Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.
February 08, 2022နေ့စဉ် တီဗွီသတင်းလွှာ (၀၂-၀၈-၂၀၂၂) - ဖေဖော်ဝါရီ ၀၈, ၂၀၂၂ရုရှားက ယူကရိန်းကို ကျုးကျော်ခဲ့မယ်ဆိုရင် ရုရှားကနေ ဥရောပကို သွယ်တန်းထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်းကို ရပ်တန့်ရမယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ပြော၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက် အရေးပေါ် အခြေအနေ ဆက်လက်ထားရှိမယ့် အမိန့်ကို အမေရိကန် သမ္မတ ဘိုင်ဒန် သက်တမ်းတိုး၊ မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ ကလေးငယ် ၁၀၀ ကျော် သေဆုံးခဲ့တဲ့အကြောင်းနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေ တိုးလာတာကို စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF အဖွဲ့ ပြော...more30minPlay

February 07, 2022နေ့စဉ် တီဗွီသတင်းလွှာ (၀၂-၀၇-၂၀၂၂) - ဖေဖော်ဝါရီ ၀၇, ၂၀၂၂အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားတဲ့အခါ NLD ပါတီအဖွဲ့ဝင်တွေနဲ့ တွေ့ခွင့်ပေးဖို့ စစ်ကောင်စီဘက်က သဘောတူထား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးဖြစ်သူ ပါမောက္ခ Sean Turnell လွတ်မြောက်တယ်ဆိုတဲ့သတင်း မမှန်ကန်ဘူးလို့ မြန်မာစစ်ကောင်စီ ပြောခွင့်ရပြော၊ ယူကရိန်းအရေး တနင်္လာနေ့ မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် နဲ့ ဂျာမဏီ ဝန်ကြီးချုပ် Olaf Scholz တို့ ဝါရှင်တန်ဒီစီမှာ ဆွေးနွေးဖို့ရှိ...more30minPlay

February 04, 2022နေ့စဉ် တီဗွီသတင်းလွှာ (၀၂-၀၄-၂၀၂၂) - ဖေဖော်ဝါရီ ၀၄, ၂၀၂၂ယူကရိန်းတပ်ဖွဲ့တွေက စတင် ရန်စ တိုက်ခိုက်လို့ ထိခိုက် သေကြေမှုတွေ ဖြစ်တဲ့ ပုံစံမျိုး ရုရှားက လုပ်ကြံ ဖန်တီးပြီး ယူကရိန်းကို အကြောင်းပြကျုးကျော်ဖို့ အစီအစဉ် ရှိတယ်ဆိုလို့ အမေရိကန် အစိုးရ ပြော၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု နောက်တမှုနဲ့ ထပ်မံ တရားစွဲဆို၊ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ရေး မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken အွန်လိုင်းက ဆွေးနွေး...more30minPlay

February 03, 2022နေ့စဉ် တီဗွီသတင်းလွှာ (၀၂-၀၃-၂၀၂၂) - ဖေဖော်ဝါရီ ၀၃, ၂၀၂၂မြန်မာနိုင်ငံမှာ အကြမ်းဖက် လုပ်ရပ်တွေနဲ့ နေရပ်စွန့်ခွာရသူတွေ တိုးလာတဲ့အပေါ် အထူးစိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကြေညာချက်ထုတ်၊ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို ဖိတ်ကြားခြင်း မရှိတာဟာ အဖွဲ့ဝင်နိုင်ငံတချို့နဲ့ နိုင်ငံကြီးတချို့ရဲ့ ဖိအားပေးမှုကြောင့် ဖြစ်ပြီး၊ ဒီလို မဖိတ်ကြားတဲ့အတွက် နှစ်နိုင်ငံရဲ့ ဆက်ဆံရေးကို ထိခိုက်စေမှာ မဟုတ်ကြောင်း စစ်ကောင်စီဘက်က တုံ့ပြန်၊ အမေရိကန်တပ်ဖွဲ့တွေကို ဥရောပမှာ ချထားတာကို ကြိုဆိုကြောင်း မြောက်အတ္တလန်တိတ်စာချုပ် (NATO) အဖွဲ့အတွင်းရေးမှုးချုပ် Jens Stoltenberg ပြော...more30minPlay

February 02, 2022နေ့စဉ် တီဗွီသတင်းလွှာ (၀၂-၀၂-၂၀၂၂) - ဖေဖော်ဝါရီ ၀၂, ၂၀၂၂မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူဆလင်တွေအေပါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ ဂမ်ဘီယာရဲ့ စွဲဆိုချက်နဲ့ ပတ်သက်ပြီး ICJ နိုင်ငံတကာတရားရုံးရဲ့ တရားစီရင်ပိုင်ခွင့် ကြားနာမှာကို လက်ခံတဲ့အကြောင်း NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်ထုတ်၊ မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်ပြည်ထောင်စု အကူအညီပေးမယ့်အစီအစဉ်ကို တစိုက်မတ်မတ် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Mitch McConnell က သမ္မတ Biden အစိုးရကို တိုက်တွန်း...more30minPlay