လစ်ဘရယ် အစွန်းရောက်ဝါဒ
========================
■ ဒေါ်စုက တပ်ကို
အာဏာသိမ်းစေချင်တဲ့ စိတ်ဆန္ဒတွေ
နဂိုကတည်းကရှိတယ်တူပါတယ်။
ဘာလို့လဲဆိုတော့
မဲကိစ္စတွေ ဖြစ်လာတော့
ဥပဒေလမ်းကြောင်း၊လွှတ်တော်လမ်းကြောင်း
တရားစီရင်ရေးလမ်းကြောင်းတွေအပြင်
နောက်ဆုံး ကာလုံအရ
တပ်ကတောင်းဆိုနေချိန်မှာတောင်
ဖြေရှင်းရေးဆိုတဲ့နည်းလမ်းကို
လုံးဝသုံးသွားခဲ့တာ မရှိဘူး။
(၁ ဘီလျံတောင် US ကြိုပို့ထားသေးတယ်)
■ တဖက်မှာလည်း
မဲစာရင်း မှားနေတဲ့ ပြသနာတွေကို
ပါတီတွေက စုပေါင်းတောင်းဆိုလာသလို
ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ပါ့မယ်ဆိုတဲ့
တပ်မတော်အတွက်တော့
အတော်လေး ဂွကျတဲ့
အနေအထားဖြစ်လာခဲ့တယ်။
ဒါကြောင့်လည်း တပ်အနေနဲ့
ညှိနှိုင်းလို့ အဆင်ပြေမဲ့လမ်းကြောင်းတွေကို
ဥပဒေဘောင်ထဲကနေ တဆင့်ချင်းပဲ
တောင်းဆိုထုတ်ပြန်သွားခဲ့တာတွေ့ရတယ်။
■ NLD အစိုးရဖြစ်နေချိန်မှာလည်း
အခြားသော ပြည်ပနိုင်ငံတွေနဲ့
အပေးအယူကိစ္စတွေ ရှိခဲ့သလားလို့
ထင်မှတ်မှားရလောက်အောင်
နိုင်ငံတော်အတွက်အရေးကြီးတဲ့ ဥပဒေ၊
ပုဒ်မတွေကို အလုံးစုံဖျက်သိမ်းပြခဲ့တယ်။
နောက်ဆုံး ထင်သာမြင်သာကတော့
ကိုဖီအာနန်ခေါ်လာပြီး
၈၂ ခုနှစ်နိုင်ငံသားဥပဒေကို ဖျက်သိမ်းဖို့
ကြိုးစားလာတာက သက်သေပြစရာပါပဲ။
■ သမိုင်းမှာ ရှိခဲ့ဖူးတဲ့
ဗမာတကျပ်၊ရှမ်းတကျပ်မူအတိုင်းပဲ
NLD ပါတီအစိုးရအနေနဲ့
ဗုဒ္ဓဘာသာအများစုကိုးကွယ်တဲ့နိုင်ငံကို
လူမျိုးပေါင်းစုံ ညီညွှတ်ရေးဆိုပြီး
ဘာသာအားလုံးနဲ့ တန်းညှိခဲ့တာရှိသလို
“မဘသ”မလိုအပ်ဘူးဆိုပြီး
ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့
ပြသနာတွေလည်းလုပ်ခဲ့ကြတယ်။
■ အထူးသဖြင့်တော့
ခေတ်လူငယ်တွေကြားမှာ
မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး၊
အမျိုးကို ချစ်ရေး၊ ဘာသာကိုတန်ဖိုးထားရေး
မျိုးနွယ်စောင့်ထိန်းရေးဆိုတာတွေထက်
လူဆိုတာ အဖြူ/အမဲ အတူတူပဲ၊
ဘာသာဆိုတာ စောင့်ထိန်းချင်တဲ့သူထိန်း၊
ဒါပေမဲ့ အမျိုးဘာသာကာကွယ်ရမယ်ဆိုတဲ့
အယူအဆတွေကို လက်သင့်မခံဘူး…။
ဘုန်းကြီးသင်္ကန်းဝတ်ထားတိုင်း
ဝေဖန်ခွင့်မရှိတော့ဘူးလား?စသဖြင့်
ထေကြီးဝါကြီး ဘုန်းကြီးတွေကိုတောင်
ပေါ်ပေါ်ထင်ထင် ဆဲဆိုလာခဲ့ကြတဲ့အထိ
အခြေခံစိတ်ဓာတ်တွေ ပျက်ယွင်းလာခဲ့ကြတယ်။
DVB Debate တွေမှာ
ဘာသာရေးနဲ့သက်ဆိုင်တာတွေကို
ခပ်ပါးပါးလေးလုပ်လာခဲ့ကြတယ်။
■ တကယ်လက်ရှိမြေပြင်မှာတော့
NLD ပါတီဟာ အစိုးရအနေနဲ့
(၅)နှစ်သာအုပ်ချုပ်သွားခဲ့ပေမယ့်
မြန်မာယဉ်ကျေးမှုနဲ့ မအပ်စပ်တဲ့အယူအဆတွေ၊
ဘာသာရေး တွေးခေါ်မှုပုံစံတွေ၊
ပုံစံတူရိုက်သွင်းချင်တဲ့
အနောက်တိုင်းဒီမိုကရေစီ စံနှုန်းတွေနဲ့
လစ်ဘရယ်ဝါဒတွေကို
ရှုထောင့်ပေါင်းစုံ၊ နေရာကဏ္ဍမျိုးစုံကနေ
ကောင်းကောင်းအကောင်အထည်
ဖော်သွားနိုင်ခဲ့တာတွေ့ရတယ်။
■ မြန်မာပြည်က တာနီဘန်တွေရဲ့
ထူးထူးခြားခြား အတွေးအခေါ်ဆိုတာက
ဒီမိုကရေစီလို့ ပါးစပ်က အော်ပြီး
လက်တွေ့ မြေပြင်မှာတော့
ငါကြိုက်တဲ့အတိုင်း မင်းလိုက်ကြိုက်ရမယ်၊
ငါထောက်ခံတာကို မင်းလည်းထောက်ခံရမယ်ဆိုတဲ့
အတွေးအခေါ်တစ်ခုပဲ။
မဟုတ်ရင်တော့ ဒလံဆိုပြီး
လိုက်သတ်တာခံရနိုင်တာလည်းတွေ့ရတယ်။
တကယ့်ကို
အစွန်းရောက်လစ်ဘရယ်ဝါဒတွေပါပဲ။
#ဖိုးစီ
#crd
========================
ဒေါ်စုက တပ်ကို
ဘာလို့လဲဆိုတော့
နောက်ဆုံး ကာလုံအရ
တဖက်မှာလည်း
တပ်မတော်အတွက်တော့
အတော်လေး ဂွကျတဲ့
အနေအထားဖြစ်လာခဲ့တယ်။
NLD ပါတီအစိုးရအနေနဲ့
အထူးသဖြင့်တော့
ခေတ်လူငယ်တွေကြားမှာ