ICC တွင် တရား၀င် တရားစီရင်ရန် အခွင့်အာဏာမရှိဟု သမ္မတထရမ့် ကုလညီလာခံတွင်ပြော
နယူးယောက်၊ စက်တင်ဘာ ၂၆
နိုင်ငံတကာ ရာဇ၀တ်မှု တရားခုံရုံး(ICC)တွင် တရားစီရင်ပိုင်ခွင့်မရှိ၊ တရား၀င်ခြင်းလည်းမရှိသလို အခွင့်အာဏာလည်းမပိုင်ဟု အမေရိကန်နိုင်ငံနှင့် ပတ်သက်၍ သဘောထားကြောင်း အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်က ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၀ယ် ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် ICC ကို အသိအမှတ်ပြုမည်မဟုတ်သလို ထောက်ပံ့မှုလည်းပြုလိမ့်မည်မဟုတ်ဟုလည်း သူကပြောသည်။ အမေရိကန်နိုင်ငံနှင့် ပတ်သက်၍ ICCတွင် တရားစီရင်ပိုင်ခွင့်မရှိ၊ တရား၀င်ခြင်းလည်းမရှိသလို အခွင့်အာဏာလည်းမပိုင်ဟုသဘောထားကြောင်း၊ ICC သည် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ရေးဟူ၍ အကြောင်းပြတောင်းဆိုကာ နိုင်ငံတိုင်း၏ တရားစီရင်ရေးအခြေခံမူ၊ တရားမျှတမှုနှင့် လုပ်ပိုင်ခွင့်တို့ကို ဆန့်ကျင်နေသည်ဟုလည်းသူကပြောခြင်းဖြစ်သည်။
"ကျွန်တော်တို့ဟာ ရွေးချယ်ခံမဟုတ်တဲ့ တာ၀န်ခံမှုမရှိသော ကမ္ဘာလုံးဆိုင်ရာ ဗျူရိုကရေစီယန္တရားတစ်ခုဆီမှာ အမေရိကန်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို အညံ့ခံ အရှုံးပေးမှာမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံကို အမေရိကန်တွေကပဲ အုပ်ချုပ်တာပါ"ဟု လည်း မစ္စတာ ထရမ့်ကပြောသည်။
"ကျွန်တော်တို့ဟာ ကမ္ဘာလုံးဆိုင်ရာဝါဒ အိုင်ဒီယိုလိုဂျီကို ပယ်ပါတယ်။ မျိုးချစ်စိတ်တရားကို လက်ကိုင်ထားပါတယ်။ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုနဲ့ စိုးမိုးခြယ်လှယ် အကျပ်ကိုင်မှု ပုံစံသစ်တစ်မျိုးကနေလာတဲ့ အချုပ်အခြာအာဏာဆိုင်ရာ ခြိမ်းချောက်မှုတွေကို ကမ္ဘာတစ်၀န်းက တာ၀န်ယူမှု တာ၀န်ခံမှုရှိတဲ့ နိုင်ငံတွေအနေနဲ့ ခုခံကာကွယ်ရမယ်"ဟုလည်း သူကပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်သည် ယမန်နေ့က ပြုလုပ်သော ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေး၀ယ် အမေရိကန်ပြည်ထောင်စု သမ္မတအနေဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။
ICC တြင္ တရား၀င္ တရားစီရင္ရန္ အခြင့္အာဏာမရွိဟု သမၼတထရမ့္ ကုလညီလာခံတြင္ေျပာ နယူးေယာက္၊ စက္တင္ဘာ ၂၆ နိုင္ငံတကာ ရာဇ၀တ္မႈ တရားခုံ႐ုံး(ICC)တြင္ တရားစီရင္ပိုင္ခြင့္မရွိ၊ တရား၀င္ျခင္းလည္းမရွိသလို အခြင့္အာဏာလည္းမပိုင္ဟု အေမရိကန္နိုင္ငံႏွင့္ ပတ္သက္၍ သေဘာထားေၾကာင္း အေမရိကန္ျပည္ေထာင္စု သမၼတ ေဒၚနယ္ထရမ့္က ၇၃ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံ၀ယ္ ေျပာၾကားေသာ မိန့္ခြန္းတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။ အေမရိကန္ျပည္ေထာင္စုအေနျဖင့္ ICC ကို အသိအမွတ္ျပဳမည္မဟုတ္သလို ေထာက္ပံ့မႈလည္းျပဳလိမ့္မည္မဟုတ္ဟုလည္း သူကေျပာသည္။ အေမရိကန္နိုင္ငံႏွင့္ ပတ္သက္၍ ICCတြင္ တရားစီရင္ပိုင္ခြင့္မရွိ၊ တရား၀င္ျခင္းလည္းမရွိသလို အခြင့္အာဏာလည္းမပိုင္ဟုသေဘာထားေၾကာင္း၊ ICC သည္ ကမၻာလုံးဆိုင္ရာ တရားစီရင္ေရးဟူ၍ အေၾကာင္းျပေတာင္းဆိုကာ နိုင္ငံတိုင္း၏ တရားစီရင္ေရးအေျခခံမူ၊ တရားမွ်တမႈႏွင့္ လုပ္ပိုင္ခြင့္တို႔ကို ဆန့္က်င္ေနသည္ဟုလည္းသူကေျပာျခင္းျဖစ္သည္။ "ကြၽန္ေတာ္တို႔ဟာ ေ႐ြးခ်ယ္ခံမဟုတ္တဲ့ တာ၀န္ခံမႈမရွိေသာ ကမၻာလုံးဆိုင္ရာ ဗ်ဴရိုကေရစီယႏၱရားတစ္ခုဆီမွာ အေမရိကန္နိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာကို အညံ့ခံ အရႈံးေပးမွာမဟုတ္ပါဘူး။ အေမရိကန္နိုင္ငံကို အေမရိကန္ေတြကပဲ အုပ္ခ်ဳပ္တာပါ"ဟု လည္း မစၥတာ ထရမ့္ကေျပာသည္။ "ကြၽန္ေတာ္တို႔ဟာ ကမၻာလုံးဆိုင္ရာဝါဒ အိုင္ဒီယိုလိုဂ်ီကို ပယ္ပါတယ္။ မ်ိဳးခ်စ္စိတ္တရားကို လက္ကိုင္ထားပါတယ္။ ကမၻာလုံးဆိုင္ရာအုပ္ခ်ဳပ္မႈနဲ႕ စိုးမိုးျခယ္လွယ္ အက်ပ္ကိုင္မႈ ပုံစံသစ္တစ္မ်ိဳးကေနလာတဲ့ အခ်ဳပ္အျခာအာဏာဆိုင္ရာ ၿခိမ္းေခ်ာက္မႈေတြကို ကမၻာတစ္၀န္းက တာ၀န္ယူမႈ တာ၀န္ခံမႈရွိတဲ့ နိုင္ငံေတြအေနနဲ႕ ခုခံကာကြယ္ရမယ္"ဟုလည္း သူကေျပာၾကားခဲ့သည္။ အေမရိကန္ျပည္ေထာင္စု သမၼတ ေဒၚနယ္ထရမ့္သည္ ယမန္ေန႕က ျပဳလုပ္ေသာ ၇၃ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံအစည္းအေဝး၀ယ္ အေမရိကန္ျပည္ေထာင္စု သမၼတအေနျဖင့္ မိန့္ခြန္းေျပာၾကားခဲ့သည္။ PN002 ref: Trump: ICC has no jurisdiction, no legitimacy, and no authority
PN002
ref: Trump: ICC has no jurisdiction, no legitimacy, and no authority