Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.
August 02, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၀၂-၂၀၂၁) - သြဂုတ် 02, 2021မြန်မာနိုင်ငံအရေး ကြားဝင်ညှိနှိုင်းမယ့် အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ အထူးကိုယ်စားလှယ်ခန့်ထားရေး အတည်ပြုပေးဖို့ မြန်မာနိုင်ငံကို အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး Retno Marsudi တိုက်တွန်း၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ဟာ အရှေ့တောင် အာရှနိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ မြန်မာ့အရေး အပါအဝင် ဒေသတွင်း ကိစ္စတွေ အွန်လိုင်းကနေ တွေ့ဆုံ ဆွေးနွေးမယ်၊ မြန်မာနိုင်ငံမှာ COVID 19 ကပ်ရောဂါ ကူးစက်မှုတွေနဲ့ နေရာအနှံ့ အကြမ်းဖက်မှုတွေ ကြုံတွေ့နေရတာကြောင့် လူသားချင်း စာနာမှု အကျပ်အတည်း ဘေးဒုက္ခ အခြေအနေ တရိပ်ရိပ် ဆိုးလာနေ.... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။...more30minPlay
July 30, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၃၀-၂၀၂၁) - ဇူလိုင် 30, 2021မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီဟာ ကိုဗစ်ကပ်ဘေးကို အသုံးချပြီး အတိုက်အခံတွေကို နှိမ်နင်းနေသလို၊ အာဏာ ပိုမို ခိုင်မြဲအောင်လုပ်နေတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူအများက စွပ်စွဲ၊ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ လူထုကျန်းမာရေး ပြဿနာကို ရင်ဆိုင်နိုင်အောင် အကူအညီပေးဖို့ ကြိုးပမ်းနေကြောင်း အမေရိကန် ပြော၊ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ မြန်မာနိုင်ငံမှာ အချိန်မီမတားဆီးနိုင်ရင်တိုင်းပြည်မှာရှိတဲ့ လူဦးရေရဲ့ တဝက်လောက် ရောဂါကူးစက်ခံရနိုင်ကြောင်း ဗြိတိန်နိုင်ငံ သတိပေး...more30minPlay
July 29, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၂၉ -၂၀၂၁) - ဇူလိုင် 29, 2021စစ်တပ်အာဏာသိမ်းထားတာ ၆ လနီးပါး ရှိလာနေပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဘေးဒဏ်ကိုလည်း ဆိုးဆိုးဝါးဝါး ဆက်ကြုံနေရဆဲ၊ ဒီ စစ်အာဏာသိမ်းပြီးနောက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေအတွက် ကုလသမဂ္ဂက သတိပေး၊ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းမှာ မုတ်သုန်မိုး ပြင်းပြင်းထန်ထန် ရွာသွန်းတဲ့အတွက် ရိုဟင်ဂျာဒုက္ခသည်တွေကို ဘေးလွတ်ရာ နေရာတွေဆီ ရွှေ့ပြောင်းပေး .... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။...more30minPlay
July 28, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၂၈-၂၀၂၁) - ဇူလိုင် 28, 2021မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကြိုးပမ်းမှုတွေမှာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီအကြီးအကဲ ပြောဆို၊ ဒီကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ နိုင်ငံရေး တည်ငြိမ်မှုရှိဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂက ပြောဆို၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် စစ်တပ်က ဖြိုခွင်းတဲ့ လုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီး Lloyd Austin ပြော... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။...more30minPlay
July 27, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၂၇-၂၀၂၁) - ဇူလိုင် 27, 2021ကိုဗစ် 19 ကပ်ရောဂါ တိုက်ဖျက်ရေးမှာ မြန်မာနိုင်ငံသားတွေ လိုအပ်နေတဲ့ ကာကွယ်ဆေးတွေ အပါအဝင် အကူအညီအထောက်အပံ့တွေ ပေးအပ်သွားမယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော၊ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးအကြီးအကျယ်ရွာပြီး ရေကြီးနေသလို ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းတွေလည်းထိခိုက်၊ မြန်မာနိုင်ငံ ရောဂါတိုက်ဖျက်ရေး အရေးပေါ် အကူအညီအဖြစ် ယူရို ၂ သန်း ပေးအပ်မယ့်အကြောင်း အီးယူ ဥရောပ ကော်မရှင် ကြေညာ.... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။...more30minPlay
