Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.
February 01, 2022နေ့စဉ် တီဗွီသတင်းလွှာ (၀၂-၀၁-၂၀၂၂) - ဖေဖော်ဝါရီ ၀၁, ၂၀၂၂မြန်မာနိုင်ငံတဝန်းမှာ ဒီကနေ့ silent strike အသံတိတ်သပိတ် မှောက်ကြတဲ့အတွက် လမ်းပေါ်မှာအသွားအလာမရှိသလောက်ဖြစ်၊ မြန်မာ့ဒီမိုကရေစီအရေး တောင်းဆိုမှုတွေကို ငြင်းပယ်နေသမျှ စစ်တပ်နဲ့ ထောက်ခံသူတွေကို နောက်ထပ် အရေးယူမှုတွေ ပြဌာန်းမယ့်အကြောင်း အမေရိကန် သမ္မတ Joe Bdien က ကြေညာ၊ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေနဲ့ နည်းပညာတွေမရောင်းချဖို့ ဥရောပ သမဂ္ဂ နဲ့ နိုင်ငံ ၉ နိုင်ငံ ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ က ပူးတွဲ ကြေညာချက် ထုတ်...more30minPlay

January 31, 2022နေ့စဉ် တီဗွီသတင်းလွှာ (၀၁-၃၁-၂၀၂၂) - ဇန်နဝါရီ ၃၁, ၂၀၂၂စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ နေ့စဉ်ပုံစံ မျိုးစုံဆက်ရှိနေပြီး အနာဂတ်ဘဝရပ်တည်ရေးထက် လုံခြုံရေးကို ပိုပြီး ဦးစားပေးနေရတယ်လို့ မြန်မာနိုင်ငံထဲက လူငယ်တချို့ ပြော၊ အစိုးရ ယန္တရားပျက်ပြားအောင် လှုံဆော်မှု၊ တရားမဝင်အသင်းတွေနဲ့ ဆက်သွယ်မှုတွေနဲ့ ဒါဇင်နဲ့ချီတဲ့ Facebook Account ပိုင်ရှင်တွေကို အရေးယူထားတဲ့အကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့ကို ရွေးကောက်ပွဲနိုင်အောင် မလျော်သြဇာသုံးခဲ့တယ်လို့ဆိုပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က နဲ့ စစ်ကောင်စီက ထပ်ပြီး တရားစွဲ...more30minPlay

January 28, 2022နေ့စဉ် တီဗွီသတင်းလွှာ (၀၁-၂၈-၂၀၂၂) - ဇန်နဝါရီ ၂၈, ၂၀၂၂ယူကရိန်းနိုင်ငံကို ရုရှားက နောက်လထဲမှာ ကျူးကျော် တိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန်သမ္မတ Joe Biden က သတိပေး၊ အနားယူတော့မယ့် အမေရိကန် တရားရုံးချုပ် တရားသူကြီး Stephen Breyer နေရာမှာ ရွေးကောက်ပွဲကာလ ကတိအတိုင်း လူမည်းအမျိုးသမီးကို ခန့်ထားမှာဖြစ်တဲ့အကြောင်း သမ္မတ Joe Biden ပြော၊ အာဏာသိမ်းထားတဲ့ မြန်မာစစ်ကောင်စီက ပြည်သူတွေအပေါ် အကြမ်းဖက်နေတာတွေ ရပ်တန့်အောင် ဖိအား တိုးမြှင့်ပေးဖို့နဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေကို လစ်လျူ မရှုဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး တိုက်တွန်း...more30minPlay

January 27, 2022နေ့စဉ် တီဗွီသတင်းလွှာ (၀၁-၂၇-၂၀၂၂) - ဇန်နဝါရီ ၂၇, ၂၀၂၂အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံက ဝန်ကြီးတဦး ပါဝင်ပြီး မြန်မာအရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သောကြာနေ့မှာဆွေးနွေးဖို့ ရှိ၊ သြစတြေးလျစွမ်းအင် ကုမ္ပဏီ Woodside ကလည်း မြန်မာနိုင်ငံကနေ ထွက်မယ်လို့ကြေညာ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်ကို အင်းစိန်ထောင်ကနေ နေအိမ်ကို ပြန်ပို့...more30minPlay

January 26, 2022နေ့စဉ် တီဗွီသတင်းလွှာ (၀၁-၂၆-၂၀၂၂) - ဇန်နဝါရီ ၂၆, ၂၀၂၂၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ၁% ပဲ ရှိမယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံ၊ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေး အနိမ့်ဆုံး အဆင့် လိုအပ်ချက်ကို ပြည့်မီအောင် စွမ်းဆောင်ဖို့ ပျက်ကွက်တဲ့ စာရင်းမှာ ဆက်ရှိနေ၊ ရုရှား က စစ်အင်အား အလုံးအရင်း နဲ့ ယူကရိန်း ကို ဝင်တိုက်ခဲ့ရင်၊ လက်ရှိ ကမ္ဘာ့ အနေအထားတွေ က ပြောင်းလဲသွားနိုင်တယ်လို့ အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင် သတိပေး...more30minPlay