရင် ငါက ငါ မဟုတ်တော့ဘူး။ အခြားသူ ဖြစ်သွားတယ်။ နံရံတွေကို လက်သီးနဲ့ ထိုးတယ်။ တီဗီတွေကို ရိုက်ခွဲတယ်။ သူ့ကိုလည်း လူမဆန်အောင် ရိုက်တယ်။ ကိုယ့်အသားကိုယ် နာအောင် လုပ်ပြီး နာကျင်စွာ ကျွန်တော် အော်ဟစ် ရယ်မောတယ်။ ပြီးမှ ကျွန်တော် နောင်တ ရတယ်။ ကျွန်တော် ချစ်တဲ့သူကို ဘာကြောင့် နာကျင်အောင် လုပ်ရတာလဲ။"...more21minPlay
December 24, 2022Phoe Choi"နင် ကြောက်နေမှာပဲ။ နင်ဘယ်လို စားသောက် နေထိုင်နေလဲ။ နင့်ကို တခြားကြောင်တွေ ခွေးတွေက အန္တရာယ်များပြုနေကြလား။ နင် နေကောင်းရဲ့လား။ အသက်ရှင်သေးရဲ့လား။ ငါ့ကို အပြစ်တင်နေသေးလား။ ငါတောင်းပန်ပါတယ်နော်။"...more17minPlay
December 24, 2022Robot"ကြောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။ စိတ်လှုပ်ရှားတာတို့ ဝမ်းနည်းတာတို့ဆိုတာရော ဘယ်လိုဖြစ်တာမျိုးလဲ။ သူများတွေ သတင်းဆိုးတွေ ကြားရလို့ ငိုနေရင်လည်း ကျွန်မက ကြောင်တောင်တောင်ကြီးနဲ့။ ဘာခံစားရမလဲဆိုတာကို ကျွန်မ တကယ်မသိတော့တာ။ ပြီးတော့ သိလည်းမသိချင်ဘူးဖြစ်နေတယ်။"...more11minPlay
December 24, 2022Caved"သတင်းဆိုးတွေ အမြဲကြားရ၊ကျွန်မ ကိုယ်တိုင်လည်း အလုပ်လက်မဲ့လိုမျိုး ဖြစ်ခဲ့တော့ ယုံကြည်မှုပျောက်ပြီး ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေသလို ခံစားခဲ့ရတယ်။ ယုံကြည်မှု ပျောက်နေချိန် အမျိုးသမီး သဘာဝအရ ဓမ္မတာလာချိန်နဲ့ တိုက်ဆိုင်နေတော့ ကျွန်မကိုယ် ကျွန်မ ထိန်းချုပ်ဖို့ ခက်ခဲခဲ့ပြီး ကျွန်မ မြတ်နိုးရတဲ့ ဆံပင်တွေကို ရည်ရွယ်ချက်မရှိဘဲ ဒီအတိုင်း ညှစ်ပစ်ခဲ့တယ်။"...more13minPlay
December 23, 2022Inner-child with fears"ငယ်ငယ်ကတည်းက စွဲနေခဲ့တဲ့ ကြောက်စိတ်တွေက အရိပ်လို ရှိနေတုန်းပဲ။ တစ်ခါတစ်ခါ အိပ်မက်ဆိုးတွေ မက်တယ်။ တစ်ခါတစ်လေ လူတွေကို ကြောက်တယ်။ တစ်ခါတစ်ရံ ဘာမှန်းမသိတဲ့ ကြောက်စိတ်တွေ ဝင်လာရင် ကလေးလေး တစ်ယောက်လို စိတ်က အလိုလို သေးငယ်သွားတယ်။"...more12minPlay
December 23, 2022Red"ကျွန်တော်ဘာကိုမှန်းမသိ စိတ်အလိုမကျအမြဲဖြစ်နေတယ်။ ဒေါသတွေထွက်တယ်။ ဘာကိုမှ စိတ်မရှည်ဘူး။ ငိုသံတွေကို မကြားချင်ဘူး။ ငိုနေတဲ့ မျက်လုံးတွေကို မမြင်ချင်ဘူး။ "...more21minPlay
FAQs about My Words, Our Stories:How many episodes does My Words, Our Stories have?The podcast currently has 8 episodes available.