Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.
August 13, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၁၃-၂၀၂၁) - သြဂုတ် 13, 2021စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်ပြန့်နှံ့၊ မြန်မာစစ်ခေါင်းဆောင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရ၊ အမေရိကန်ပြည်ထာင်စုမှာ ကိုယ်ခံအားနည်းသူတချို့ ကိုဗစ်ကာကွယ်ဆေး တတိယတလုံးထိုးဖို့ FDA ခွင့်ပြု.. စတဲ့ နောက်ဆုံးရ မြန်မာနဲ့နိုင်ငံတကာသတင်းတွေ တင်ပြထားပါတယ်။...more30minPlay
August 12, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၁၂-၂၀၂၁) - သြဂုတ် 12, 2021မြန်မာနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ကိုဗစ်လူနာသစ် ၄,၀၀၀ နီးပါးရှိ၊ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား Danny Fenster အပါအဝင် သတင်းသမားအားလုံး ပြန်လွှတ်ပေးဖို့ အမေရိကန် ထပ်မံတောင်းဆို၊ ကိုဗစ်ကုသရာမှာ တခြားရောဂါတွေအတွက် အသုံးပြုနေတဲ့ ဆေး ၃ မျိုးကို စတင်စမ်းသပ်ဖို့ WHO ပြင်ဆင် စတဲ့နောက်ဆုံးရသတင်းတွေ တင်ဆက်ထားပါတယ်။...more30minPlay
August 11, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၁၁-၂၀၂၁) - သြဂုတ် 11, 2021မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ဆွေးနွေးညှိနှိုင်းမှုတွေ အောင်မြင်အောင် မလုပ်နိုင်ဘူးဆိုရင် ပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သတိပေး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ခြိမ်းခြောက်မှုကို ပြတ်ပြတ်သားသား ရှုတ်ချပြီး သံအမတ်ကြီးနဲ့ အတူ ရပ်တည်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြော၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ကြုံနေရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေး ...စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။...more30minPlay
August 10, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၁၀-၂၀၂၁) - သြဂုတ် 10, 2021မြန်မာနိုင်ငံမှာ လုပ်အားအဓမ္မခိုင်းစေမှုတွေဟာ စိန်ခေါ်မှုအသစ်ပုံစံနဲ့ ရှိနေဆဲပဲလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောခွင့်ရ Stephane Dujarric ပြော၊ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို လုပ်ကြံ ကြံစည်မှုဟာ အမေရိကန်ပြည်တွင်းရေးအမှုသာ ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြော၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အကူအညီပေးရေးအဖွဲ့တွေက COVID-19 ရောဂါကာကွယ်ဆေး ဒီကနေ့ စထိုးပေးနေ ... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။...more30minPlay
August 09, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၀၉-၂၀၂၁) - သြဂုတ် 09, 2021ကိုဗစ် တတိယလှိုင်းဒဏ်ကို ၂ လကျော်ကြာ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ရောဂါပိုး ကူးစက်သူနဲ့ သေဆုံးသူ အရေအတွက် အခုထိ လျော့မသွားသေး၊ သြစတြေးလျမှာ တတိယမြောက် အသုံးပြုခွင့်ပေးတဲ့ ကာကွယ်ဆေးအဖြစ် Moderna ကိုဗစ်ကာကွယ်ဆေးကို နောက်လမှာ ထိုးနှံပေးသွားမယ်၊ မြန်မာနိုင်ငံက ၈ လေးလုံး လှုပ်ရှားမှုကြီးနဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ဆယ်စုနှစ်များစွာကြာအောင် ရုန်းကန်လှုပ်ရှားနေကြတဲ့ မြန်မာပြည်သူတွေကို အမှတ်တရ ဂုဏ်ပြုတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောဆို... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။...more30minPlay