July 26, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၂၆-၂၀၂၁) - ဇူလိုင် 26, 2021မြန်မာမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတိုးလာလို့ ရုံးပိတ်ရက် သက်တမ်းထပ်တိုး၊ မြန်မာနိုင်ငံမှာ ကိုဗစ်နဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းနိုင်တဲ့အကြောင်း ကမ္ဘာ့ဘဏ်ခန့်မှန်း၊ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ခံအဖြစ် ဦးထွန်းအောင်ကျော် ကိုခန့်အပ်ထားတယ်လို့ စစ်ကောင်စီက အတည်ပြု။...more30minPlay
July 23, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၂၃-၂၀၂၁) - ဇူလိုင် 23, 2021ရန်ကုန်မြို့ အင်းစိန်ထောင်ထဲမှာ ခွဲခြားဖိနှိပ်မှုတွေ ရှိနေသလို ကိုဗစ် 19 ရောဂါ ကူးစက်မှုတွေကိုလည်းမထိန်းချုပ်နိုင်တာကြောင့် အကျဉ်းသားတချို့ ဆန္ဒပြ၊ တရုတ်နိုင်ငံကလှုဒါန်းတဲ့ ကိုဗစ် 19 ရောဂါကာကွယ်ဆေးတွေ မြန်မာနိုင်ငံကို ရောက်၊ မြန်မာစစ်တပ်အတွက် တိုက်လေယာဉ်တွေနဲ့ လေ့ကျင့်ရေးလေယာဉ်တွေကို ထောက်ပံ့ဖို့ ဆက်လုပ်သွားမယ်လို့ ရုရှားဘက်က ပြော...more30minPlay
July 22, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၂၂-၂၀၂၁) - ဇူလိုင် 22, 2021မြန်မာနိုင်ငံ ကိုဗစ် 19 ရောဂါ ကာကွယ်ရေးနဲ့ ကုသရေးအတွက် အောက်စီဂျင်အိုး ၇၀၀၀ ကျော် အပါအဝင် တခြား ကျန်းမာရေးအသုံးအဆောင် ပစ္စည်းတွေကို နယ်စပ်ဂိတ်ကနေ တင်သွင်းခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဘယ်သူ့ကို လက်ခံမလဲ ဆိုတဲ့ကိစ္စမှာ ကုလသမဂ္ဂဘက်က ဆုံးဖြတ်ထားတာမျိုး မရှိသေးဘူးလို့ ကုလသမဂ္ဂ-အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရသူ Farhan Haq ပြော စသည့်...more30minPlay
July 21, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၂၁-၂၀၂၁) - ဇူလိုင် 21, 2021မြန်မာနိုင်ငံအတွင်း ကချင်ပြည်နယ်နဲ့ မကွေးတိုင်းဒေသတွင်းမြို့နယ်တွေမှာ ကိုဗစ်အတည်ပြုလူနာတွေ တိုးလာတာကြောင့် မြို့နယ်တချို့မှာ stay at home အစီအစဉ်ကို တိုးချဲ့ သတ်မှတ်၊ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး စစ်တပ်အပေါ် နိုင်ငံတကာက ဖိအားပေးရေးတောင်းဆိုနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖယ်ရှားဖို့ မြန်မာစစ်ကောင်စီ ထပ်မံကြိုးစားနေ၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ ၆၅ ယောက်ကို သေဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ထုတ်ပြန် .... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။...more30minPlay
July 20, 2021နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၂၀-၂၀၂၁) - ဇူလိုင် 20, 2021NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ဒီနေ့ ဇူလိုင်လ ၂၀ ရက်နေ့ မနက်ပိုင်းက ကွယ်လွန်၊ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံလူဦးရေ ထက်ဝက်လောက်ကို ကာကွယ်ဆေးထိုးပြီးဖို့ မျှော်မှန်းထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာန ပြော၊ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဒုတိယလေးလပတ်အတွင်း အလုပ်အကိုင်အရေအတွက် ၁.၂ သန်း ဆုံးရှုံးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO ပြော... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။...more30minPlay
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.