August 09, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၀၉-၂၀၂၁) - သြဂုတ် 09, 2021ကိုဗစ် တတိယလှိုင်းဒဏ်ကို ၂ လကျော်ကြာ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ရောဂါပိုး ကူးစက်သူနဲ့ သေဆုံးသူ အရေအတွက် အခုထိ လျော့မသွားသေး၊ သြစတြေးလျမှာ တတိယမြောက် အသုံးပြုခွင့်ပေးတဲ့ ကာကွယ်ဆေးအဖြစ် Moderna ကိုဗစ်ကာကွယ်ဆေးကို နောက်လမှာ ထိုးနှံပေးသွားမယ်၊ မြန်မာနိုင်ငံက ၈ လေးလုံး လှုပ်ရှားမှုကြီးနဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ဆယ်စုနှစ်များစွာကြာအောင် ရုန်းကန်လှုပ်ရှားနေကြတဲ့ မြန်မာပြည်သူတွေကို အမှတ်တရ ဂုဏ်ပြုတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောဆို... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။...more30minPlay
August 06, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၀၆-၂၀၂၁) - သြဂုတ် 06, 2021စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတဲ့ မြန်မာပြည်သူ သန်းနဲ့ချီကို ကူညီထောက်ပံ့ဖို့ လာမယ့် ၆ လအတွင်း ရန်ပုံငွေ မလုံမလောက် ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့WFP က သတိပေး၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကို အာဆီယံ ခေါင်းဆောင်တွေ ဖြေရှင်းဖို့ အမေရိကန်က ထပ်မံ တိုက်တွန်း၊ မျိုးဗီဇကွဲ Delta ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ သြစတြေးလျနိုင်ငံမှာ တိုးလာနေတာကြောင့် နိုင်ငံရဲ့ အကြီးဆုံး မြို့ကြီးတွေမှာ အသွားအလာ ကန့်သတ်...more30minPlay
August 05, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၀၅-၂၀၂၁) - သြဂုတ် 05, 2021မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ ဒေသတွင်း COVID 19 ကြောင့် သေဆုံးမှု တတိယ အများဆုံး နိုင်ငံဖြစ်လာ၊ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့လအတွင်း စစ်တပ်က လူအစုလိုက် ညှဉ်းပန်းသတ်ဖြတ်တဲ့ဖြစ်ရပ်တွေရှိခဲ့တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ဆီ စာတစောင် ရေးသားပေးပို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအပေါ် ခြိမ်းခြောက်မှုတချို့ရှိနေတဲ့အတွက် အမေရိကန်အစိုးရက သူ့အတွက် လုံခြုံရေး တိုးမြှင့်ပေးထား... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။...more30minPlay
August 04, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၀၄-၂၀၂၁) - သြဂုတ် 04, 2021မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ကူညီဖြေရှင်းဖို့အတွက် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Erywan Yusof ကို အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ အထူးကိုယ်စားလှယ်အဖြစ် အတည်ပြု၊ မြန်မာနိုင်ငံမှာ ကိုဗစ် ကပ်ရောဂါနဲ့ မိုးရာသီ ရေကြီးမှုတွေ ကြုံနေရချိန်မှာပဲ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ဖြစ်နေတဲ့အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂ ပြော၊ မြန်မာပြည်တွင်းဘဏ်လုပ်ငန်းတွေမှာ နိုင်ငံခြားသားဝန်ထမ်းတွေကို အကန့်အသတ်နဲ့သာ ခန့်ထားဖို့ ဗဟိုဘဏ်က သတ်မှတ်လိုက်တာကြောင့် ဘဏ်လုပ်ငန်းတွေ ထိခိုက်လာနိုင်.... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။...more30minPlay
August 03, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၀၃-၂၀၂၁) - သြဂုတ် 03, 2021မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှု တတိယလှိုင်း အရှိန်မလျော့သွားဘဲ ဆက်လက် ဖြစ်ပေါ်နေဆဲ၊ မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်ကြီးတွေ အိမ်စောင့်အစိုးရ ဖွဲ့စည်းပြီး အာဏာဆက်လက် ချုပ်ကိုင်ထားဖို့ ကြိုးစားတဲ့လုပ်ရပ်ဟာ ကုလသမဂ္ဂနဲ့အဖွဲ့ဝင်နိုင်ငံတွေရဲ့ တောင်းဆိုချက်တွေကို မျက်ကွယ်ပြုပြီး ဆန့်ကျင်ဘက်လမ်းကြောင်းကို သွားနေတယ်လို့ ကုလသမဂ္ဂ ဝေဖန်၊ မြန်မာအပါအဝင် တောင်တရုတ်ပင်လယ်အရေးနဲ့ အခြားဒေသတွင်း အရေးကိစ္စတွေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ချက်ကို နိုင်ငံခြားရေးဝန်ကြီး Antony Blinken ပြောကြားမယ် ... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။...more30minPlay
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.